Subscribe:

Monday 22 October 2012

သီတင်းကျွတ်အလွမ်း

1
                                                                       အမေ....
အမေတို့ရွာ ၊ ခွဲထွက်ခွါ၍ပျော်
ရာမနေ ၊ တော်ရာနေရင်းလေး
သီတင်းတောင်ကျွတ်တော့မယ် ။

ငယ်စဉ်ရက်မြတ် ၊ သီတင်းကျွတ်လျှင်
ရွာစဉ်တစ်လျှောက် ၊ ပြေးခုန်ပေါက်၍
ဗျောက်အိုးဖောက်တမ်း ၊ မီးကျည်ပန်း
လည်းအဆန်းတကြယ် ပစ်ဖူးတယ် ။

မီးပုံးကြီးငယ် ၊ ရောင်စုံခြယ်၍ဘုန်းကြွ
ယ်မြတ်စွာ ၊ ၀တိံသာမှကြွလာခါကောင်း
 စိတ်ညွတ်ပျောင်း၍နှစ်ထောင်းမြိုင်မြိုင် ၊ 
သံချပ်တိုင်ကာတူပြိုင်ခြိမ့်ညံ ၊ မီးပုံးပျံလ
ည်းအာကာယံထဲ လွှတ်ဖူးတယ် ။

ကြက်သရေကြွယ် ၊ နတ်တို့နယ်မှ
မယ်တော်မိနတ် ၊ ကျေးဇူးဆပ်၍
လူ့ရပ်သို့ပြန် ၊ ကြွမြန်းဟန်နှင့်
ကာရံသင့်စွာ ၊ အမေ့ရွာဝယ်
ရွာလယ်လမ်းမ ၊ လမ်းဆုံခွ၌
ထွန်းကြမြိုင်မြိုင် ၊ ဆီမီးခိုင်လည်း
ရောင်ဆိုင်ယှက်အောင် လင်းဖူးတယ် ။

ရွာဦးဆရာတော် ၊ ထေရ်မြတ်မော်နှင့်
ကျေးဇူးတော်ရှင် ၊ ဖ, မိခင်နှင့်
ဂုဏ်အင်ကြီးမား ၊ ဘိုးဘွား, ဆရာ
ကန်တော့ပါသော် ၊ ငါတို့သားလေး
ဘယာဝေးစေ ၊ အစခြွေသည့်
ထွေထွေထူးဆန်း ၊ ဆုမြတ်ပန်းလည်း
အဆန်းတကြယ် ပန်ဖူးတယ် ။

သန်းခေါင်ကျော်မူ ၊ ခြိမ့်သဲဆူ၏ 
 
သူငယ်ချင်းကောင်း ၊ ရောင်းရင်းပေါင်းနှင့်
နှစ်ထောင်းကြည်ရွှင် ၊ လရောင်ပြင်ဝယ်
ခေါ်ငင်စုရုံး ၊ တစ်ပြုံးပြုံးနှင့်
မုန့်လုံးရေပေါ် ၊ တူပျော်ပျော်လည်း
အဖော်များနှင့် စားဖူးတယ် ။

အမေ-
အမေတို့ရွာ ၊ ခွဲထွက်ခွါ၍
ပျော်ရာမနေ ၊ တော်ရာနေရင်း
လေးသီတင်းတောင်ကျွတ်တော့မယ် ။
                                                               (အမေ့ရွာသို့ အမှတ်တရ)
                  အရှင်ဝိသာရဒ (ရမ္မာဝတီ)

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *