Subscribe:
Monday 22 October 2012
*~~~တန်ဘိုးရှိရှိနေမယ်~~~*
 သဘောထားမှန်တဲ့ သူရဲ့စိတ်ဟာ တည်ငြိမ်နေတယ်။
သဘောထားမှန်တဲ့ သူရဲ့စိတ်ဟာ အေးချမ်းနေတယ်။
နိမ့်ကျခြင်း မြင့်မားခြင်း၊ ဂုဏ်ရှိခြင်း ဂုဏ်မရှိခြင်းကြောင့်
သူ့ မှာပျာယာခတ်ခြင်း ဆိုတဲ့တရားမရှိဘူး...။
လောကကြီးမှာအရေးကြီးတာ ကိုယ်ကျင့်တရားပါ ဂုဏ်မဟုတ်ပါဘူး။
ဂုဏ်ရှိတယ် ကိုယ်ကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်တွေအများ
ကြီးပါ။
ဒီလိုပဲ ငွေရှိတယ် ကိုယ်ကျင့်တရားမကောင်းဘူး... ဒီလိုပုဂ္ဂိုလ်တွေလည်းအများကြီးပါပဲ။
လောကမှာအရေးကြီးတာ ကိုယ်ကျင့်တရားပါ။ ငွေမဟုတ်ပါဘူး...။
တည်တည်တံ့တံ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခြင်းဆိုတာ
အသိဥာဏ် အဆင်အခြင်ပါတဲ့ဆက်ဆံရေး, သဘောထားမှန်တဲ့ဆက်ဆံရေးပဲဖြစ်တယ်။
ဒီလိုဆက်ဆံပါမှ မိမိသူတပါး နှစ်ဦးသားလုံးချမ်းသာမယ်။
ဓမ္မနဲ့ လျှော်တဲ့ဆက်ဆံရေးလည်းဖြစ်မယ်။
သာသနာဆိုတာ ဘုရားရှင်ရဲ့အဆုံးအမကိုခေါ်တော့ ဘုရားရှင်ဆိုတဲ့အတိုင်း
ဆိုဆုံးမနေတဲ့သူတွေကိုသာလျှင် သာသနာပြုပုဂ္ဂိုလ်လို့ ခေါ်နိုင်တာပါ။
လူဆိုတာလူလိုနေမှလူဖြစ်နိုင်မယ်။
မျှမျှတတကျင့်ခြင်းဆိုတာ တိရစ္ဆာန်လောကမှာမရှိဘူး။
သမာသမတ်ကျကျ ကျင့်ခြင်းဆိုတာလည်း တိရစ္ဆာန်လောကမှာမရှိဘူး။
 နိုင်ရာစားလောကလို့ သာဆိုရမယ်။ လူ့ လောကမှာလည်း မျှမျှတတကျင့်ခြင်းတွေ
အားနည်းလာတယ်။ သမာသမတ်ကျကျ ကျင့်ခြင်းတွေအားနည်းလာတယ်။
လူသားအချင်းချင်း တဦးကိုတဦး တဖွဲ့ ကိုတဖွဲ့ အင်အားသုံး အနိုင်ကျင့်မူ့ တွေ
အားကောင်းလာတယ်။ ကြီးနိုင်ငယ်ညှင်းပြုတာတွေ တရားနဲ့ အညီမကျင့်တာတွေများလာတဲ့
လူ့ လောကကြီးဟာ ဘယ်လိုလောကကြီးဖြစ်လာပြီလဲ။
လူ့ လောကကြီးမှာလူ့ စရိုက်တွေပျက်စီးလာသလို
သဘောထားမမှန်မူ့ တွေအားကောင်းလာတယ်။
သည်းခံခြင်းရှိပါမှ စောင့်စည်းခြင်းရှိပါမှ လူ့ ဂုဏ်မြောက်မယ်။
လူဆိုတာ ခွှင့်လွှတ်ခြင်း ညှိနှိုင်းခြင်းရှိရမယ်။ မျှဝေခံစားတတ်ရမယ်။
စွှန့် လွှတ်ခြင်း မျှမျှတတကျင့်ခြင်းဆိုတဲ့ဂုဏ်ကို တန်ဘိုးထားမှ လူဖြစ်မယ်။
 အဆုံးမသတ်နိုင်တဲ့ခေတ်ပညာတွေနောက်အမှီလိုက်ဖို့ ကြိုးစားခြင်းဆိုတာ
ကိုယ့်ကိုယ်ကိုညှင်းပမ်းနှိပ်စက်တာနဲ့ သိပ်တူတယ်။ လုပ်သင့်တာလုပ်ဖို့ အသိဥာဏ်မဲ့သွားစေတဲ့
နေထိုင်မူ့ ဖြစ်သလို အဆုံးမသတ်နိုင်တဲ့ဒီပညာရပ်တွေကြောင့် ချမ်းသာမူ့ ကိုမရကြဘူး...။
အလိုပြည့်မူ့ ဖြစ်မလာဘူး။ အလိုမပြည့်မူ့ ဆင်းရဲနဲ့ သာမိတ်ဆွေဖွဲ့ ခွှင့်ရကြတယ်။
အလိုမပြည့်နိုင်တဲ့ကာမဂုဏ်တွေ အဆုံးမသတ်နိုင်တဲ့ပညာတွေကိုသိဖို့ လိုပါတယ်။
သိပါမှလည်း ဘ၀ကိုတန်ဘိုးရှိရှိနေခွှင့်ရနိုင်မယ်။
အဆုံးအပိုင်းအခြားမရှိတဲ့အရာကိုအားထုတ်ရင် အဆုံးဆိုတာကိုမသိနိုင်ဘူး။
အဆုံးမရှိတဲ့ခရီးကိုလျှောက်ရင် အဆုံးကိုမရောက်နိုင်ဘူး။
ပန်းတိုင်မရှိတဲ့ခရီးဟာပဲ့မပါတဲ့လှေလိုပဲ လွင့်ချင်ရာလွင့်ပြီး မြောချင်ရာမြောနေမှာပဲ။
ပန်းတိုင်ရှိတဲ့ ဦးတည်ရာသိတဲ့ ဘ၀ခရီးသည် ဖြစ်ဖို့ အဆုံးအပိုင်းအခြား ထင်ရှားရှိတဲ့
စိတ်ပိုင်းဆိုင်ရာ တိုးတက်မူ့ ခရီးစဉ်ကိုစတင်ကြရတယ်။
စိတ်ပိုင်းဆိုင်ရာတိုးတက်မူ့ ခရီးစဉ်ကိုစတင်ခြင်းဆိုတာ သူတော်ကောင်းတရားကိုကျင့်တာပါ။
 ငြိမ်းချမ်းတဲ့လောကကြီးတခုဖြစ်လာဖို့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မူ့ အဓိကလိုအပ်တယ်။
ရုပ်ဝတ္တုတိုးတက်မူ အတွက် လောဘ ဒေါသ မောဟ က္ကဿာ မစ္ဆရိယ မာန်မာနတရားတွေကို
မိတ်ဆွေဖွဲ့ ပြီးခရီးဆက်ကြရ ပြိုင်ဆိုင်ကြရတယ်။
 လောဘတွေသိပ်ကြီးလာရင် လူစိတ်ပျောက်ကုန်တယ်။
 ဒေါသတွေသိပ်ကြီးလာရင် အသိဥာဏ်မရှိတဲ့ တိရစ္ဆာန်တွေနဲ့ တူကုန်တယ်။
လူနဲ့ တိရစ္ဆာန်ကိုခွဲခြားပေးတာ အသိဥာဏ်ပါ။
ကိုယ့်ရဲ့ဘ၀ကို အသိဥာဏ်နဲ့ ချွန်းအုပ်ပြီး မနေထိုင်နိုင်ရင် တိရစ္ဆာန်နဲ့ လူမကွဲတော့ဘူး...။
အပေါ်ယံဆက်ဆံတတ်တဲ့သူတွေကိုတွေ့ ရင် သဘောထားပြောင်းစေလိုတဲ့ဆန္ဒတွေဖြစ်မိတယ်။
ဒီလိုပုဂ္ဂိုလ်တွေမှာ လေးနက်တဲ့သဘောထားမရှိဘူး။ လေးနက်တဲ့အနေအထိုင်မရှိဘူး။
ဘယ်လှေကို ဘယ်လှော်တက်နဲ့ လှော်ရမလဲ ဒါတော့ကျွမ်းကျင်သလိုရှိတယ်။
အဲဒီကျွမ်းကျင်မူ့ မှာ ရိုးသားမူ့ တည်ကြည်မူ့ ပါမယ်ဆိုရင်သိပ်ကောင်းမယ်။ ရိုးသားမူ့ တည်ကြည်မူ့ 
မပါတော့ ပညာရှိသူတော်ကောင်းတွေ မမွေ့ လျှော် မဖတ်ရူ့ လိုတဲ့ စာပေါ့တွေလိုပဲ
မမှီဝဲအပ်သူအဖြစ် သတ်မှတ်လစ်လျှူရူ ပစ်ပယ်မူ့ ကိုခံကြရတယ်။
လေးနက်တည်ကြည်မူ့ မပါတဲ့ အပေါ်ယံဆက်ဆံတတ်သူတွေဟာ 
တဖက်သားအပေါ် တကယ်လေးစားမူ့ မရှိဘူး။
 လေးစားယောင်တော့ဆောင်ကြတယ်။
သူတို့ ရဲ့ချဉ်းကပ်မူ့ မှာ သူတို့ ရဲ့ကျွမ်းကျင်မူ့ ကို အသုံးတော်ခံလိုတာကပိုများတယ်။
ဒီလိုလူတွေ မိမိထံကထွက်ခွာသွားရင် စိတ်ထဲစနိုးစနောင့်ဖြစ်ပြီးကျန်ရစ်ခဲ့တယ်။
တည်ကြည်မူ့ မပါတဲ့ အပေါ်ယံဆက်ဆံမူ့ ပုံစံနဲ့ လည်ဝယ်သူဖြစ်တာ အလိုမရှိအပ်ဘူး။
ဥာဏ်ယှဉ်တဲ့ဆက်ဆံရေး, သိက္ခာရှိတဲ့ဆက်ဆံရေး, 
တဖက်သားရဲ့စိတ်နှလုံးကို ခွန်အားဖြစ်စေတဲ့ဆက်ဆံရေး, 
တည်ကြည်တဲ့ဆက်ဆံရေး, လေးနက်တဲ့ဆက်ဆံရေး,
လေးစားမူ့ ပါတဲ့ဆက်ဆံရေးမျိုးကိုသာ အလိုရှိအပ်တယ်။
လေးလေးနက်နက်နေထိုင်ချင်တယ်ဆိုရင်
အဓိပ္ပာယ်မရှိတဲ့ တန်ဘိုးမရှိတဲ့ အနှစ်သာရမရှိတဲ့
ပြောဆိုဆက်ဆံ ပြုမူတဲ့ပုံစံတွေကို ရှောင်ရှားရတော့မယ်။
အချိန်တွေသိပ်နည်းနေတယ်။
အနှစ် ၃၀ လွန်သွားတာ ရေရေရာရာနဲ့ တွက်လို့ မရတော့ဘူး၊
အနှစ် ၆၀ လွန်သွားတာ ရေရေရာရာနဲ့ တွက်လို့ မရတော့ဘူး၊
အချိန်တွေကုန်သွားတာခဏလေးပဲ။
*စိတ္တံ ဒန္တံ သုခါဝဟံ*
ယဉ်ကျေးတဲ့စိတ်ဟာ ချမ်းသာခြင်းကိုရွက်ဆောင်တယ်...။
*
*
*
ဆရာတော်အရှင်ရေ၀တ(ဖားအောက်တောရ)
ဟောကြားရေးသားတော်မူသော "တန်ဘိုးရှိရှိနေမယ်"
တရားစာအုပ်မှ  ဓမ္မဒဿနများကို ကောက်နှုတ်၍မျှဝေပါသည်။
(ဒီပိုစ့်လေးကိုရေးထားခဲ့တာ ရက်ပေါင်းအတော်ကြာပါပြီ
အလုပ်တွေများနေတာလည်းတကြောင်း နေလို့ မကောင်းတာလည်းတကြောင်းနဲ့ 
အခုမှပဲမျှဝေဖြစ်ပါတယ်...။)
1 comment:
  1. လာလည်​ပြီးဖတ်​သွားပါတယ်
    တန်​ဖိုးရှိတဲ့စကားစု​တွေ
    အား​ပေးလျှက်​ပါ
    ReplyDelete
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "
" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪
အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်
###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *