Subscribe:

Sunday 21 October 2012


ငါ့ကိုအထင်မကြီးပါနဲ့ ငါ့ကိုအတုယူပါ။ တိုင်းပြည်ကိုချစ်ပါ ဘာသာကိုမြတ်နိုးပါ လူမျိုးကိုလေးစားပါ အစဉ်အလာကိုထိမ်းသိမ်းပါ။။(ဗိုလ်ချုပ်)
   
တစ်နေ့ကစာရေးသူအပါအ၀င် မြန်မာအမျိုးသမီးတစ်ယောက်က ဆွမ်းစားပင့်လို့  ကန္ဒီမြန်မာကျောင်းကိုသွားဖြစ်ပါတယ်။ သူကတော့ အမြဲတမ်းလိုလိုဆွမ်းကပ်ပင့်လေ့ရှိပါတယ်။ မြန်မာအစားအစာဘုဉ်းပေးချင်တယ်ဆိုရင်လဲ သူ့ဆီသာဖုန်းဆက်လိုက်အချိန်မရွေး ချက်ကပ်လေ့ရှိပါတယ်။ အခုပြောချင်တာက အဲဒီကျောင်းမှာတွေ့ဖြစ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူက 
ဒီနိုင်ငံသားနှင့်အိမ်ထောင်ကျနေတယ်ပေါ့။ အဲဒါနဲ့ပက်သက်ပြီး ဆွမ်းစားလို့အပြီးမှာပဲ ဦးဇင်းတစ်ပါးက ဘာထပြောလဲဆိုတော့ “ဒီကုလားတွေကွာ  တို့မြန်မာအမျိုးသမီးတွေကိုပဲ မ မ သွားတယ်၊ တို့က မ ရတယ်လို့ကိုမရှိဘူး”တဲ့။ သူပြောချင်တာက မြန်မာအမျိုးသမီးတွေကိုပဲ ကုလားကယူယူသွားတယ်ပေါ့၊ မြန်မာလူမျိုးက ကုလားမကိုယူရတယ်ဆိုတာမရှိဘူးလို့ပြောချင်တာပါ။ ဒီနိုင်ငံသားကုလားက ဗုဒ္ဓဘာသာဖြစ်နေတော့ မဆိုးဘူးလို့ပဲပြောရမှာပေါ့။(Complexion က မည်းနေသောကြောင့်သာကုလားလို့အမည်ပေးလိုက်တာပါ။)  အဓိကကတော့ တစ်ခြားသော ဗုဒ္ဓဘာသာမဟုတ်သောသူများကို မိမိကအိမ်ထောင်မပြုမိဖို့ပါ။ မိမိရဲ့အမျိုးအနွယ်ကိုစောင့်ထိန်းသွားတတ်ဖို့သိပ်အရေးကြီးပါတယ်။  တစ်ခြားသောဘာသာခြားတွေက မြန်မာလူမျိုးတွေကိုဝါးမျိုးဖို့ချောင်းနေတာပါ၊ ဗုဒ္ဓဘာသာမဟုတ်သောဘာသာခြားများကိုပြောချင်တာပါ။ ဘယ်လိုချောင်းနေလဲဆိုတာလေးကိုပြောပြပါဦးမယ်။ ပိုပြီးရှင်းအောင် ပုံပြင်လေးဆောင်၍ပေါ့။
တစ်ခါတုန်းက ၀ံပုလွေနှင့် သိုးငယ်တို့ ချောင်းငယ်တစ်ခုတွင်ရေသောက်နေရာ ရန်စလိုသော ၀ံပုလွေတစ်ကောင်ကစပြောတယ်။ ရေစီးနေသော ချောင်းငယ်တစ်ခုတွင် ၀ံပုလွေက အထက်ဘက်ကရေသောက်နေတယ်။ သိုးငယ်တစ်ကောင်က အောက်ဘက် အတန်ကွာတွင် ရေသောက်နေပါတယ်။ ၀ံပုလွေက သိုးငယ်ကို စားချင်၍ သည်အတိုင်းသတ်စားလျှင် မတရားဖြစ်မည်စိုးသောကြောင့် ရန်စရှာလိုက်ပါတယ်။
ဝံပုလွေ” ဟေ့ သိုးငယ်၊ မောင်မင်းဟာ ငါရေသောက်နေတုန်းမှာ လာပြီးမွှေနှောက်လို့ ငါရေနောက်ကို သောက်နေရတယ်”။
သိုးငယ်”ရေဟာ အထက်ဘက်အရှင့်ဆီက အောက်ဘက်ကျွန်တော့ဆီကို စီးနေတာဖြစ်လို့ ကျွန်တော့်ကြောင့် အရှင်ရေမနောက်နိုင်ပါ”
ဝံပုလွေ” ဒါဖြင့် မောင်မင်း၊ မနှစ်က ငါ့ကို ဆဲတယ်လို့ ကြားတယ်”။
သိုးငယ်”ကျွန်တော် မနှစ်က မမွေးသေးပါ၊ ယခုမှ (၃)လသားရှိပါသေးတယ်”
ဝံပုလွေ”ဒါဖြင့် ဆဲတာဟာ နင်မဟုတ်ရင် နင့်အဖေဖြစ်မှာပဲ။ ဘာပဲဖြစ်ဖြစ် နင်တို့တွေဟာ အတူတူပဲ” ဆို၍ သိုးငယ်ကို သတ်ဖြတ်ကိုက်စားလိုက်ပါတော့တယ်။
ဒီနေရာမှာပြောချင်တာက တစ်ခြားသောဘာသာခြားတွေက မြန်မာလူမျိုးတွေကို အဲဒီလိုမတရားတဲ့နည်းတွေနဲ့ အသုံးပြုပြီးယူယူသွားတယ်လို့တော့မပြောချင်ပါဘူး။ အကယ်၍ သူတို့က ဒီလိုနည်းတွေဖြင့်ရန်စလာတယ်ဆိုရင်တောင် မိမိဘက်က ကာကွယ်နိုင်စွမ်းရှိဖို့ပါ။ မြတ်ဗုဒ္ဓက- သူတစ်ပါးဘာသာကို ကဲ့ရဲ့၊ ရှုတ်ချပြီး ကိုယ့်ဘာသာကို ချီးမွမ်းခြင်းသည် ကိုယ့်ဘာသာကို သေတွင်းထဲပို့လိုက်တာနဲ့တူတယ်လို့ ကေသမုတ္တိသုတ်မှာဟောထားပါတယ်။ ဒါကြောင့် ဒီနေရာမှာ သူတစ်ပါးဘာသာကိုအပြစ်ပြောခြင်းမဟုတ်ပါ၊ မိမိဘာသာကို မိမိကိုယ်တိုင်း Maintain လုပ်သွားဖို့ပါ။  အဲဒီတော့ မိမိပတ်ဝန်းကျင်မှာ အမြင်မတော်တာတွေ့ရှိပါက လမ်းပြသွားဖို့ပါ။ ကိုယ်က ငါ့သားသမီးမဟုတ်ဘူး၊ငါ့မိတ်ဆွေသူငယ်ချင်းမဟုတ်ဘူး၊ ငါနဲ့မသိဘူး၊ ငါနဲ့လဲမဆိုင်ဘူးဆိုပြီး ကိုယ့်လူမျိုးအချင်းချင်းပြစ်မထားပါနဲ့၊ စွမ်းနိုင်သလောက်ကူညီပါ။ စွမ်းနိုင်သလောက်တားမြစ်ပါ။ အဲဒီလိုမှမလုပ်ဘူးဆိုရင် မြန်မာလူမျိုးအမြစ်ပါပြုတ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိက တစ်ခြားသောဘာသာဝင်တစ်ယောက်ကို convert ဖြစ်အောင်မလုပ်နိုင်ရင်တောင် မိမိကတစ်ခြားသောဘာသာဝင်အတွက် convert မဖြစ်သွားဖို့ပါ။ မိမိဘာသာကို တန်ဖိုးထားပါ၊ စောင့်ရှောက်ပါ၊ ချစ်မြတ်နိုးပါ။ ဗုဒ္ဓဘာသာသည် Freedom ဖြစ်တယ်၊ Fearless ဖြစ်တယ်၊ Fair ဖြစ်တယ်။ တစ်ခြားသောဘာသာတွေနဲ့မတူပါဘူး၊စာဖတ်သူကိုယ်တိုင်နိုင်ယှဉ်ကြည့်တတ်ဖို့ပါ။ ဒီလောက်ဆိုရင် မိမိဘာသာကို ဘယ်လိုတန်ဖိုးထားရမလဲ၊ ဘယ်လိုချစ်မြတ်နိုးရမလဲ၊ ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ မိမိရင်ထဲမှာအမြဲတမ်းထည့်ထားလိုက်ပါ။  စာဖတ်သူအားလုံး အမျိုးဘာသာ, သာသနာကိုတန်ဖိုးထားတတ်ပါစေ..တန်ဖိုးထားသည့်အလျောက်စောင့်ရှောက်နိုင်ပါစေ…. စောင့်ရှောက်သည့်အလျောက်တိုးတက်သွားအောင်လုပ်ဆောင်နိုင်ကြပါစေ….
 ကိုယ့်လူမျိုးကိုချစ်ပါ၊ ကိုယ့်ဘာသာကိုတန်ဖိုးထားပါ၊ မြတ်နိုးပါ။ 
လပြည့်ဝန်း ဘုန်းဘုန်းဆိုက်လေးမှ ပြန်လည်မျှဝေပါသည်၊

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *