Subscribe:

Thursday 18 October 2012

{ Gtalk မှာ မိမိ နာမည် မကျန်ခဲ့စေချင်ရင် }


ကျွန်တော်တို့ Gtalk သုံးတဲ့ အခါမှာ တော်တော် များများကတော့ အင်တာနက်ဆိုင်မှာသုံးတာ များပါတယ်။အခုတင်ပြတဲ့ နည်းကတော့ အင်တာနက်ဆိုင်မှာ မိမိရဲ့ Gtalk Address တွေ မကျန်ခဲ့စေအောင် သုံးတဲ့ နည်းလေပါ။မိမိ Gtalk မ၀င်ခင် မိမိရဲ့ ရှေ့က ဘယ်သူတွေ Gtalk ၀င်သွားလည်း၊ သူတို့ရဲ့ Gtalk Address တွေက ဘာနာမည်လဲ ဆိုတာ သိချင်ကြပါလိမ့်မယ်။နောက်တစ်ခုက မိမိ Gtalk ဝင်ခဲ့ရင်လည်း မိမိ Gtalk Address ကို သူများတွေ မသိအောင် ဘယ်လိုဖျက်မလဲ ဆိုတာတင်ပြပေးချင်ပါတယ်။ သူများ သိတော့ ကိုယ့်အကောင့်ကို Invite လုပ်မှာပေါ့။ အဲဒီတော့ စက်ထဲမှာ မိမိ Address မကျန်ရအောင် ရည်ရွယ်ရေးသားပါတယ်။
 ပထမ စလုပ်ရအောင်

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။( သို့မဟုတ်) Window+R ကို တွဲဖိပါ။
၂၊ Run Box ကျလာပါက Regedit ကို ရိုက်ထည့်ပေးပါ။ Box ကျလာပါလိမ့်မည်။
၃။ ထို Box ထဲတွင် Folder 5 ခုကိုတွေ့ပါလိမ့်မည်။ ထို Folder ၅ ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကို နှိပ်ပါ။ List ကျလာပါလိမ့်မည်။
၎။ Software ရှာပါ။ တွေ့ပါက Software ဘေးရှိ + ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။
၅။ Google ကိုရှာပါ။ တွေ့ပါက Google ဘေးရှိ + ကို ဆက်နှိပ်ပါ။ List ကျလာပါမည်။
၆။ Google Talk ကို ရှာပါ။ တွေ့ပါက Google Talk ဘေးရှိ + ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။
၇။ Account နှိပ်ပါ။ Gmail Address များကို တွေ့ရပါလိမ့်မည်။ အကယ်လို့ မိမိ Gtalk ၀င်ခဲ့တယ် ဆိုရင်တော့ မိမိ Gmail Address နာမည်ပေါ်နေပါလိမ့်မည်။ ဖျက်လိုပါက မိမိ နာမည်ပေါ်တွင် Right Clip နှိပ်၍ Delete ကို နှိပ်လိုက်ပါ။ Name/Type/Data တို့ အောက်ကျန်နေခဲ့ပါက Name အောက်ရှိ ဘေးပေါ်တွင် Right ကလစ်နှိပ်၍ Delete ကို နှိပ်ပေးပါ။

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *