Subscribe:

Tuesday 5 March 2013

မှတ်မှတ်ရရ စကားစုလေးများ


လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။
 

ပျံသန်းခွင့်.........ပေးလိုက်ပါ။

သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင်  မြန်မြန်လုပ်။

ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။

တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။

တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။

သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။

ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။

ဘ၀ရဲ့ ဒဿန စကားစုများ


ဘ၀ဆိုတာ တံခါးတစ်ချပ်ဖြစ်တယ်။
တံခါးရဲ့ သစ်သားဘောင်ပေါ်မှာ ထွင်းထုထားတဲ့
ကနုတ်ပန်းအပြောက်အမွှန်းတွေ .... ပန်းပုရုပ်လုံးတွေကို
ငေးကြည့်ရင်မောနေစရာမလို....
အဓိပါယ်ဖွင့်ဆို တွေးတော တွေဝေနေစရာမလို ...

ငါတို့ လုပ်ရမယ့် အလုပ်က အဲ့ဒီတံခါးကို တွန်းဖွင့်ဝင်သွားဖို့ပဲ ဖြစ်တယ်။

-------------------------

ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင် ကျနေတယ်...
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
မှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှ မပြောင်းလဲ သွားပါဘူး။

လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ် ....
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။

လောကကတော့ ဘာမှ မပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း-အမှောင်ကို ထွန်းညှိနေတာပါ။

အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ 


အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေးထား လိုက်နာပါ
=========================================================

* ဘာလုပ်လုပ် အောင်မြင်မယ်လို့  ယုံကြည်စိတ် အပြည့် ထားပါ။

* ကိုယ့် ကိုကိုယ် အားကိုးပါ။

* သူ့ တစ်ပါးအမှား ကို သင်ခန်းစာယူပါ။

* ဘယ်သူ့ ဆီကမှ အလကား မလိုချင်ပါနဲ့ ။

* ကူညီပေးကမ်း လှူဒါန်းချင်စိတ် အမြဲ ရှိပါ။

* ရေရှည်အတွက် တွေးပြီး အလုပ်လုပ်ပါ။

* ကိုယ့် ရဲ့  အားနည်းချက် အားသာချက်ကို အမြဲတမ်း ဆန်းစစ်ပါ။

* ကိုယ့် ကျင့် သိက္ခာနဲ့  ပက်သက်လာရင် ဘယ်တော့ မှ အပေးအယူ မလုပ်ပါနဲ့ ။

* အချိန်ရဲ့  တန်ဖိုးကို သိပြီး အချိန်ကို မဖြုန်းမိပါစေနဲ့ ။

* ဘာပဲလုပ်လုပ် ဇွဲလုံ့ လ ၀ီရိယရှိပါစေ။

* မိတ်ဆွေ ကောင်းတွေကို တန်ဖိုးထားပါ။

* ချိုသာပျူငှာ စွာ ဆက်ဆံတတ်ပါစေ။

* လောကကို အကောင်းမြင်စိတ်ရှိပါ။

* မိမိဘ၀ အတွက် ခွန်အားဖြစ်စေတဲ့  စာအုပ်မျိုးစုံကို အချိန်ပေးဖတ်ပါ။

  မှတ်ချက် - ဆရာ ကောင်းသန့် ရဲ့  သမီးလေး ဖတ်ဖို့  စာအုပ်လေးမှ
ဖတ်ခဲ့ ရတာလေး ကို ပြန်လည် ရေးသားခြင်း ဖြစ်ပါသည်။

Monday 4 March 2013

”“ ကိုယ်ကျင့်တရား "

ဒီကမ္ဘာမှာ  ကျနော်ဟာ  အပျော်ရွင်ဆုံး လူတစ်ယောက်ပေါ့ဗျာ။

 ဘာလို့လဲဆိုတော့  ကျနော်မှာ လိမ္မာယဉ်ကျေးတဲ့ ချစ်စဖွယ် ချစ်သူလေးတစ်ယောက်ရှိတယ်လေ။ 
ကျနော်နဲ့ ကျနော့် ချစ်သူလေးဟာ ချစ်သူတွေ အဖြစ်နဲ့  တနှစ်တာကာလကို  ဖြတ်သန်းပြီတဲ့ အခါ
မှာတော့ လက်ထပ်ဖို့  ဆုံးဖြတ်လိုက်ကြတယ်။ အဲ.. အစစ အဆင်ပြောချောမွေ့နေတဲ့ ကျနော့်ကို 
ဒုက္ခပေးနေတာ တစ်ခုတော့ရှိတယ်ဗျ ၊ အဲဒါကတော့ .. ကျနော့်ချစ်သူရဲ့ ညီမလေးပေါ့ဗျာ။ သူက 
အသက်က ၂၀ ကျော်ကျော်လေးရယ် ။ လှပကျော့ရှင်းတယ် ၊ ဆွဲဆောင်မှုရှိတယ် ၊ ပွင့်လင်း ရဲတင်း
တယ် ၊ 


   ပြီးတော့  ၀တ်လိုက်ပြန်ရင်လဲ  ကိုယ်ကျပ်အင်္ကျီးနဲ့  စကပ်တိုတိုနဲ့ ၊ အိမ်မှာနေရင်းဆိုရင်တော့ဗျာ
ကိုယ်ကျပ်အကျီကို ၀တ်တာက  အတွင်းခံ ဘရာစီယာတောင် မပါဘဲဝတ်တာဗျ။ သူတို့ အိမ်ကို သွား
လည်တိုင်း မြင်နေရတာ ။ မခက်လားဗျာ။ 

Sunday 3 March 2013

```` ဘ၀အတွက် ထမင်းစားလက်မှတ် "

 တိုင်းပြည်တစ်ပြည် တိုးတက်ရန် နိုင်ငံရေး ။ စီပွားရေး ၊ ပညာရေးတို့သည်  အဓိက အရေးကြီင်္း
 သော အခြေခံ အကြောင်းတရားများဖြစ်သည်။ 

မိဘဘိုးဘွားဘီဘင် လက်ထက်မှစ၍ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်းခဲ့သော  ဘာသာရေး၊ လူမှုရေးနှင့် ဆက်နွယ်သည့် နီတိဆိုင်ရာ  ယဉ်ကျေးမှုဆိုင်ရာ  အသိအလိမ္မာတို့သည်  မိမိထံ
သို့ အလိုအလျောက်စိမ့်ဝင်ရရှိအပ်သော မိရိုဖလာ အသိညဏ် ပညာရေးဖြစ်ပါသည်။  ကျောင်း
သွား၍  သင်ကြားနေရန်မလိုပဲ ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြားမှာပင် ရနိုင်ပါသည်။ 

ထိုမှတဆင့်  လူမှန်းသိလာသည့်အရွယ်မှ စတင်၍ ကျောင်းအတန်းသင်ပညာကို  သင်အံလေ့ကျင့် ဆည်းပူးရပြန်ပါသည်။ ကျောင်းသင်ပညာရေးသည် ဘ၀၀မ်းကျောင်းမှုအတွက် အလွန့်အလွန် အရေး
ကြီင်္းပါသည်။ 

မူလတန်းပညာရေးသည် အခြေခံအုတ်မြစ်ချခြင်းဖြစ်၍ ၊ အလယ်အတန်းပညာရေးသည် အဆောက်အ
ဦးခိုင်မာအောင်  ကိုယ်ထည်ဆောက်ခြင်းဖြစ်ကာ  အထက်တန်းအဆင့်သည် အရေးကြီးသည့် အမိုးအ
ကာ အချိုးအစားလှပပြေဖြစ်အောင်တည်ဆောက်ခြင်းဖြစ်သည်။ တက္ကသိုလ်ပညာများ သင်ကြား တတ်
မြောက်ခြင်းသည်  အိမ်ကို မှန်ကာ ၊ ဆေးသုတ်၊ တယ်လီဖုန်းတပ်၊ တီဗွီဆင် ၊ စလောင်းတပ်ခြင်းဖြစ်
ပါသည်။  တကယ်တက္ကသိုလ် ပညာကောင်းကိုရရှိခဲ့ပါက  တစ်သက်စာတည်ငြိမ်ခိုင်ခန့်သော  ပြည့်စုံ
ကုံလုံ စိတ်ချမ်းသာမှုများကို  ပေးစွမ်းသော  လိုတရ အဆောက်အဦးကြီးကို တည်ဆောက်ပြီး ဖြစ်ပါ
လိမ့်မည်။ 

Friday 1 March 2013

ဘ၀တစ်ခုရဲ့ ရလဒ်

လူ့ဘ၀ဆိုတဲ့  

မဖြောင့်မတ်ခြင်းရဲ့ 

ခေါင်းစဉ်အောက်က 

လမ်းလွဲတွေထဲ 

တောမကျွမ်းပဲ 

အမဲဖမ်းဖို့ ကြိုးစားမိခဲ့တော့ 

အသည်းကွဲ ညတွေလည်း ရှိခဲ့ရဲ့ .မေမေ့.. ။



ယောင်္ကျားဆိုတဲ့  အတ္တတစ်ခုတည်းနဲ့ 


ငှက်တစ်ယောက်လို   ပျံသန်းခဲ့ပေမယ့် 

အညှိးအတေးတွေ ကြီးမားတဲ့ 

မြို့ပြရဲ့ နေ့ရက်တွေဟာ  

ရိုးသားတဲ့  မေမေ့ သားကို  

နာကျင်ခြင်းများနဲ့  ရစ်ဖွဲ့ထားခဲ့ပြီ မေမေ့ ။

မေမေ.. မေမေ.. မေမေ....
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *