Subscribe:

Sunday 21 January 2018

ဒီဇင်ဘာ (၃၁) အချုပ်အချာ အာဏာ ကျဆုံးခြင်း


☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ဒီဇင်ဘာ (၃၁) အတွက် ----ကျေးဇူးပြု၍ ကျော်မသွားစေချင်ပါ...
ဗမာတို့သည် ရခိုင်တို့ အပေါ် ဆင်နွဲခဲ့သော အမျိုးဖြုတ် သမိုင်း မှတ်တမ်း အကျဉ်း ရခိုင်လူမျိုးတို့သည် ဗမာ တို့၏ ကျူးကျော် စစ်ကို (၄၅) ရက် တိုင်တိုင် ခုခံ တိုက်ခိုက်ပြီးနောက် (၁၇၈၄)ခု ဒီဇင်ဘာ (၃၁) ရက်နေ့တွင် ရခိုင်ပြည်ကြီး နှင့် တကွ ရုပ်ပွား တော် မဟာ မြတ်မုနိ အသိမ်းခံလိုက်ရသည်...
ဗမာများသည် ရခိုင်ရွှေနန်းတော် ပိဋကတ်တိုက်တော်။ ဘုန်းတော်ကြီးကျောင်း အကြီး( ၃၀) အငယ် (၃၀၀၀၀)သောင်းကျော်ကို မီးရှို့.ဖျက်စီးခဲ့သည်...
ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသေကောင်များ ပြန့်ကျဲ့လျှက်ရှိခဲ့သည်...
နှစ်ပေါင်း(၅၀၀၀)ကျော် န်ုယ့်ထီးကိုယ့်နန်း ဖြင့် နေထိုင် လာခဲ့သော ရခိုင်နိုင်ငံတော် ၌ တိုင်းသားပြည်သူ များမှာ ကူမည့်သူမရှိ လွတ်ရာကို ထွက်ပြေးကြရသည့် အပြင် ဗမာ တို့သည် ပုခက်တွင်းရှိ ကလေးငယ်များပါမချန် သတ်ဖြတ်ခဲ့သည် ဟု ရခိုင် မှတ်တမ်းတွင်တွေ့
(အချေ အငယ် အစိုက်ကေရို့ ပြုံးရယ်ရွှင်ပီ မိ မသိ အရွှယ် အစိုက်ကေကို မွီးမိထန်မှ ယူပြီးမှလျှင် လက်ကို ကိုင်မြှင့် အောက်မှတဖန် ဓါးကိုလှန်၍ ခံပြန်ပြုခါ မြှောက်လီမှာလျှင် ကျလာမလွဲ နှစ်စိုက်ကွဲ၍ ရဲရဲသွီးတက် အအူထွက်လျက် တချက်မွီ၌ လှံကိုစိုက်၍ လှံလိုက်တုံးလျှင် ရင်ကဝင်၏ ဆိုသို့ မှတ်တမ်း ဖော်ပြထားသည် )
အသက်ခံရသော ရခိုင်သားများကို တင်းဝ ပန်းခိုင် တမြိုင်မြိုင် ရခိုင် အလောင်ပေါင်း ဟူ၌ မှတ်တမ်းတွင် ဖော်ပြထာသည်...
ကဏန်း သင်္ချာ အရ (၇) သန်းကျော်သည့် ရခိုင်လူမျိုးများကို ဗမာ များသက်ဖြတ်ခဲ့သည်ကို အစွဲပြု၍ ဂေါင်းပုံပြင် ( မြောက်ဦး ) လူသက်ဂျိုင်( မြောက်ဦး ရေတပ် ကျသော အခ သောင်ပြင် အစုလိုက် အပုံလိုက် ချည်နှောင်၍ သက်ခဲ့သော ကြောင်း ရေအကျနှင့် မျောပါလာသော အလောင်းကောင်များကို မြင်ရသို့ကြောင်း ပေါက်ဖဲရွာ မာန်အောင် လမ်းများကို ဖြတ်ပြီး တောင်နှယ်ပုံထားသောကြောင်း လက်ပုံတောင် (မာန်အောင်)ရေကန်တွင် လူအပြည့်သတ်၍ ပုံထား ပြီး သီဘေးကန်(ပေါက်တော) ကလေးငယ်များကို ရေကျ ရေတက်ချိန်တွင် ခြံလှောင်၍ သက်ခဲ့သောကြောင်း ခြံလျှောင်ချောင် ( မာန်အောင်)ခြံပြင် (မောင်တော ) သွေးချောင်း စီး (တောင်ကုတ်) လူအသားတစ်များကို ခုတ်ဖြတ်၍ ပုံထားသောကြောင်း (အသားပုံရွာ) ပုဏ္ဏာကျွန်း စသည့် နေရာ အနှံ့တွင်လည်း ထို့အတူ သက်ဖြတ်ခဲပြီး မာန်အောင် တစ်မြို့တည်းတွင် အသက်ခံရသည့် အလောင်ပေါင်း မှတ်တမ်းတင်ထားသည်မှာ ကလေးငယ် တသောင်း ။ လူကြီး (သျှစ်သောင်း) အစွန်း တသိန်းမှန်၏ မယွန်းထိုခါ သိကုန်းပါ၏ သိမ့်ကာယူခ ပြည်အင်းဝသော ပါရလီငြာ လူယောင်္ကျား နှင့် မပြာမှန်ထ လူမိန်းမကို ရွီကြလီသော် နှစ်သိန်းကျော်၏ ကြားသော် မြင်တွီ ကြောက်ဖွယ် ဟူ၍ ဖြစ်တက်သည် (၁၈၂၆) ခုနှစ် ဗြိတိသျှ လက်အောက် ကျရောက်ရသော အခါ ဗမာ လက်အောက် နှစ်(၄၀ ) ငရဲ လုံးလုံးပြည့်၍ တခန်းသည် တခန်ရပ် ကျူးကျော်သူ ဗမာ များကို မောင်းထုတ်၍ အင်္ဂလိပ် တို့က တဖန် အုပ်ချုပ်သည် သို့သော် အင်္ဂလိပ် အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်၌ လူမကျန်တော့ပေ။
ရခိုင်နိုင်ငံတော် တခုလုံးသည် သုသာန် တစပြင်ပမာ တောကြီး မျက်မဲဖြစ်နေလည်ပြီး အင်္ဂလိပ် အကာ အကွယ်ကြောင်း သေကန်မရောက် ပဲ ရခိုင်တချို့ ဘင်္ဂလား နယ်တွင် ကျန်ရစ်သည်...
ထိုသူများထဲမှ (၅)သောင်းခန့်ကို ပြန်ခေါ်ယူ၍ ရခိုင်ပြည်၌ ပြန်လည်နေရာ ချထားပေးခဲ့သည်...
သခင်ပြောင်းသော ကျွန်ဘဝဖြစ်သည်ပင်။ ရခိုင်တို့ အဖို့ ကံထူးကံမြတ်ဖြစ်သည် ဗမာ များ၏ လူမျိုးရေး မုန်းတီး မှုဖြင့် မျိုးပြုတ် သက်ဖြတ်ခြင်းမှ လွတ်မြောက်ခဲ့ရသည်...
ဗမာ လက်အောက် နှစ်(၄၀)လုံးလုံး ဒုက္ခရောက်နေသော ရခိုင်သားများသည် ရေနစ်တုံးဆွဲ မီသကဲ့သော် အသက်ရှူဖြောင့်ခဲ့ရသည်...
ကိုယ့်အိုး ကိုယ့်အိမ် ပြန်နေခွင့် ရခဲ့သည့် တနေ့ ဆိုရလျှင် ဗြိတိသျှ တို့၏ အကာအကွယ် ရခဲ့ကြောင့်ဖြစ်သည်...
ရခိုင်စာပေ များကိုလည်း ပြန်လည် အညွှန့်ထောင်လာနိုင်ခဲ့သည်...
လွတ်လပ်စွာ ကုန်သန်းရောင်းဝယ်ခွင့်ရရှိသဖြင့် အတော်သင့် စီးပွားရေးနှင့် ချမ်သားလာကြသည့် ခေတ်ပညာများက်ုလည်း သင်ကြားခွင့်ရလာသည်...
ဘွဲ့ထူး ဂုဏ်ထူးများကို ဆွတ်ခူးနိုင်ခဲ့သည်...
အင်္ဂလိပ်ခေတ်တွင် ရာထူးကြီးများကို ရခိုင်သားများ ဆွတ် ထမ်းခူးနိုင်ခဲ့သည်ဟု အိုင်စီအက်စ် ဦးကျော်မင်းက မှတ်တမ်း ရေးဖူးခဲ့သည်...
ရခိုင် ကျွန်သက်တမ်း(၁၀၂) တင်းတင်းပြည့်သောနေ့ (၁၈၈၆) ခု ဇွန်နဝါရီလ (၁)ရက်နေ့တွင် ဗမာ တပြည်လုံး အင်္ဂလိပ် လက်တွင်းသို့ကျရောက်ခဲ့သည်...
ဝဋ်ကြီးပြန်လည်သည် ရခိုင်အမျိုးသား ဆရာတော် ဦးဥက္တမ သည် မြန်မာပြည်၌ လွတ်လပ်ရေး မျိုးစေ့ကို ဦးစွာ ပထမ အစ ချခဲ့သည်။
ဝံသာနု စိတ်ဓာတ်ကို နှိုးဆွပေးခဲ့သည်...
အကြိမ်ကြိမ် ထောင်ကျ အဖမ်းခံခဲ့ရသည်...
အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ရခိုင် ခေါင်းဆောင်များသည် မြန်မာများနှင့် တန်းတူ ကြိုးပမ်းခဲ့သည်...
အချောင်မခိုခဲ့ကြပါ...
မင်းသားကြီး ရွှီးဘန်းသည် အင်္ဂလိပ်ကို စတင်တော်လှန်ရန် ကြိုးပမ်းခဲ့သည်...
ဤသည်ကို မြန်မာ မှတ်တမ်း၌ မရှိ ဖက်ဆစ် ဂျပန်ကို ရခိုင်က အရင်တော်လှန်ခဲ့သည်...
်(၁၉၄၅)ခု မတ်လ(၁၇)ရက်နေ့ ဗမာက ဂျပန်ကို တော်လှန်သောအခါ ရခိုင်မှာ ဂျပန်တွေ တကောင်မှ မရှိတော့ပါ...
မည်သူ့ အကူ အညီမှ မတောင်းပဲ ကိုယ့်အား ကိုယ်ကိုး၍ တော်လှန်လိုက်ကြပြီ ဖြစ်သည်...
(ဗမာ တပ်မတောဘက်မှ သေနက်စုတ် တလက်မှ မပါဝင်ခဲ့ပါ)
ဂျပန် အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်း သည် ရခိုင်ပြည်သို့ ရောက်လာသည်...
ဦးစိန္တာ ကျင်းပသော ကြာအင်းတောင် ညီလာခံကို တက်ဖြစ်သည်...
အလံနီပါတီမှ ဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လှူသတ်မူဖြင့် တရားစွဲသည်...
(အသေးစိတ်ကို ဘုံပေါက်သာကျော် စာအုပ်တွင် ဖတ်ပါ)
စစ်တွေ ကြက်ကိုင်းတန်းတွင် ရခိုင် တကျပ်။ ဗမာတကျပ်။ သျှမ်းတကျပ်။ ဗမာတကျပ် တရားကိုဟောသည်...
ရခိုင်တွေကို စည်းရုံး၍ မရသဖြင့် မြွေပွေး နှင့် ရခိုင်ကို တွေ့လျှင် ရခိုင်ကို အရင် သက်ရမည်ဟု မြန်မာပြည်တွင် ဝါဒဖြန့်ခဲ့သည်...
သခင်စိုး သခင်သန်းထွန်း ကွန်မြူနစ် အဖွဲ့များကလည်း ဆရာတော် ဦးပညာသီဟ အား ဗမာပြည် လွတ်လပ်ရေး ရလျှင် ရခိုင်ကိုလည်း လွတ်လပ်ရေး ပေးမည် မန္တလေး မဟာမုနိ ကိုလည်း ပြန်ပေးမည်ဟု လိမ်သည်...
ရိုးသားပီး စိတ်လိမ်စိတ်ကောက်နည်းမရှိသော ရခိုင်ခေါင်းဆောင်များက ဗမာ များ လှည့်စားတာကို ယုံခဲ့ကြပြီး လွတ်လပ်ရေးရလာသော်လည်း ဗမာ့ လွတ်လပ်ရေးသာ ဖြစ်ပြီး ရခိုင် နှင့် မဆိုင်ပါ။ 
သျှမ်း နှင့်မဆိုင်ပါ။ မွန်နှင့် မဆိုင်ပါ။ ကရင်နှင့် မဆိုင်ပါ ။
တခြားဘယ်လူမျိုးများနှင့်မျှ မဆိုင်ခဲ့ပါ...
( တိုင်းရင်းသားများကို ကလိမ် ကကျစ် လုပ်၍ ယူထားသော လွတ်လပ်ရေးသာ ဖြစ်သည်)
ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ ရခိုင်တကျပ် ဗမာ တကျပ် ။ သျှမ်းတကျပ်လို့ ဆိုလိုခြင်းမှာ တိုင်းရင်းသား အားလုံး တကျပ်တွင် ဗမာ (၇) ကျပ် အိပ်ဝင် သပိတ်ဝငလွယ်လွင့်တကူ အချောင်ရခြင်း ရီရွယ် တနည်းပြောရလျှင်...
(ရခိုင်တို့သည် ဗမာများ အောက် နောက်တကြိမ် ကျွန်ဇာတ် အသွင်းခံလိုက်ရသည်)
် ဗမာ တို့သည် သမိုင်းစဉ်လာ စဉ်ဆက်တလျှောက်လုံး ရခိုင်လူမျိုးများအပေါ် မည်သည့်အခါမှ ကောင်းကျိုး မပေးခဲ့ပါ...
ဗိုလ်ရန်အောင် ခေါင်းဆောင်သော ဗမာ့ တပ်မတော်သည် မောင်ဝိုင်း တပ်အပြီး နှစ်ပေါင်း( ၁၁၆)နှစ်အကြာတွင် ရခိုင်ပြည်၌ ပထမဆုံး အခြေချလာသည်...
်(၁၉၄၂)ခုတွင် ကုလား ရန် အဆမတန်ရန်ကို ကြောက်၍ ထွက်ပြေးလာသေါ ရခိုင်(၄၀)ကျော်ကို ဗိုလ်ရန်နောင် အကူ အညီမပေးဘဲ
ဲ သင်္ဘောကို ဖောက်၍ လုပ်ကြံသတ်ဖြတ်လိုက်သည်...
ဗမာ့ လွတ်လပ်ရေး ရပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်ဟု ဆိုသည်...
ပါလီမန်တွင် ရခိုင်သားများ လွတ်လပ်စွာ ပြောခွင့်ရသော်လည်း သို့သော် လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရခဲ့ပါ...
(၁၉၅၂)ခုနှစ်တွင် (တောပန်းဇင်း)အခစား (ကျော်တော်) မကျည်းကုန်း မာန်အောင်စသည့်ရွာများ ကို ရွာလုံးကျွတ် သက်ဖြစ်ပြီး 
ဦးနုက ရခိုင်သားများကို ဒီမိုကရေစီနှင့် မိတ်ဆက်ပေးသည်...
ဦးနု၏ ဒီမိုကရေစီသည် ရခိုင်သားများ အဖို့ ခါးသီးလှသည်...
မြောက်ဦးမြို့ နန်းရာကုန်းထက်တွင် ရခိုင်မျိုးချစ် ထွန်းလှအောင်ကို ဗမာစစ်တပ်က ဓါးထိုး သက်ဖြတ်လိုက်သည်...
ရခိုင်နိုင်ငံတော်သည် ဂျပန်ထက် အဆပေါင်းမျာစွာ ယုတ်မာ တဲ့ ဗမာ လက်အောက်သို့ တဖန်ကျရောက်ခဲ့ရသည်....
်(၁၉၅၈)ခုနှစ်တွင် ဖဆပလ နှစ်ခြမ်းခွဲသည် ပြည်နယ်ပြဿနာပေါ်လာသည် ဦးနုခေါင်ဆောင်သော တည်မြဲ ဖဆပလ က သူ့ပါတီကို မဲပေးလျှင် ရခိုင်ကို ပြည်နယ်ပေးမည်ဟု လိမ်သည်...
သန့်ရှင်း ဖဆပလ ဘဆွေ က ပြည်နယ်မပေး နိုင်ဘူး ခင်ဗျားတို့ကို ကျန်တဲ့ဟာကိုဘဲပေးနိုင်မယ် ပြောပြီး ရခိုင်လူမျိုးတွေကို ဗြောင်တိုက် စိန်ခေါ်ခဲ့သည်။
ရခိုင်သားများသည် ပြည်နယ်အဆင့်ကိုပင်လျှင် ဗမာတို့ ထံက လက်ဖြန့်တောင်း ခံရသော သူတောင်းစား ဘဝကို ကျရောက်ရတော့သည်...
် ပြည်နယ်လိုချင်သော ရခိုင်သားများတို့သည် ။ မျက်စိကို မှိတ်၍ ရစည အပါအဝင် အမတ်နေရာ(၉)ခုစလုံးကို ဦးနုအား ပုံအောလိုက်သည်...
(၁၉၆၀)ပြည့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွင် ဦးနုပါတီ အနိုင်ရသည်....
သို့သော် ရခိုင်သားများ ပြည်နယ်မရ ဒုတိယ အကြိမ်မြောက် အလိမ်ခံခဲ့ရသည်....
် ရခိုင်သားများမှာ အရှက်လည်းရ ဝမ်းလည်းကြီး ခဲ့ ရသည်လို့် ဘဲပြောရမှာပေါ့...
ဦးနု ကတိတည်ပါစေ ရခိုင်ပြည်နယ်အမြန်ပေး ဟူ၍သာ ငယ်သံပါအောင်အော်၍ ရခိုင်လူမျိုးများလည်ခြောင်းကွဲရသည်...
အာသီးနာသည် ရခိုင်က ပြည်နယ် တောင် သျှမ်းက ဖယ်ဒရယ် မူတင်လာသော အခါ ဦးနုသည် ဟန်မဆောင်နိုင်တော့ဘဲ ။ နေဝင်းကို အာဏာ လွှဲအပ်လိုက်ရသည်...
(ဗမာများ၏ ပင်ကို ဘီလူး ရုပ်ကို ပြရတော့သည်)
အောင်ဆန်း တကျပ် နေဝင်းက လုယူသွားသည်...
ထိုအခါ ဗမာက (၁၄)ကျပ်ရ၍ တိုင်းရင်းသားများက( ဝ) လုံးကွင်းသည်...၀၀၀၀၀၀၀-------👈
် (၁၉၆၇)ခုနှစ် သြဂုတ်လ(၁၃) ဥပုသ်နေ့ စစ်တွေမြို့တွင်
(် 👉.ရခိုင်သား (၃၀၀)ကျော်ကို နေဝင်း သက်ဖြတ်လိုက်သည် ၃၀၀.👈)
( ဘားဗူဟိယင့် ဆန်ဟိယင့်။ ဒိုင်ကျီဟိယင့် ရီဟိယင့်)
ဘဝင်မြင့်သော ရခိုင်သားများ နေဝင်း လက်အောက် ထမင်းငတ်၍ သူတောင်းစား ဖြစ်ပြီး ယခိ ဟု အခေါ်ခံရသည်...
် မြန်မာ(ဗချီး) နှင့် ရခိုင်(ယခိ) အသားစား အရေစား ဖြစ်ခဲ့ရသည်... မြဆန်စက်ရှေ့တွင် ရခိုင်သားများ ခွေးသေ ဝက်သေ သေခဲ့ရသည်...
(👉 မသေသေးပဲ အသက်ရှိနေသေးတဲ့ သူတွေကို အရှင်လတ်လတ် မြေမြှုတ်ခံခဲ့ရသည်.👈)
ဖဆပလ လက်အောက် ရခိုင်သားများ အားလုံး တရိစ္ဆာန် မဏ္ဍိုင်ပျက်စီးကိန်းဆိုက် ရခိုင်များလူညွှန့်တုံးခံခဲ့ရသည်...
ဗမာတွေအနေဖြင့် ရခိုင်လူမျိုးများကို ညီအစ်ကိုပါဟု ဗမာများ လိမ်၍ မရနိုင်တော့ပါ...
( ရခိုင် နှင့် ဗမာသည် တသီး တခြားစီ ဖြစ်သည်)
် ရခိုင်လူမျိုးသည် အစဉ် အဆက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ရာဇဝင်နှင့် လာသော လူမျိုး တမျိုးဖြစ်သည်...
ဗမာများသည် မွန်က တဆင့် ဗုဒ္ဓဘာသာဖြစ်သည်...
ဗမာ များ အရေးကြီး ရဟန်း ကိုးကွယ်နေချိန်တွင် ရခိုင်ပြည်၌ နှစ်ပေါင်း ၁၀၀၀ ကျော် ဗုဒ္ဓဘာသာ အမြစ်တွယ်ပြီးဖြစ်သည်...
ဧရာဝတီ မြစ်သည် ကပ္ပလီပင်လယ်ထဲသို့ စီးဝင် ဘင်္ဂလား ပင်လယ်ထဲသို့ စီးဆင်းသည် ရခိုင် နှင့် ဗမာ သည် မြေလည်းမတူ ရေလည်းမတူ (၈၈) အရေခင်းဖြစ်၍ ဗမာ တပြည်လုံး အကျက်ရိုက်သောအခါ ရခိုင်ပြည်ကိုလည်း ကူးစက်လာခဲ့သည်...
အရေးခင်း၌ ပါဝင်ခဲ့သော ရခိုင်သား များ နှင့် ထောင်ကျနေသူများပါ မကျန် ကြိုးပေး အသက်ခံရသူ မနည်း (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပါတီ (ALD)က အမတ်နေရာ (၁၀)နေရာရသည်...
ဆရာကြီး ဦးသာထွန်း ထောင်ထဲ၌ အသက်ခံရသည့် များမကြာမီ ရခိုင်ပါတီ အဖျက်ခံရသည်...
ရခိုင်ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည် (ALD)ပါတီက မဲဆွယ်တရားဟောနေချိန်တွင် ယောင်၍ပင် ဟ၍ မရ ပြောမိ ဆိုမိလျှင် မျက်ကမ်း မျိုးချစ် အမြင်ကျဉ်သူများ အဖြစ် တံဆိပ်အရိုက်ခံရသည့် ကျဉ်းမြောင်းလှသော ဗမာလူမျိုး ဝိဝါဒအောက်တွင် ရခိုင်သားများ၏ ဘဝ စုစုမြုတ်ရပါတော့သည်...
် (၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံကို နေဝင်းက (၉၉)ဒဿမ (၇)ရာခိုင်နူန်း ထောက်ခံမှုရသည် ဟု လိမ်၍ အတည်ပြုခဲ့သည်...
ဗိုလ်ချုပ်အောင်ဆန်းက မြွေပွေးနှင့် ရခိုင်ကို တွေ့လျှင် ရခိုင်ကို အရင် သက်ရမည်ဟုပြောသည်...
(ရခိုင်စည်းရုံးရေး ခရီး အပြီးတွင် ဒေါ်စုက ကျွန်မတော့ ရခိုင်တွေကို ချစ်မိသွားပြီ ဟု ဆိုသည်)
ဘယ်သူ့ကိုယုံရပါမည်နည်း (၂၀၁၆)ခုနှစ် ဒီဇင်ဘာ(၃၁)ရက်နေ့တွင် ရခိုင်ကျွန်သက်တမ်း အနှစ်(၂၃၂)နှစ်တင်းတင်းပြည့်နေ့ဖြစ်သည်....
ရခိုင် ပညာတက်များ စဉ်းစားပါ ပညာ မတက်သူများလည်း စဉ်းစားပါ ယခု တဖန် ရခိုင့် ကံကြမ္မာသည် ကျွန်ုပ်တို့၏ ခေါင်းထက်သို့ ကျရောက်လာပြီ ရခိုင်ပညာတက်များ ပညာရှင်များ ပညာမဲ့များ အားလုံး သတိထားကြပါ...
ဗမာတို့ ဖော်စပ်ထားသော ဝမ်းနူတ်ဆေး အမျိုးမျိုးကို သောက်ဖူး ခဲ့ပါပြီ...
သောက်ဖူးခဲ့ပြီး ဖြစ်သည်...
ရခိုင်တို့၏ တခုတည်း သော အန္တီမ ပန်းတိုင်သည်ကား ရခိုင်အချုပ်အချာ အာဏာ ရခိုင်လက်တွင် ရောက်ရှိရေး ဖြစ်သည်...
သမိုင်းကြောင်းကို ပြောလျှင် ပဒေသရာဇ် အချင်းချင်း စစ်ခင်းခဲ့သည်ဟူ၍ သာ စကားလှချီပြီး 
သို့သော် ဗမာတို့ရဲ့ ပဒေသရာဇ် သိမ်းယူခဲ့သော နယ်မြေများကို အပိုင်ရလို ရချင်နေကြသည်...
ကမ္ဘာ မကျေ မသာမြေ ကြွေးကြေ ကြော်၍ ။ ဘုရင့်နောင် ကျန်စစ်သား ။ အလောင်းဘုရား စသည်ဖြင့် အခြောက်တိုက်ရန် စောင့်နေတတ်သည့် ပညာပေးရမဲ့ အချိန်ရောက်နေပါပြီ...
ဒီကနေ့ ဒီအချိန်ထိ ရခိုင်သားများသည် မည်သို့မျှ မတုံ့ပြန်သေးသော်လည်း မုန်တိုင်း သည် ကြီးထွားဖို့အတွက် အားယူကာ စုလျှက်ရှိနေသည်...
ရခိုင်သားတို့သည် အဖ ရခိုင်ပြည်ကို အင်အားစုပြီး ပြန်လည် ရယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရသည်...
ကမ္ဘာ့နိုင်ငံ အသီးသီး၌ ရှိနေသော ရခိုင်သားများ အားလုံး တစုတည်း တလုံးတည်း ဖြစ်အောင် လုပ်ယူပြီးမှ ရခိုင်သားတို့ ပိုင်ဆိုင်ခဲ့သော အဖ ရခိုင်ပြည်ကြီးကို ပြန်လည် ရယူနိုင်ရေး အကြိမ်ကြိမ် ထပ်မံ ကြိုးစားရအုံးမည်...
ရခိုင်ပညာ တတ် ပညာရှင်များ၏ စုစည်းပေးလာမှုကြောင်း အိန္တိယနိုင်ငံရှိ ရခိုင်လူမျိုးများ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရှိ ရခိုင်လူမျိုးများ ရခိုင် တော်လှန်ရေး တွင် ပါဝင်လာအောင် စည်းရုံးမှုများ ထင်ထားတာထက် တောင် အောင်မြင်မှုရနေတာကို ရခိုင်သားများ အသိပင်ဖြစ်သည်....
် ရခိုင်ဆိုရင် ဘယ်နိုင်ငံ ဘယ်ဒေသ မှာဘဲ နေထိုင်နေထိုင် ဘယ်နိုင်ငံသား ဘဲ ဖြစ်နေဖြစ်နေ ဘာလူမျိုးနဲ့ဘဲ ညားညား ရခိုင်ဟာ ရခိုင်ပါဘဲ...
အဖ ရခိုင်ပြည်ကြီး အတွက် ရခိုင်လူမျိုး ရခိုင့်ဂုဏ်သိက္ခာ ရခိုင့်လွတ်လပ်ရေး အတွက် လိုအပ်လာတဲ့ အချိန်ခါမျိုးမှာ ရခိုင်သား အားလုံး တသွေးတည်း တသားတည်း တမိန့် တအာဏာ တခွန်းတည်းသော စကားကိုပြောဖို့လိုပါတယ်...
(👉အသက်ပေး၍ ကာကွယ်ကြရမည်ဖြစ်သည်👈)
(၂၀၁၇)ခု ဒီဇင်ဘာ (၃၁)ရက် ရခိုင့်နိုင်ငံတော် အချုပ်အချာ အာဏာ ကျဆုံးခြင်(၂၃၃)နှစ်ပြည့်အတွက် ထပ်ဆင့်ဖြန့်ဝေသည်...
အချိန်ပေးပြီးဖတ်ပေးကြတဲ့အတွက် ကျေးဇူး တင်ပါသည်....
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *