Subscribe:

Monday 28 January 2013

မချစ် မမုန်း၊ အကောင်းဆုံး.....


ချစ်သော သူတို့နှင့်လည်း မပေါင်းလင့် ၊ မုန်းသော သူတို့နှင့်လည်း မပေါင်းလင့်။ ချစ်သော သူတို့ကို
 
မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသော သူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ ထို့ကြောင့်

လူကိုဖြစ်စေ ၊ ပစ္စည်းဥစ္စာကို ဖြစ်စေ ချစ်ခင် စွဲလန်းခြင်းကို မပြုရာ။ ချစ်ခင် စွဲလန်းဖွယ်တို့ နှင့်

ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့ အား

အနှောင်အဖွဲ့ တို့ သည် မရှိကြကုန်။
 
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု)

Saturday 22 December 2012

သူကောင်းမှ ကိုယ်ကောင်းရင် လူကောင်းမဟုတ်...



ယောဂီတို့ကထူးချင်တာလား၊ ရူးချင်တာလား။ ထူးချင်တာနော်။ ထူးချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ ထူးအောင်လုပ်ရမယ်။ ထူးမှထူးတဲ့။ ရှင်းရှင်းလေးပဲနော်။ ထူးတဲ့စိတ်ဓါတ်မွေးရမယ်။ ထူးတဲ့စိတ်ထား ထားရမယ်။ ထူးတဲ့အတွေး တွေးရမယ်။ ထူးတဲ့အပြော ပြောရမယ်။ ထူးတဲ့အလုပ် လုပ်ရမယ်။ ထူးတဲ့အကျင့် ကျင့်ရမယ်။ ဒါဆိုရင် ထူးပြီပေါ့။ ထူးချင်ရင်ဘာမှမခက်ပါဘူး။ ထူးလိုက်ရုံပဲပေါ့။

Wednesday 12 December 2012

Buddha 1-16 (ဗုဒ္မ အပိုင်း၁ မှ ဗုဒ္မ အပိုင်း၁၆ထိ)

(မေမေ ပို့ပေးတဲ့ ဗုဒ္မနှင့် ဗုဒ္မဘာသာအကြောင်းစာများ) Buddha 1 ဗုဒ္မ=သစ္စာလေးပါးတရားကိုသိမြင်သူ ဒုက္ခသစ္စာ=ဆင်းရဲခြင်းအရင်းခံ အမှန်တရား ဖြစ်ခြင်းပျက်ခြင်း သဘောတရား သမုဒယသစ္စာ=တဏှာ လောဘ၊ တပ်မက်တွယ်တာမှု နောင်ဖွဲ့ခြင်း သဘောတရား။ နိဂြောဓသစ္စာ=ဒုက္ခခပ်သိမ်းငြိမ်းအေးခြင်း သဘောတရား မဂ္ဂသစ္စာ =ဒုက္ခသစ္စာ သမုဒယသစ္စာတို့  ချုပ်ငြိမ်းခြင်းသဘောတရား။ ဗုဒ္ဒသည် သစ္စာလေးပါး တရားကို ပိုင်းခြားသိမြင်တော်မူပြီး ညာဥ့်ဦးယံတွင်အသဝေါတရားကုန်ခမ်းတည်းဟူသော နိဗ္မာန်နဥာဏ်ကို ရရှိသည်။ သန်းခေါင်ယံတွင် အရာရာကို ထိုးထွင်းသိမြင်တည်းဟူ ဒိဗ္မစက္ခုဥာဏ်ကို ရသည်။မိုးသောက်ယံ တွင် ရှေးဖြစ်ဟောင်း...

Sunday 25 November 2012

*ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း*

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှ ပြောရင် ပြင်ဆင်ချိန် မလောက်လို့
စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊
သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
 
 စိတ်တိုတာမဖြစ် အောင်နော်။

• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊
ဒါကြောင့် ကတိကို
  လွယ်လွယ်နဲ့မပေးပါနဲ့။
ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိ
တ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့် ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

Friday 23 November 2012

''ရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာ ''

ကျွန်တော်၇ဲ့  ဘလော့ဂ်ထဲကို  ဘာသာရေး စာမရေးနိုင်တာ တော်တော်လည်း  ကြာသွားပြီဗျ...။ စာက မရေးတာ
ကြာသွားတော့ စာရေးရမှာ ပျင်းသလိုလို ဖြစ်နေတယ်...။ စာတာ မရေးဖြစ်တာ ရေးချင်နေတာတွေ
ကတော့ အများကြီးပါပဲ...။ အခုလည်း ဆရာတော်တွေရဲ့ ဆုံးမစာလေးနဲ့ ဖွင့်မယ်ဗျာ...။ တင်ရကျိုး
လည်းနပ်အောင် ဖတ်မိတဲ့သူလည်း အကျိုးရှိအောင် ရည်ရွယ်ပါတယ်ဗျာ...။


ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊ 

စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
 

စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
 

မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

 

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
 

စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
 

ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

Saturday 17 November 2012

'' ကံ ကံ၏အကျိုး ''

www.mandalaygazette.com မှာတင်ထားတဲ့ Yin Nyine Nway ရဲ့  ပိုစ်လေးပါ။ အရေးအသားနဲ့ ရှင်းပြထားတာလေးက နားလည်လွယ်ပြီး အကျိုးဖြစ်ထွန်းစေလို့ တဆင့်မျှဝေလိုက်ပါတယ်။
ဆရာတော် ရဝေနွယ်(အင်းမ) ရေးသားသော သံသရာခရီးဖော် စာအုပ်မှ 'ကံ' အကြောင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေတွေအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။
တစ်ခါတစ်လေတော့လဲ ကံတရားကနားလည်ရအခက်သား၊ ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြမှု တွေနဲ့ချည်းပဲတွေ့နေရ တတ်ပါတယ်၊ မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လဲ ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်၊ ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်း မှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။
ဥပမာပဲ ထားပါတော့ ၊ ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊ မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊ ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊ ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦး မလား၊ အားလုံးချောမွေ့လို့၊ ဘာဆိုဘာမှ အခက်အခဲမရှိ။
ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျကောင်းကံလေးအပေါ်မှာတောင် သံသယ၀င်ချင်စရာ၊ ကံအပေါ် နားလည်ရ ခပ်ခက်ခက်။

Monday 22 October 2012

*~~~တန်ဘိုးရှိရှိနေမယ်~~~*

 သဘောထားမှန်တဲ့ သူရဲ့စိတ်ဟာ တည်ငြိမ်နေတယ်။
သဘောထားမှန်တဲ့ သူရဲ့စိတ်ဟာ အေးချမ်းနေတယ်။
နိမ့်ကျခြင်း မြင့်မားခြင်း၊ ဂုဏ်ရှိခြင်း ဂုဏ်မရှိခြင်းကြောင့်
သူ့ မှာပျာယာခတ်ခြင်း ဆိုတဲ့တရားမရှိဘူး...။
လောကကြီးမှာအရေးကြီးတာ ကိုယ်ကျင့်တရားပါ ဂုဏ်မဟုတ်ပါဘူး။
ဂုဏ်ရှိတယ် ကိုယ်ကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်တွေအများ

စောင့်ရှောက်ပါသာသနာ့





 သာသနာ့ ပင်ရင်း ဒီပျိုးခင်ကို ရေသွင်း

 ပေါင်းသင်း ပိုးမဝင်အောင်ပြုပြင် စောင့်

  ရှောက် မြေတောင်မြောက်မှဖြို့မှောက်

သန်းစွမ်း မြရောင်လွမ်းလျှက်ငြို နွမ်းကင်း

စင် ရှုတိုင်း ယဉ်လိမ့်။ဗုဒ္ဓ မြတ်စွာ သာသ

နာ့ကိုကောင်းစွာကြိုတင် မပြုပြင်သော်

မြင်မှိန်မှေး အထင်းသေး၍ယဉ်ကျေးဖွယ်ရာ 

အဖြာဖြာနှင့် ဘာသာဝါဒ ဟူသမျှတို စစကုန်

သုံးပြုတ်ပြုတ်ပြုံးလိမ့်။ 

Sunday 21 October 2012

ထေရ၀ါဒ မှတ်တမ်း




(ယခု ဖော်ပြပါ ဆောင်းပါသည် ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) သို့ ဘီအေ-ဓမ္မာစရိယ၊ဘွဲ့အတွက် မိမိတင်သွင်းခဲ့သော ကျမ်းစာမှ စာဖတ်သူများအား ဘာသာရေးအကြားအမြင် ဗဟုသုတ ရရှိနိုင် စေရန်စိတ်ရည်သန်ကာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။) ဗုဒ္ဓမြတ်စွာဟောကြားလမ်းညွှန်တော်မူခဲ့သည့်တရာတော်များအတိုင်းလိုက်နာကျင့်သုံးကုန်သောသူတို့အား ဝေါဟာရအမည်နာမအားဖြင့် `ဗုဒ္ဓဘာသာဝင်များ´ဟုခေါ်ဆိုကြပါသည်။ ထိုဗုဒ္ဓဘာသာသသည်လည်း သရုပ်အားဖြင့် `ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ´ ဟူ၍ အဓိက ဂိုဏ်ကြီးနှစ်ဂိုဏ်ရှိပါသည်။ ထိုဂိုဏ်ကြီးနှစ်ဂိုဏ်သည် ဗုဒ္ဓမြတ်စွာ မဟာပရိနိဗ္ဗာန်စံဝင်တော်မူပြီးမှသာလျှင် ကွဲပြားသွားကြခြင်းဖြစ်ပါသည်။ ထေရ၀ါဒဟူသည် `ထေရာနံ ၀ါဒေါ ထေရ၀ါဒေါ´ သီလ၊ သမာဓိ၊ ပညာ၊ သို့မဟုတ် ပရိယတ္တိ၊ပဋိပတ္တိ၊ ပဋိဝေဓ အစရှိသော

“တရားလည်း သိမှ…၊ တရားလည်း ရှိမှ"


တရားဆိုတာ သိရုံ တတ်ရုံနှင့် ကိစ္စမပြီးပါဘူး။ သိပြီးတဲ့ တရားကို မိမိသန္တာန်မှာ ရှိအောင် ကြိုးစား ကျင့်ပေးရပါမယ်။ ဒါမှသာ တရားသိတဲ့သူ ဖြစ်မယ်။ တရားရှိမှသာ တရားချမ်းသာများကို ခံစားနိုင်မယ်။
တရားကျင့်သူ၊ တရားရှိတဲ့သူဟာ မျက်မှောက် တမလွန် နှစ်ဘဝလုံးမှာ ချမ်းသာစွာ
နေထိုင်ရတဲ့အကြောင်း ဓမ္မပဒပါဠိတော်မှာ “ဓမ္မစာရီ သုခံ သေတိ အသ္မိံလောကေ
ပရမှိစ”လို့ ဟောထားပါတယ်။
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဘုရားရှိခိုးကို လူတိုင်း ရနေကြပါတယ်။ ရထားရုံနဲ့ မပြီးပါ။ အဲဒီဘုရားရှိခိုးကို အကြိမ်ကြိမ် ရွတ်ဆို ရှိခိုးနေရပါမယ်။ ရှိခိုးနေရင် မိမိမှာ
ဘုရားရှိခိုးတဲ့ ကုသိုလ်တရားရှိနေတယ်လို့ ဆိုရပါတယ်။
ဘုရားရှင် ရွှေလက်ထက်တော်အခါက ဓနဉ္စာနီအမည်ရှိတဲ့ အမျိုးသမီးလေးဟာ “နမော တဿ” ကို အမြဲ ရွတ်ဆို ရှိခိုးနေလေ့ရှိခဲ့ပါတယ်။

'' မြင်းမိုရ်ဦး ရဲ့ မြင်းမိုရ်ဦး ''





 “အိုတာ နာတာဟာ သေမည့်ဘက် နီးလာတာ မဟုတ်ဘူး။ သေရာနဲ့ မသေရာတို့ရဲ့ လမ်းခွကို ရောက်လာတာပါ။ သတိမဲ့သူက သေရာဘက်နီးပြီး သတိရှိသူက မသေရာဘက် ပိုနီးလာပါတယ်။”
ဘ၀ရဲ့ တိုးတက် ပြောင်းလဲမှုဆိုတာ ရပ်တက်၊ ရုန်းတတ်ရုံနဲ့ မပြီးသေးပါဘူး။ ဘ၀ကို စနစ်တကျ သုံးတတ်ဖို့လိုပါတယ်။ ဒီအဆင့်ဟာ တကယ် အရေးကြီးဆုံး တိုးတက်မှု အစစ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်ကို မြင်းမိုရ်ဦး တကာတို့ရဲ့ မြင်မိုရ်ဦးလို့ ဆိုချင်ပါတယ်။

ကလေးများအတွက် ဗုဒ္ဓ၀င်




၁။ လူအမည်  = သိဒ္ဓတ္ထ       
၂။ ဘုရားဘွဲ့  = ဂေါတမ
၃။ မိဘအမည် = သုဒ္ဓေါဒနမင်း နှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော် = ယသောဓရာ (ဘဒ္ဒကစ္စာနာ )
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေ၀ဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလ၀တ်ပြည် ( သက္ကတိုင်း ၊ မဇ္ဈိမဒေသ )
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟကြား )
၁၀။ နန်းစံနှစ် = ( ၁၃ )နှစ်ကြာ ( ၁၆ နှစ်မှ ၂၉ နှစ်အထိ )
၁၁။ နိမိတ်ကြီးများ = သူအို သူနာ သူသေ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀ = သုမေဓာရှင်ရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး ( ယသောဓရာလောင်း )
၁၆။ ပါရမီဖြည့်ရာကာလ = လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
      ( သုမေဓာဘ၀မှ ဝေဿန္တရာဘ၀အထိ )

'"ကုသိုလ်ဖြင့် တည်ဆောက်သော ဘ၀ကောင်းဘ၀မွန် "'



(မိမိ၏ အပြုအမူကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။)
ကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ နောင်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ ၀မ်းမြောက်ရ၏။ ထိုသူသည် မိမိပြုပြီးသော ကောင်းမှုကံကိုမြင်၍ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏

အထင်မလွှဲပါနဲ့

ဆုံးဖြတ်ရဲသူကို          ဇွတ်တရွတ်ဆန်တယ်
ချင့်ချိန်တတ်သူကို     သူရဲဘောကြောင်တယ်
ရက်ရောတတ်သူကို    လက်ဖွာတယ်
စည်းကမ်းနှင့်ပေးသူကို   ကပ်စီးနည်းတယ်
ဦးဆောင်နိုင်သူကို        နေရာယူတယ်
ကျွမ်းကျင်သူကို      လည်လွန်းတယ် လို့ အထင်မလွှဲပါနဲ့။    ။

                                                           ဓမ္မဒူတ အရှင်ဆေကိန္န

လောကနီတိ - ၁၆




ရန်သူကိုဖြစ်စေ၊ မိတ်ဆွေကိုဖြစ်စေ အလွန်အမင်း အကျွမ်းမ၀င်ရာ။
မိတ်ဆွေပင်ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့်အပြစ်မှန်သမျှကိုထုတ်ဖော်ပြတတ်၏။

- One Should not love either enemy or friend too much.
- Even though a friend, when one becomes angry, one may reveal all of
your faults.


- မီးကိုလည်း အကြွင်းမထားရာ။
- ကြွေးမြီကိုလည်း အကြွင်းမထားရာ။
- ရောဂါကိုလည်း အကြွင်းမထားရား
- ထိုသည်တို့ကား အဖန်တလဲလဲတိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။

ငါ့ကိုအထင်မကြီးပါနဲ့ ငါ့ကိုအတုယူပါ။ တိုင်းပြည်ကိုချစ်ပါ ဘာသာကိုမြတ်နိုးပါ လူမျိုးကိုလေးစားပါ အစဉ်အလာကိုထိမ်းသိမ်းပါ။။(ဗိုလ်ချုပ်)
   
တစ်နေ့ကစာရေးသူအပါအ၀င် မြန်မာအမျိုးသမီးတစ်ယောက်က ဆွမ်းစားပင့်လို့  ကန္ဒီမြန်မာကျောင်းကိုသွားဖြစ်ပါတယ်။ သူကတော့ အမြဲတမ်းလိုလိုဆွမ်းကပ်ပင့်လေ့ရှိပါတယ်။ မြန်မာအစားအစာဘုဉ်းပေးချင်တယ်ဆိုရင်လဲ သူ့ဆီသာဖုန်းဆက်လိုက်အချိန်မရွေး ချက်ကပ်လေ့ရှိပါတယ်။ အခုပြောချင်တာက အဲဒီကျောင်းမှာတွေ့ဖြစ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူက 

အမျိုးသမီးများအပါယ်ငရဲကျရခြင်းအကြောင်း...။




တစ်ခါတုန်းက အရှင်အနုဒ္ဓါက ဘုရားရှင်ကို လျှောက်ထားတယ်။
အရှင်ဘုရား!  တပည့်တော် ဒိဗ္ဗစက္ခုနဲ့ ကြည်ရှုတဲ့အခါ ငရဲပြည်မှာ များသောအားဖြင့် အမျိုးသမီး(မာတုဂါမ)တွေကိုတွေ့ရပါတယ်ဘုရား၊ ဘယ်လိုအရာတွေနဲ့ပြည့်စုံတဲ့ အမျိုးသမီး(မာတုဂါမ)တွေ ငရဲပြည်ရောက်ရပါသလဲဘုရားလို့ လျှောက်ထားပါတယ်။
ချစ်သား! အမျိုးသမီး(မာတုဂါမ)တွေက…

Friday 19 October 2012

မိကောင်း ဖခင် သားသမီး


မိကောင်းဖခင် သားသမီးများ ဖြစ်ရန်မှာ ငွေတွေ ကြေးတွေ ပေါများခြင်း၊ အခြေကြီးအနေကြီး နေရခြင်းတို့

ကို လိုအပ်သည်မဟုတ်။ တစ်ဖက်ရပ်တဲကလေးမှာ နေရသော ဆင်းရဲသားတို့၏ သားသမီးတို့သည်လည်း 

မိကောင်း ဖခင် သားသမီးများဖြစ်နိုင်ကြသည်။ အကျင့်ကောင်းဖို့သာ လိုသည်  ဟူသော ဆရာတက်တိုး၏ 

အတွေးအမြင်ကို အထူးသဘောကျမိပါသည်။

{တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကိုသတ်ပေမယ့် နှစ်ဖက်လုံးသေပါတယ် }


အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကတော့ အရပ်ထဲမှာ ပြောနေကျအတိုင်းပဲပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါပဲ။

"ဓမ္မဒူတအရှင်ဆေကိန္ဒရဲ့ အသိပေးစကားစုများ "


မိတ်ဆွေတို့
ဓမ္မဒူတအရှင်ဆေကိန္ဒက
" စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့ စိတ်နဲ လဲလိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ ပူနေရင် အေးတဲ့စိတ် ၊ နောက်နေရင်ကြည်တဲ့စိတ် နဲ့
ချင်းချင်းလဲလိုက်ပါ"
"လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာ။
ကိုယ့်စကားနားထောင်စေချင်ရင်နေ့ပေါ့"
"ငါအတော်ဆုံး လို့ ထင်နေရင် "အဖျင်းဆုံး"အဆင့်သို့ ရောက်သွားပြီ။ "
" အမြင့်ရောက်မှအမြင်ကျယ်တာထက်၊
အမြင်ကျယ်မှအမြင့်ရောက်တာကပိုကောင်းတယ်."
ဖြစ်ချင်တာကိုဦးစားပေးရင်ဖြစ်နိုင်တာကိုသာ ဆုံးရှုံး လိုက်ရပြီ။
ဖြစ်နိုင်တာကိုသာဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။"
ဒီ စကားစုတွေဟာ အရှင်ဆေကိန္ဒ ရဲ့ အသိပေးထားတဲ့စကားစုတွေပါ။
ကျွန်တော်အတွက်တော့အဖိုးတန်ပါတယ်။
မိတ်ဆွေတို့လည်းမှတ်သားရတဲ့စကားစုတွေပါ။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *