Subscribe:

Saturday 22 December 2012

"ကျေးဇူးပြု၍ မေမေ့ကိုကြည့်ရှုစောင့်ရှောက်ပါ"



ဒီစာအုပ်ဟာ ဘာသာစကားများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး နိုင်ငံပေါင်းများစွာက အလုအယှက်ဖတ်နေကြတဲ့စာအုပ်လို့ ဆိုထားပါတယ်။ စာရေးသူရဲ့ဒီစာအုပ်ဟာ အင်္ဂလိပ်ဘာသာလိုပြန်ဆိုခံရတဲ့ စာအုပ်ဖြစ်ပြီး အင်္ဂလိပ်လိုပြန်ဆိုထားတဲ့စာအုပ်ကို ၂ဝ၁၁ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ကိုရီးယားလိုရေးထားတဲ့ မူရင်းစာအုပ်က ထုတ်ဝေလိုက်တာနဲ့တပြိုင်နက် ကိုရီးယားနိုင်ငံမှာ ၁ဝလအတွင်း အုပ်ရေတစ်သန်းခွဲကျော်ရောင်းခဲ့ရပြီး စာအုပ်အရောင်းဆိုင်တွေမှာ ၁နှစ်ကျော်ကြာ ဗိုလ်စွဲခဲ့တဲ့စာအုပ်လည်းဖြစ်ပါတယ်။ ၂၁ရာစုမှာ မိခင်ဘွဲ့ကို အကောင်းဆုံးရေးစပ်နိုင်ခဲ့တဲ့စာအုပ်လို့လည်း ဆိုထားကြပါတယ်။

Friday 23 November 2012

' မေးခွန်း '

အားလပ်ရက်တစ်ရက်တွင်..... ညနေခင်းလေးတစ်ခုမှာ ကျွန်တော်တစ်ယောက် ပန်းခြံထဲလမ်းလျှောက် ထွက်ခဲ့ ပါတယ် (ကိုယ်တိုင်ကလည်း စိတ်မကြည်မလင် ဖြစ်နေတာနဲ့)။ ပန်းခြံထဲရောက်ပြီ ဆိုပါတော့ဗျာ... အဲဒါနဲ့ ပန်းခြံထဲမှာ လမ်းပတ်လျှောက်ရင်း ဟိုကြည့်ဒီကြည့်ပေါ့... ဆော့နေတဲ့ခလေးတွေ... လူကြီးတွေ၊ လူငယ်တွေကို တွေ့တာပေါ့၊ ဒီလိုလျှောက်ရင်းလျှောက်ရင်းနဲ့ ထိုင်ခုံလေးတစ်ခုမှာထိုင်နေတဲ့ ကောင်လေးတစ် ယောက်ကို တွေ့တယ်ဗျ။ သူ့ပုံစံက အင်္ကျီရှပ်လက်ရှည်၊ ပုဆိုးကလူကြီးတွေဝတ်မှ လိုက်ဖက်မယ့် အကွက် ကျဲကျဲအဆင်မျိုးနဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ပုံမျိုးလေးနဲ့ပါ။ ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးခံစားရတာမို့ ကောင်လေး ကိုကြည့်နေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြန်တော့လည်း လူတွေကသွားလာနေကြတာပဲ၊ ဒီကောင် လေးကိုဂရုတစ်စိုက်မရှိကြဘူး၊ သတိပဲ မထားမိတာလားတော့မသိဘူး။ ဒီလိုနဲ့ကျွန်တော်လည်း ကောင်လေး အကြောင်းကိုစဉ်းစားရင်း အိမ်ကိုပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ ဒီကောင်လေး ပန်းခြံကို ထပ်လာဦး မယ်နဲ့ တူတယ်...အင်း... အဲဒီအခါကျမှ ကောင်လေးကို အားပေးစကားလေး ဘာလေးပြောဦးမယ်လို့ စဉ်းစားလိုက်တယ်။ နောက်တစ်နေ့ရောက်တော့ ကျွန်တော်ကောင်လေးကိုထပ်ရှာပါတယ်၊ အရင်နေ့က နေရာမှာပဲထပ်တွေ့တယ်ဗျ၊ အဲဒီကောင်လေးက မနေ့ကအတိုင်း မျက်နှာမသာမယာလေးနဲ့ပဲ။ ကျွန်တော်လည်း သူ့အနားကိုသွားပြီး နှုတ်ဆက် လိုက်ပါတယ် "ညီ...မင်းတစ်ယောက်ထဲလားကွ"။ သူကလန့်သွားတဲ့ပုံစံနဲ့ "ဟုတ်ကဲ့ အစ်ကို" ဟုပြန်ပြောတယ်။ ဒီလိုနဲ့သူနှင့်ကျွန်တော် စကားတွေပြောကြပါတယ်။ အချိန်တော်တော်ကြာလာတော့ အမှောင်က၀င်စပြုလာပါပြီ။ ပန်းခြံထဲမှာ လူလည်းမရှိတော့ပါဘူး။ ဒါနဲ့ပြန်ခါနီးမှာ ကျွန်တော်ကသူ့ကို အားပေး တဲ့အနေနဲ့ "ညီ...မင်းအစ်ကို့ကို မင်းရဲ့အစ်ကိုတစ်ယောက်လို သဘောထားပြီး အကူအညီတောင်းပေါ့ကွာ" လို့ပြောလိုက်ပါတယ်။ ကောင်လေးက အံ့အားသင့်တဲ့အမူအရာနဲ့ "ဟုတ်ကဲ့...အစ်ကို၊ ဒါနဲ့ အစ်ကိုက ကိုယ့်ကိုကိုယ်ထက် အခြားသူတစ်ယောက် ရဲ့ကိစ္စကိုအရေးထားပြီး ဂရုစိုက်နေတယ်နော်။ အဲဒါဟာဘာကြောင့်လဲ? အခြားလူတွေလည်း သွားလာနေကြ တာပါပဲ၊ ကျွန်တော့်ကို အထူးတလည်ဂရုစိုက်ခြင်းမရှိကြဘူး၊ သူတို့ဘာသာသူတို့ အဆင်ပြေသလို သွား လာနေကြတာပါပဲ၊ အစ်ကိုတစ်ယောက်ထဲသာ ကျွန်တော့်ကိုလာမေးတာ၊ ပြီးတော့ အစ်ကိုကကျွန်တော့်ကို ဘယ်လိုထင်လဲ၊ အစ်ကို့စိတ်ထဲမှာရော ကိုယ့်ကိုကိုယ်... ငါဟာပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ပီလား ဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးမိလား... အစ်ကို"
ပြီးသွားပါပြီ။ ကျွန်တော့်ရဲ့အလုပ်ကဒီမှာတင် ပြီးသွားပြီလေ။ ကျွန်တော်နဲ့အဲဒီကောင်လေးဟာ တိတ်တဆိတ် နဲ့လမ်းခွဲလိုက်ကြပါတယ်။ အိမ်အပြန်လမ်းမှာ ကျွန်တော့ကိုယ်ကျွန်တော် တစ်ခါမှမမေးဘူးတဲ့ မေးခွန်းတစ်ခုကို မ၀ံ့မရဲ ပြန်မေးလိုက်မိပါတယ် "ငါကောပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်နေလို့လား"

Tuesday 6 November 2012

မိဘမေတ္တာ



          မိဘတို့ရဲ့ မေတ္တာဟာ တုနှိုင်းလို့မရနိုင်ပါဘူး။  လူတွေမပြောနဲ့ တရိစ္ဆာန်တွေတောင်မှ သူတို့ရဲ့ သားသမီးတွေကို အသက်နဲ့ လဲပြီးတော့ ကာကွယ်စောင့်ရှောက်ကြပါတယ်။  ချီလီနိုင်ငံ Santa Rosa de Temuco ဆိုတဲ့ မြို့ကလေးမှာမီးလောင်မှု့ဖြစ်ပွားတော့ Amanda ဆိုတဲ့ ခွေးမကြီးဟာ သူ့ရဲ့ ၁၀ ရက်သာရှိသေးတဲ့ ခွေးကလေးတွေကို မီးလောင်တဲ့နေရာကနေ တစ်ကောင်ချင်းစီ ကိုက်ချီလို့ မီးသတ်ကားဆီကို သယ်လာတဲ့ မြင်ကွင်းလေးပါ။  ဒါပေမယ့် စိတ်မကောင်းစရာကတော့ ခွေးကလေး ၅ ကောင်ထဲက Amparo ဆိုရဲ့ ခွေးငယ်ကလေးကတော့ မီလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။  ကျန်တဲ့ ခွေးကလေး ၅ ကောင်ကတော့

Saturday 27 October 2012

အင်တာနက်ကောင်းကျိုးနဲ့ဆိုးကျိုး


 
 
ယနေ့ခေတ်မှာ အင်တာနက်က မရှိမဖြစ်အရေးပါတဲ့ အစွမ်းထက်ဆုံး ဆက်သွယ်ရေးကွန်ယက်၁ခုဖြစ်ပြီး ကမ္ဘာအနှံ့သုံးစွဲနေကြပါတယ်။ ယနေ့ကမ္ဘာတဝှမ်း ဖြစ်ပျက်နေတဲ့သတင်းအချက်အလက်များ၊ ဖျော်ဖြေရေး၊ နည်းပညာနဲ့ အခြားဝန်ဆောင်မှုများစွာကို ပေးစွမ်းနိုင်တဲ့ စွမ်းအားရှင်၁ပါးလည်း ဖြစ်ပါတယ်။

သင်သိချင်တဲ့ ဘယ်အကြောင်းအရာကိုမဆို web browserမှာ သင်ရှာဖွေမယ့်အရာကို Key boardပေါ် ရိုက်ထည့်ပြီးEnterနှိပ်

Monday 22 October 2012

မြစ်ကြီးလေးသွယ် ၀တီလေးရပ်



.ရခိုင်ပြည်နယ်သည် တောင်ကုန်း တောင်တန်းပေါများသကဲ့သို့ မြစ်ချောင်းများလည်း ပေါများသည်။အချို့သော မြစ်များသည်ရှည်၏။ အချို့သောမြစ်တို့သည် ကျယ်၏။ အားလုံးသည် ဘင်္ဂလားပင်လယ်ထဲသို့ အခြားမြစ် တစ်ခုသော်လည်းကောင်း၊ တိုက်ရိုက်သော်လည်း ကောင်း စီးဝင်ကြသည်။ ထိုမြစ်တို့သည် ရခိုင်ပြည်နယ်အတွက် အရေးပါသော မြစ်များပင် ဖြစ်ပေသည်။

အင်တာနက် အလွန်အကျွံသုံးလျှင် ဦးနှောက်ကို ထိခိုက်နိုင်

ဆယ်ကျော်သက်များ အင်တာနက်ကို အလွန်အကျွံ သုံးခြင်းသည် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ဆေးရုံများမှ သုတေသနပညာရှင်များ၊ သိပ္ပံသုတေသ်ီများ၏ လေ့လာမှုအရ သိရှိရပါသည်။

သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ အင်တာနက် သုံးချိန် ကြာမြင့်လေလေ ဦးနှောက်ကို ထိခိုက်လေဟု ဆိုသည်။ အင်တာနက်ကို အချိန်ကြာမြင့်စွာသုံးခြင်းဖြင့် အာရုံ စူးစိုက်နိုင်စွမ်းနှင့် မှတ်ဥာဏ်အပေါ် သက်ရောက်မှု ရှိစေရုံ သာမက ဆုံးဖြတ်ချက်များ ချနိုင်စွမ်း၊ ရည်မှန်းချက်များ ချမှတ်နိုင်စွမ်းကို လျော့ကျစေကာ ပုံမှန် မဟုတ်သည့် အပြုအမူများ ဖြစ်ပေါ် စေတတ်သည်ဟု ဆိုသည်။
အင်တာနက် အသုံြးု့ပုချိန် လွန်ကျွံမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်
အင်တာနက် အသုံြးု့ပုချိန် လွန်ကျွံမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *