Subscribe:

Monday 4 March 2013

”“ ကိုယ်ကျင့်တရား "

ဒီကမ္ဘာမှာ  ကျနော်ဟာ  အပျော်ရွင်ဆုံး လူတစ်ယောက်ပေါ့ဗျာ။

 ဘာလို့လဲဆိုတော့  ကျနော်မှာ လိမ္မာယဉ်ကျေးတဲ့ ချစ်စဖွယ် ချစ်သူလေးတစ်ယောက်ရှိတယ်လေ။ 
ကျနော်နဲ့ ကျနော့် ချစ်သူလေးဟာ ချစ်သူတွေ အဖြစ်နဲ့  တနှစ်တာကာလကို  ဖြတ်သန်းပြီတဲ့ အခါ
မှာတော့ လက်ထပ်ဖို့  ဆုံးဖြတ်လိုက်ကြတယ်။ အဲ.. အစစ အဆင်ပြောချောမွေ့နေတဲ့ ကျနော့်ကို 
ဒုက္ခပေးနေတာ တစ်ခုတော့ရှိတယ်ဗျ ၊ အဲဒါကတော့ .. ကျနော့်ချစ်သူရဲ့ ညီမလေးပေါ့ဗျာ။ သူက 
အသက်က ၂၀ ကျော်ကျော်လေးရယ် ။ လှပကျော့ရှင်းတယ် ၊ ဆွဲဆောင်မှုရှိတယ် ၊ ပွင့်လင်း ရဲတင်း
တယ် ၊ 


   ပြီးတော့  ၀တ်လိုက်ပြန်ရင်လဲ  ကိုယ်ကျပ်အင်္ကျီးနဲ့  စကပ်တိုတိုနဲ့ ၊ အိမ်မှာနေရင်းဆိုရင်တော့ဗျာ
ကိုယ်ကျပ်အကျီကို ၀တ်တာက  အတွင်းခံ ဘရာစီယာတောင် မပါဘဲဝတ်တာဗျ။ သူတို့ အိမ်ကို သွား
လည်တိုင်း မြင်နေရတာ ။ မခက်လားဗျာ။ 

Sunday 13 January 2013

မလေးရှားမှာ ခဏတာတွေ့ဆုံခြင်း ရန်ကုန်သူနဲ့ မာန်အောင်သား အချစ်ဇာတ်လမ်း

ကျွန်တော်သူငယ်ချင်း မောင်လေးနိုင်  ကေအေလ်( KL )  ကို ရောက်နေ၍  .မြန်မာဆိုင်ကတဆင့် ကျွန်
တော်ကို ဖုန်းဖြင့် အကြိမ်ကြိမ်နဲ့လှမ်းခေါ်နေ၍ ကျွန်တော် ဖုန်းကို လှမ်းကိုင်လိုက်သည်မှာ ဟဲလို ..friend
(့how are you ) ဒီလိုပဲ နုတ်ဆက်ပြီးတော့  ငါ ၀င်းကိုနဲ့တူတူ မြန်မာဆိုင်မှာဘီယာဆွဲနေတယ်ကွာ .သူနဲ့မ
တွေ့တာကြာပြီဆိုတော့ အလွမ်းပြေ ဘီယာနဲ့ ဧည့်ခံကျွေးမွေးပြီး  ဖြေဖျော်ပေးရဒယ်လေ...ဟေ့ကောင်ရေ
  မင်းလည်း အခုလာခဲ့နော် ငါ့တို့တွေ စောင့်နေမယ် ၊မလာရင်တော့ မလွယ်ဘူးမှတ် ၊ မင်းဝင်းကိုနဲ့စကား
ပြောလိုက်အုံး ဒီကောင်လည်း အတင်းအားတမ တကယ်လာခဲ့နော် မလာရင် တကယ်သတ်မယ့်အတိုင်း လာဖြစ်အောင်လာခဲ့ပါဆိုတာဒေးပဲ ဒီစကားတွေကိုဘဲ ဆက်ကာဆက်ကာ ပြောနေမိသည် ၊ အေးပါကွာ
လို့ ကျွန်တော်လည်း လာခဲ့မယ်ဟု ကတိပေးလိုက်မိသည် ၊  .၀င်းကိုက  လုပ်ချလိုက်သေးတယ် ငါ့ကိုကွာ
တဲ့  ဆော်တွေ  ၀ိုင်းဝမ်းချူနကြလို့  ထိုင်ရမှာလို ၊ ထရမှာလို  ဖြစ်နေတယ် ၊ ငါ့မနေတတ်တော့ဘူးတဲ့ ၊ .
 ( အော်  ၀င်းကိုသည် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတော့လည်း  နည်းနည်းလေးတော့အကြွားမသ
န်ဘဲ မနေနိုင်ပုံပေါက်၏..   )

Thursday 13 December 2012

အထီးကျန် အလွမ်း

ညက တိတ်ဆိတ်လှသည်။ နွေညမို့ထင့်။ အခန်းတွင်းဝယ် ပန်ကာ လည်သံက တ၀ီဝီ မြည်နေသည်။
တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် အိမ်မြှောင် စုတ်ထိုးသံက တိတ်ဆိတ်သော ညမှာ ကျယ်လောင် နေပြန်သည်။ အောက်ဆီဂျင် ပိုက်မှ စီးဆင်းနေသည့် လေကိုရှူကာ မိုးနှစ်ခြိုက်စွာ အိပ်မောကျ နေသည်။ မနေ့က နေ့လယ်ခင်း ကတည်းက နာကျင်အော်ဟစ် ညည်းညူ နေရ၍ပင် ပန်းလှပြီထင့်။ အိပ်ပါစေလေ။ ဆေးအရှိန်နှင့် မိုးသက်သာစွာ အိပ်ပျော် နေမည်ဆိုလျှင် သူကျေနပ် နေသည်။

Friday 23 November 2012

''မောင်လှမျိုး(ချင်းချောင်းခြံ) - ချစ်သူနဲ့ ဝေးရတဲ့ကံ''

မောင်လှမျိုး ၀တ္ထုတွေကိုဘဲ လျှောက်လျှောက်တင်နေတယ်ဆိုပြီတော့ မပြောကြပါနဲ့ တကယ်ကောင်း
ပါတယ်၊  ကြိုက်ခဲ့တာလည်း ခါခါ ၊  ဖတ်ခဲ့တာလည်း မ၇ည်တွက်နိုင်ပါ ၊ ဆိုသလိုပဲ ၊ သူငယ်ချင်းတွေကို
လည်းဖတ်စေချင်ပါတယ် ၊  အချစ်ဝတ္ထုတွေမှာ  ဘာသာရေးဇာတ်လမ်းလေးတွေ ထည့်ပေးတာကြောင့်
မေ့ပျောက်၍ မရနိုင်ခဲ့တာ ဆရာမောင်လှမျိုး ၀တ္ထုစာအုပ်တွေပါ .. .. စကားလည်း၇ှည်လိုက်တာ  သူ
တို့တွေ စိတ်ဆိုးနေအုံ့မယ် ၊ အောက်မှာ ယူလိုက်တော့ .free ပေးနေပါတယ်ဗျာ .. အားလုံးပျော်ရွင် နိုင်စေ


သူငယ်ချင်းတို့ရေ ...ကိုယ်ကတော့ ဒေါင်းဆွဲလိုက်ပြီ


 








 အချစ်သီဆိုရာသီချင်း-မောင်လှမျိုး(ချင်းချောင်းခြံ)




မောင်လှမျိုး(ချင်းချောင်းခြံ) - ချစ်သူနဲ့ ဝေးရတဲ့ကံ                                                 


မောင်လှမျိုး-အသည်းနှလုံး၏ကြေငြာစာတမ်း                                                  




 ထပ်ဆင့် အလွမ်းနှင့်ရင်တွင်းဖွဲ့ ဝေဒနာများ
 



မောင်လှမျိုး-လက်ခုပ်မိုး




မောင်လှမျိုး-ဒေါက်တာနတ်အိုးကွဲနှင့် စိတ်၏ အပိုင်းအစများ
 



မောင်လှမျိုး-အလွမ်းဖြင့်သီကုံးသော အချစ်၏ကျောက်စာဟောင်း   

Monday 19 November 2012

မောင်လှမျိုး (ချင်းချောင်းခြံ)


         

             ကျွန်တော်ရဲ့ အဖတ်အဖြစ်ဆုံး ၀တ္ထုတွေထဲမှာ ဆရာ မောင်လှမျိုးစာအုပ်တွေ
သာအဓိကပါဝင်ပြီး ၊ အကြိုက်ဆုံးလို့လည်း ပြောရမှာလိုဖြစ်နေပြီ ၊ ဟီဟီ.. အဲဒါနဲ့ ကျွန်
တော်ရဲ့ အိမ်လေးမှာ အမှတ်တရလေးဖြစ်အောင်  သိမ်းဆဲထားချင်တာကြောင့်ရေ .. 
ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ ဝတ္တုလေးတွေကို ရသလောက်လေးကို စုစည်း
ပြီးတင်ပေးလိုက်ပါတယ်ဗျာ။ ဒေါင်းလော့ချပြီး သိမ်းထားချင်သူတွေအတွက် ဒေါင်းလော့
လင့်လေးတွေ တစ်ခါထဲ ချိတ်ပေးထားပါတယ်။ ဆရာရဲ့စာအုပ်တွေက ရှာရတာနဲနဲခက်
တော့ သိပ်အများကြီးတင်မပေးနိုင်တာတောင်းပန်ပါတယ်။ ဒီမှာပဲ ဖတ်ချင်တယ် ဆိုရင်
စာအုပ်အမည်လေးကို ကလစ်ပြီးဖတ်နိုင်သလို ဒေါင်းချင်တဲ့သူတွေကလဲ ဒေါင်းလော့
ဆိုတဲ့ ပုံလေးကို ကလစ်ပြီးဒေါင်းပေါ့နော်။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။







(၁) အချစ်သီဆိုရာ သီချင်း 

                                                  


(၂) ထပ်ဆင့်အလွမ်းနှင့် ရင်တွင်းဖွဲ့ဝေဒနာ



Sunday 11 November 2012

ရင်ထဲမှပဲ ချစ်နေပါရစေ.......



ဂျူတီကုတ်အဖြူရောင်လေးကို ၀တ်ဆင်ပြီး ကျွန်တော်မှန်ရှေ့တွင် ရပ်လိုက်သည်။  ကျွန်တော့်ရဲ့ ဖြူဝင်းသော အသားဟာ ဒီကုတ်လေးနဲ့ အလွန်လိုက်ဖက်နေပြီး နားကြပ်ကလေးနှင့် ကျွန်တော်ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ပြီ။ ကျွန်တော် အတက်ချီကေ့စ်လေးကို ဆွဲပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည်။ ကျွန်တော့်ရဲ့ ကားပြာလေးကို ဖြေးညင်းစွာ မောင်းနှင်ရင်း ကျွန်တော်တာဝန်စကျမည့် ဆေးရုံသို့ ထွက်ခွာလာခဲ့သည်။ ကားကို ကမ်းရိုးတန်းလမ်းအတိုင်းမောင်းနှင်လာရင်း ပင်လယ်လေကို တ၀ရှူမိသည်။ ကြည်လင်ပြာနှမ်းနေသော ပင်လယ်ပြင်ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ ဆို့နှစ်မိသည်။ အလွမ်းတွေက နှလုံးသားဆီသို့ ဦးတည်လာပြန်ပြီလား...။

ကျွန်တော့်အာရုံမှာ မျက်ရည်စတွေနဲ့ နွယ့်ကို ပြန်မြင်ယောင်လာသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မြန်မာနိုင်ငံရဲ့ နယ်မြို့လေးတစ်မြို့မှာပေါ့.....။

Saturday 10 November 2012

အချစ်ဆိုသော.



ဖျတ်ကနဲ စိမ်းလာသော သူ့နစ်လေးကို မြင်လိုက်တော့ ခိုင်မဲ့ကနဲ ပြုံးလိုက်သည်။  

`မင်္ဂလာပါရှင်။ ရှင်ဒီနေ့လာတာ စောသားပဲ..။ ကျွန်မလည်း စောစောပြန်ရောက်တာနဲ့ ရှင့်ကိုစောင့်နေတာ`

`အဟား..။ ခင်ဗျားက ကျွန်တော့်ကို တိတ်တိတ်လေးမျှော်နေပုံပဲ..။  ကျွန်တော်လည်း ဒီနေ့ သွားစရာလေးတွေ ရှိနေတာနဲ့ ကြာသွားတယ်..။ ဒီအချိန်လောက်ဆို ခင်ဗျားညစာစားပြီးလောက်ရောပေါ့...။  ကျွန်တော်တစ်ယောက်တည်း စားရတော့မယ့်ပုံပဲ... ။ `

Wednesday 7 November 2012

"' ဆိတ်ကွယ်ရာ အရပ်မရှိသော...""

ကျွန်တော်ဟာ တကယ်ပဲ တဘ၀လုံးပျက်သုဉ်းသွားပြီလား ဆိုတာကို ဘယ်လိုမှ စဉ်းစားလို့ မရတော့ပါ။ သေချာတာကတော့ အရှက်တွေနဲ့ ခေါင်းမဖော်နိုင်အောင် ခံစားနေရတာပါပဲ... 

ဝသန်



ဝသန်ဆိုတဲ့ ကျွန်တော့်မှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်။ `သီဟ` လို့ခေါ်တဲ့ သူနဲ့ ၀သန်ဆိုတဲ့ ကျွန်တော်တို့ဟာ ဟိုးငယ်ငယ်လေးကတည်းက ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းတွေပေါ့..။ အိမ်နီးနားချင်း တဖြစ်လည်း မိသားစုချင်းရင်းနှီးကာ သူငယ်တန်းမှ ဆယ်တန်းအထိလည်း အတူတူကျောင်းတက်ဖက် ဖြစ်ခဲ့သည်။  ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ဦးတည်းသော သားများဖြစ်နေခြင်းက ကျွန်တော်တို့ကြားက ချစ်ခြင်းကိုပိုပြီး ခိုင်မာစေခဲ့လေသလား...။ ညီအစ်ကိုအရင်းလို ချစ်ခင်ရင်းနှီးခဲ့ကြလေသည်..။

'''အလိုချင်ဆုံးဖြစ်ခဲ့သော မလိုချင်မှု '''


`ကလင်..ကလင်...ကလင်....`


ဆူညံစွာ ထွက်ပေါ်လာတဲ့ နှိုးစက်ကြောင့် ကျွန်တော်စိတ်တိုသွားသည်။  မျက်လုံးကို မဖွင့်သေးပဲ နှိုးစက်ကို ပိတ်လိုက်ရင်း စောင်ကို ခေါင်းမြီးခြုံကာ ပြန်အိပ်မည်အလုပ် ခြေသံများက အခန်းတံခါးကို ဖွင့်လာဝင်ရောက် လာကြသည်..။


`မင်္ဂလာနံနက်ခင်းပါ။ အခု နံနက် ၆ နာရီထိုးပြီဖြစ်လို့ အိပ်ရာထပါတော့..။ မျက်နှာသစ် အိမ်သာတက်၊ ရေချိုးချိန် ၄၅ မိနစ်ကွက်တိရပါတယ်။ ၇ နာရီထိုးခါနီး ၅ မိနစ်အလိုမှာ နံနက်စာကို သုံးဆောင်ပြီး ၇ နာရီခွဲမှာ စတူဒီယိုကို ထွက်ခွာရပါမယ်...။ ..... ..... .... ..`

'' ချစ်သူရဲ့ တံတိုင်း ''

ရက်တွေ လတွေ အလီလီပြောင်းလာခဲ့ပေမယ့် သူမကို ကျွန်တော်ချစ်နေဆဲ ဖြစ်ပါသည်။ သူမကလည်း ကျွန်တော့်ကို ချစ်နေဆဲ ဖြစ်သည်။ ကျွန်တော်တို့သည် သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ပါသည်။


(၁)

သူမကို ကျွန်တော်ခဏခဏ မေးဖြစ်ခဲ့တဲ့ စကားလေး ရှိပါသည်။

`ငယ်.. မောင့်ကို ဘယ်တုန်းက ချစ်ခဲ့တာလဲ` လို့ပါ။ အဲဒီအခါ သူမက မျက်စောင်းလှလှလေးထိုးလို့...

`မောင်.. ငယ့်ကို သတိမထားခင်ကတည်းက ချစ်ခဲ့တာပါ` လို့ ဂုဏ်ယူစွာဖြေပေမယ့် ကျွန်တော်ကလည်း

`ဟားဟား... လူညာမလေး... ငယ်သာ မောင့်ကို မသိခင်ကတည်းက မောင်က ချစ်နေရသူပါကွယ်... ` လို့ အနိုင်မခံအရှုံးမပေး ပြန်ပြောတတ်ပါသည်။

'' လသာသော ည ''


(၁)
`မေမေ... သားသေးပေါက်ချင်တယ်... လိုက်ပို့ပေး..`

သုံးနှစ်သားအရွယ် ကျွန်တော်ရယ်ပါ...။ ရန်ကုန်နှင့်ဝေးရာ နယ်ဒေသမှာမို့ အိမ်သာနှင့် အိမ်ဆိုတာ တကွဲတပြားစီ ထားလေ့ရှိသည်။ ဒီတော့ ညဘက်တွေမှာ ကျွန်တော်တစ်ယောက်တည်း အိမ်သာမသွားဝံ့ပါ..။ ဒါကြောင့် ဧည့်သည်တွေနှင့် စကားပြောနေသည့် မေမေ့လက်မောင်းကို ဆွဲခေါ်ရင်း လိုက်ပို့ခိုင်းမိသည်။

`ဟာကွာ... ယောက်ျားတဲ့ကွာ.. အပြင်တောင် တစ်ယောက်တည်းမသွားရဲဘူး..။ မင်းမှာေ×ွးကော ပါရဲ့လား`

အိမ်ဘေးက ဦးမောင်ပါ..။ ကျွန်တော့်ကို မထိတထိလှမ်းစနေသည့် ဦးမောင်ကို နှုတ်ခမ်းမဲ့ပြရင်း မေမေ့ကို အတင်းဆွဲခေါ်လာခဲ့သည်။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *