Subscribe:

Friday 5 June 2015

ချန်နရာရဲ့ အကောင်းဆုံး အတွေးအခေါ် (၁၅)ခု





၁) အခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာ ရယူပါ။ သင့်အနေနဲ့ အမှားတွေအားလုံး ကိုယ်တိုင် လိုက်လုပ်ကြည့်ရလောက်အောင် အသက်မရှည်နိုင်ပါဘူး။
(၂) လူတစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့သစ်ပင်တွေဟာ အရင်ဆုံး အခုတ်ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံး ရှင်းထုတ်ခံရတတ်ပါတယ်။
(၃) မြွေတစ်ကောင်ဟာ အဆိပ်မရှိလျှင်ပင် အဆိပ်ရှိချင်ယောင် ဆောင်နေရပါမယ်။
(၄) မိတ်ဆွေဖြစ်ခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကျိုးကြည့်မှုအချို့ ရှိနေတတ်ပါတယ်။ ကိုယ့်ကျိုးမကြည့်တဲ့ မိတ်ဆွေစိတ်ဆိုတာ မရှိပါဘူး။ ဒါဟာ လက်ခံရန် ခက်ခဲလွန်းပေမယ့် ပကတိ အခြေအနေမှန်ပါပဲ။
(၅) အလုပ်တစ်ခုခု မစတင်မှီ မိမိကိုယ်ကို အမြဲတမ်း မေးခွန်းသုံးခု မေးပါ။ “ဒီအလုပ်ကို ဘာကြောင့် လုပ်နေတာလဲ။ အကျိုးရလဒ်တွေက ဘာတွေလဲ။ အောင်မြင်နိုင်ပါ့မလား။” ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစား၊ ကျေနပ်လောက်တဲ့ အဖြေတွေ့မှသာ ဆက်လက်လုပ်ဆောင်ပါ။

Tuesday 5 March 2013

မှတ်မှတ်ရရ စကားစုလေးများ


လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။
 

ပျံသန်းခွင့်.........ပေးလိုက်ပါ။

သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင်  မြန်မြန်လုပ်။

ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။

တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။

တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။

သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။

ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။

ဘ၀ရဲ့ ဒဿန စကားစုများ


ဘ၀ဆိုတာ တံခါးတစ်ချပ်ဖြစ်တယ်။
တံခါးရဲ့ သစ်သားဘောင်ပေါ်မှာ ထွင်းထုထားတဲ့
ကနုတ်ပန်းအပြောက်အမွှန်းတွေ .... ပန်းပုရုပ်လုံးတွေကို
ငေးကြည့်ရင်မောနေစရာမလို....
အဓိပါယ်ဖွင့်ဆို တွေးတော တွေဝေနေစရာမလို ...

ငါတို့ လုပ်ရမယ့် အလုပ်က အဲ့ဒီတံခါးကို တွန်းဖွင့်ဝင်သွားဖို့ပဲ ဖြစ်တယ်။

-------------------------

ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင် ကျနေတယ်...
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
မှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှ မပြောင်းလဲ သွားပါဘူး။

လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ် ....
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။

လောကကတော့ ဘာမှ မပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း-အမှောင်ကို ထွန်းညှိနေတာပါ။

အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ 


အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေးထား လိုက်နာပါ
=========================================================

* ဘာလုပ်လုပ် အောင်မြင်မယ်လို့  ယုံကြည်စိတ် အပြည့် ထားပါ။

* ကိုယ့် ကိုကိုယ် အားကိုးပါ။

* သူ့ တစ်ပါးအမှား ကို သင်ခန်းစာယူပါ။

* ဘယ်သူ့ ဆီကမှ အလကား မလိုချင်ပါနဲ့ ။

* ကူညီပေးကမ်း လှူဒါန်းချင်စိတ် အမြဲ ရှိပါ။

* ရေရှည်အတွက် တွေးပြီး အလုပ်လုပ်ပါ။

* ကိုယ့် ရဲ့  အားနည်းချက် အားသာချက်ကို အမြဲတမ်း ဆန်းစစ်ပါ။

* ကိုယ့် ကျင့် သိက္ခာနဲ့  ပက်သက်လာရင် ဘယ်တော့ မှ အပေးအယူ မလုပ်ပါနဲ့ ။

* အချိန်ရဲ့  တန်ဖိုးကို သိပြီး အချိန်ကို မဖြုန်းမိပါစေနဲ့ ။

* ဘာပဲလုပ်လုပ် ဇွဲလုံ့ လ ၀ီရိယရှိပါစေ။

* မိတ်ဆွေ ကောင်းတွေကို တန်ဖိုးထားပါ။

* ချိုသာပျူငှာ စွာ ဆက်ဆံတတ်ပါစေ။

* လောကကို အကောင်းမြင်စိတ်ရှိပါ။

* မိမိဘ၀ အတွက် ခွန်အားဖြစ်စေတဲ့  စာအုပ်မျိုးစုံကို အချိန်ပေးဖတ်ပါ။

  မှတ်ချက် - ဆရာ ကောင်းသန့် ရဲ့  သမီးလေး ဖတ်ဖို့  စာအုပ်လေးမှ
ဖတ်ခဲ့ ရတာလေး ကို ပြန်လည် ရေးသားခြင်း ဖြစ်ပါသည်။

Monday 28 January 2013

'' အိန် ဖတ်မိသော ဒသနစုများ

ပညာ၏ အမြစ်များသည် ခါးသည်း၏ ...သို့သော်..အသီးကား ချိုမြိန် လှသည်။ ( အာရစွ့်တိုတယ် ) # ဆုပ်ထားသော လက်သီးဖြင့် လက်ဆွှဲနုတ်ဆက်ရ်ျ မရနိုင်ပါ။ ( အင်ဒီရာ ဂနွီ ) # အဆိုးမြင်ဝါဒီ သမားများသည် အခွင့်အရေးတိုင်းမှာ အခက်အခဲကို မြင်ရ်ျ ... အကောင်းမြင်ဝါဒီ သမားများသည် အခက်အခဲတိုင်းမှာ အခွင့်အရေးကို မြင်၏ ။ ( ချာချီ ) # ခနွှာကိုယ်၏ အဓိကလုပ်ငန်းမှာ ဦးနှောက်ကို သွားချင်ရာသို့ သယ်ဆောင်သွားပေးခြင်းပင် ဖြစ်သည်။ ( အယ်ဒီဆင် ) # အမြင့်ဆုံးရောက်ပြီးရင် ပြန်ကျရတာ ဓမွှတာပါ... မကျချင်ရင် ကြိုတင်ပြင်ဆင်ရ...မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်ရ...

Sunday 13 January 2013

ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှပြန်မမျှော်လင့်ဘဲနဲ့
ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့
သတ္တိလိုပါတယ်။
ရာနှုန်းပြည့်ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့
ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့
သတ္တိလိုတယ်။
ကိုယ့်ဘ၀ထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့
သတ္တိလိုတယ်။
ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုးမထားဘဲ
ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့
သတ္တိလိုတယ်။
အရှုံးအမြတ်မတွက်ဘဲ ချစ်နိုင်ဖို့
သတ္တိလိုတယ်။
အနိုင်အရှုံးမရှိဘဲ ချစ်နိုင်ဖို့
သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့
သတ္တိလိုတယ်။
တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။
ဆရာတော် ဦးဇောတိက

Wednesday 12 December 2012

ဘီလ် ဂိတ် ဘယ် လောက် ချမ်း သာ သလဲ့ ?

၁) ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅ဝ ဖြစ်တယ်။ တစ်နေ့ဝင်ငွေက သန်း၂ဝကျော် ဖြစ်တယ်။ တကယ်လို့ သူ့ပိုက်ဆံအိတ်ကနေ ဒေါ်လာ၁ထောင် ကျသွားရင်တောင် ဘီလ်ဂိတ် ကောက်ချင်မှကောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခါးကိုင်းပြီး ကောက်လိုက်တဲ့ အချိန်၎စက္ကန့်ရဲ့ ဝင်ငွေဟာ အဲဒီငွေနဲ့ ညီမျှလိုပဲဖြစ်တယ်။

၂) အမေရိကန် အစိုးရတင်နေတဲ့ အကြွေးက 5.62 trillion dollars ဖြစ်တယ်။ ဘီလ်ဂိတ်ကို အဲဒီအကြွေးတွေ ဆပ်ခိုင်းဖို့ရာ အချိန်(၁ဝ)နှစ်ပဲ လိုပါလိမ့်မယ်။

၃) ဘီလ်ဂိတ်ရဲ့ ချမ်းသာမှုဟာ အမေရိကန်အစိုးရစုထားတဲ့ ရွှေတန်ဖိုးရဲ့ ၃ဆဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတိုင်း လူတစ်ဦးကို ဒေါ်လာ၁၅ကျပ်နှုန်း ဝေခဲ့ရင်တောင် ဘီလ်ဂိတ်မှာ လက်ကျန်ငွေ ဒေါ်လာ ၅ သန်း ကျန်ခဲ့နိုင်ပါသေးတယ်။

၎) မိုက်ကယ်ဂျော်ဒန်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်တယ်။ ဂျော်ဒန်ဟာ သူ့တစ်နှစ်ဝင်ငွေ သန်း၃ဝကို မစားမသောက်ဘဲ စုခဲ့ရင်တောင် နောင်နှစ်ပေါင်း (၂၇၇)နှစ်စုမှ ဘီလ်ကိတ်ရဲ့ လက်ရှိချမ်းသာမှုနဲ့ ညီမျှမှာဖြစ်တယ်။

၅) ဘီလ်ဂိတ်ဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုရင် သူဟာ နံပါတ် (၃၇)မြောက် အချမ်းသားဆုံးနိုင်ငံ ဖြစ်တယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် နံပါတ်(၁၃)မြောက် အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ IBM ထက်တောင်ကြီးပါတယ်။

Monday 26 November 2012

အလုပ်နဲ့စိတ်ဓာတ်

စိတ်ကိုချောင်ပိတ်မထားပါနဲ့။ တစ်ခုလုပ်လို့ မဖြစ်ရင် ဘာမှလုပ်လို့ မဖြစ်ဘူးလို့ မပြောပါနဲ့။ ဘာတွေလုပ်လို့ဖြစ်သလဲ ဆိုတာကို မေးပြီး ဖြစ်နိုင်တာတွေကို များများစဉ်းစားပါ။ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် လုပ်လို့ဖြစ်တာ ရှိပါတယ်။ သူများတွေ လုပ်လို့ မဖြစ်ဘူးဆိုပြီး ဘာမှ မလုပ်တဲ့ အချိန်မှာ လုပ်လို့ဖြစ်တာကို လုပ်နေတဲ့သူက အောင်မြင်တယ်၊ ကြီးပွားတယ်။ ဥာဏ်ကိုသုံးပြီး ဘ၀ကို တီထွင်နေတဲ့သူဟာ ဘာမှ လုပ်လို့ မဖြစ်ဘူးလို့ ဘယ်တော့မှ မတွေးဘူး။

(နှာ-၃၆၄၊ “တွေးမိတိုင်းပျော်တယ်”၊ ဆရာတော်ဦးဇောတိက)

ကိုယ်လုပ်ချင်တာချည်းပဲ အမြဲတမ်းလုပ်ရတဲ့လူ ဆိုတာကတော့ မရှိလောက်ပါဘူး။ လူတော်တော်များများဟာ အခြေအနေအရ ကိုယ့်ရဲ့ အရည်အချင်း၊ ကိုယ့်ရဲ့ အချိန်ကို ရောင်းရတယ်။ အလုပ်လုပ်တယ် ဆိုတာ အမှန်တော့ အရည်အချင်းနဲ့ အချိန်ကို ရောင်းတာပဲ။ သို့သော် ကိုယ်ပိုင်အချိန်နဲ့ ကိုယ့်ဟာကိုယ် လုပ်ချင်တာတွေ လုပ်ဖို့အတွက် လွတ်လပ်မှု ရှိရမယ်။ အဲဒါမရှိရင်လည်း ဘ၀မရှိတော့ဘူး။

Friday 23 November 2012

'ဘီလ်ဂိတ်ပြောတဲ့ ဘဝ(၁၁)ခုပါ '

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

Saturday 17 November 2012

'' ရည်မှန်းချက်ပန်းတိုင် ''

လင်းလက်တောက်ပတဲ့နေ့သစ်ရောက်ဖို့အမှောင်ညကိုဖြတ်ကျော်ရသတဲ့။
အောင်မြင်ပျှော်ရွှင်တဲ့ဘဝတစ်ခုရဖို့ဆင်းရဲပင်ပန်းမှုတွေကိုရင်ဆိုင်ဖြေရှင်းရတယ်။
ဘဝမှာပြဿနာတစ်ခုခုနဲ့ကြုံတိုင်းကျနော်ကတော့ဒီစာသားလေးတွေကိုအမြဲ
တမ်းဖတ်ဖြစ်တယ်။
(၁)အများနဲ့မတူတာထူးခြားမှုပဲ၊ထူးခြားမှုဟာအောင်မြင်မှုကိုရစေတယ်။
(၂) ငွေကိုနည်းနည်းကလေးမှစ၍မစုနိုင်လျှင်ဘယ်လိုလုပ်ပြီးအများကြီးကိုရအောင်စု
ဆောင်းနိုင်မလဲ?
(၃)ရွှေကမ္မလာခြုံလွှမ်းထားသော်လည်းမြည်းသည်မြင်းဖြစ်မလာပါ။ ဆိုလိုခြင်းကမိမိ၏ရည်မှန်းချက်သည်ကိုယ်ဘဝအခြေအနေနဲ့ကိုက်ညီဖို့လိုအပ်
သည်၊

Friday 16 November 2012

'' စာပေနှင့်စပ် သိမှတ်စရာ ''



ကျမ်းစာဖတ်နည်း နိဿရည်း
၁။ မိမိနှင့် သင့်တော်သော ကျမ်းစာကိုရလျှင် နေ့စဉ်မှန်မှန် ကြည့်ရှု့ကာ နိဒါန်းမှ စ၍ နိဂုံးတိုင်အောင် ကြည့်ရှု့သင့်ပါသည်။ (နိဒါန်း၌ ကျမ်းစာ၏ ရည်ရွယ်ချက်များ ပါရှိတတ်၍ နိဂုံး၌ ကျမ်းဆရာ၏ အကြောင်း အတ္ထုပ္ပတ္တိ ဖြစ်စေ၊ အရေးကြီးသော အကြောင်းအရာ ဖြစ်စေ ပါရှိတတ်သည်)။
၂။ ထိုကျမ်းစာ၌ ကြည့်ရှု့ရင်းပင် မိမိ နှစ်သက်ဖွယ် အချက်များကို သို့မဟုတ် မိမိသဘောအားဖြင့် မသင့်ဟု မှတ်ထင်ရသော အချက်များကို သို့မဟုတ် မိမိချည်း မဆုံးဖြတ်နိုင်၍ ပညာရှိထံ မေးဖွယ်အချက်များကို အောက်ခြေက မင်သား၍သော်လည်း ထားပါ။ သို့မဟုတ် စာမျက်နှာနံပါတ်ကိုသော်လည်း မှတ်သားထားပါ။

''မှတ်သားဖွယ် အဆိုအမိန့်လေးများ''

စစ်မှန်သည့် အလှူဒါနဆိုသည်မှာ ပြန်လည်မျှော်ကိုးမှု အလျဉ်းမရှိဘဲ
အခြားသူများ အကျိုးရှိစေရန် စေတနာမှန်ပင် ဖြစ်သည်။
အိမာနုယယ် ဆွီဒန်ဘော့ဂ်ျ
True charity is the desire to be useful to others without though of recompense.
(Swedenbrog, Emmianuel)
အခြားလူများအတွက် အကျိုးရှိစေခြင်းသည်
ဤလောက၌ တခုတည်းသော ပျော်ရွှင်အားရစရာပင်ဖြစ်သည်။
ဟန်းစ်ခရစ်ရှန် အင်ဒါဆင်

Friday 2 November 2012

မိသားစုအတွက် အနိမ့်နာခံ

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

ဘ၀အောင်မြင်ရေးအတွက် သော့ချက်


ပညာရှိ တွေးကြည့်ရင်  ရွေးစေ့တောင်မြင်တယ်သတဲ့
ညဏ်အမြော်အမြင်နဲ့ ကြည့်တတ်တာကိုး။။
အဲ့ဒီလို့ ညဏ်အမြော်အမြင်ရှိတဲ့သူမျိုးကို တန်းဖိုးထား။
လေးစားတတ်ရမယ်။အရေးအကြောင်းရှိရင် တိုင်ပင်ဆွေးနွေးပြီး
အကြံညဏ်ကောင်းတွေ တောင်းခံရမယ်။
အဲ့ဒါ ဘ၀အောင်မြင်ရေးအတွက်သော့ချက်တစ်ခုပါပဲ။
သူငယ်ချင်းကိုမီးချောင်းမင်းေ၇ခင်းပြတာတော့ မဟုတ်ဘူးနော်။

စကားတစ်ခွန်းက အရေးကြီးပါတယ်


သူများတစ်ပါးကို ပြောဆိုလိုက်တဲ့ စကားလုံးတွေထဲမှာ အပြစ်တင်၊ကဲ့ရဲ့၊နှိမ့်ချ၊ လှောင်ပြောင် ထိခိုက်နစ်နာစေတာမျိုးတွေ ပါမသွားစေနဲ့နော် ..ဘာကြောင့်လဲဆိုတော့  စကားလုံးတွေကြောင့်
ရတဲ့ဒဏ်ရာဟာ ဓားဒဏ်ရာထက် ပိုပြီးပြင်ထန်တယ်။ ပျောက်ကင်းဖို့လည်း အချိန်ကြာတယ်ဆိုတာ
သူငယ်ချင်းကိုသိစေချင်တယ်..

Wednesday 24 October 2012

''အမျိုးသားရေး သြ၀ါဒ ''a


ကုလားဆိုးတို့က သူတို့ဈေးဆိုင်များတွင် (၇၈၆) ဟူသောသင်္ကေတ၊ လခြမ်း သင်္ကေတ များပြုလုပ်
ထားတတ်ကြရာ ယင်းဆိုင်များမှာ ဈေးမဝယ်ဘဲ မြန်မာတိုင်းရင်းသားပိုင်ဆိုင်များမှာသာ    ဈေးဝယ် သင့်ကြပါတယ်။

ကုလားဆိုးတို့ဆိုင်မှာဝယ်လျှင် အဆိပ်ပင်ရေလောင်းသည်နှင့် တူပါတယ်။        တစ်ခါက ကမ္ဘာကျော် မင်းကွန်းတိပိဋ္ဋကရေဆရာတော်ဘုရားကြီး၏ တပည့်များကုလားဆိုင်များမှာအဆောက်အဦးပစ္စည်းများ ဝယ်ခဲ့ကြသဖြင့် ဆရာတော်ဘုရားကြီးက       ကုလားဆိုင်များက (၁)ကျပ်သာ    အမြတ်တင်၍ 
 မြန်မာတိုင်းရင်းသား ဆိုင်များ (၁၀)ကျပ်အထိအမြတ်တင်ရင်တောင်    မြန်မာတိုင်းရင်းသား ပိုင်ဆိုင်များ မှာသာ ဝယ်သင့်တယ်။        ဘာလို့လဲဆိုတော့ ကုလားတို့မြတ်တဲ့ (၁)ကျပ် က     အမျိုးဘာသာဖျက်ဆီးမဲ့ (၁) ကျပ်ဖြစ်ပြီး       မြန်မာတိုင်းရင်းသားတို့မြတ်တဲ့   (၁၀)ကျပ်က  ဘုရားတည်ကျောင်းဆောက်မှာဖြစ်လို့ပဲ ‘

Monday 22 October 2012

လူလိမ္မာ၏မနော ( အထွေထွေမှတ်သားဖွယ်ရာ)





သင်၏စိတ်ကို မြင့်မြတ်သောအတွေးခေါ်များဖြင့် ပြုစုပျိုးထောင်ပါ ။ ရဲစွမ်းသတ္တိကိုယုံကြည်သူသာလျှင် သူရဲကောင်းဖြစ်နိုင်ပေသည်။
( ကွန်ဖြူးရှပ် )

သင်သည် သူတစ်ဦးအား ခွှင်လွှတ်သည်းခံတိုင်း၊ သည်းခံတိုင်း ထိုသူအား ယုတ်နိမ့်စေ၍ သင့်ကိုယ်သင်သာလျှင် မြင့်မြတ်အောင် အားအင်ဖြည့်တင်းပေးခြင်းဖြစ်လေသည်။
( အမေရိကန်စကားပုံ )






* လောက၌ သူတော်ကောင်း-
သူယုတ်မာ ဟု နှစ်မျိုးရှိ၏။
* သူတော်ကောင်းကို ပေါင်းသင်းသူသည်
စံပယ်ပန်းထုပ်သော ဖက်ရွက်နှင့်တူ၏။
* သူယုတ်မာကို ပေါင်းသင်းသူသည်
ငါးပုပ်ထုပ်သော သမန်းမြက်နှင့်တူ၏။
* ပစ္စုပ္ပန် တမလွန် ဘ၀ကောင်းကျိုး
လိုလားသူတို့သည် စံပယ်ပန်းထုပ်သော
ဖက်ရွက်ကဲ့သို့ ရနံ့ကောင်းအောင်
သူတော်ကောင်းကို ပေါင်းသင်းကြရမည်။

ဘဒ္ဒန္တ ရာဇိန္ဒ မဟာထေရ် ဒသနစကားစု

သီတင်းကျွတ်အလွမ်း

1
                                                                       အမေ....
အမေတို့ရွာ ၊ ခွဲထွက်ခွါ၍ပျော်
ရာမနေ ၊ တော်ရာနေရင်းလေး
သီတင်းတောင်ကျွတ်တော့မယ် ။

ငယ်စဉ်ရက်မြတ် ၊ သီတင်းကျွတ်လျှင်
ရွာစဉ်တစ်လျှောက် ၊ ပြေးခုန်ပေါက်၍
ဗျောက်အိုးဖောက်တမ်း ၊ မီးကျည်ပန်း
လည်းအဆန်းတကြယ် ပစ်ဖူးတယ် ။

မီးပုံးကြီးငယ် ၊ ရောင်စုံခြယ်၍ဘုန်းကြွ
ယ်မြတ်စွာ ၊ ၀တိံသာမှကြွလာခါကောင်း
 စိတ်ညွတ်ပျောင်း၍နှစ်ထောင်းမြိုင်မြိုင် ၊ 
သံချပ်တိုင်ကာတူပြိုင်ခြိမ့်ညံ ၊ မီးပုံးပျံလ
ည်းအာကာယံထဲ လွှတ်ဖူးတယ် ။

အဆိုအမိန့် ဒဿနစကားများ (၃)


*ကြောက်ပါ*
သူတပါးက ကိုယ့်ကိုစော်ကားခံရမှာမကြောက်ပါနဲ့ ၊
ကိုယ်ကသူတပါးကိုစော်ကားလိုက်မိမှာကိုပဲကြောက်ပါ...။
Don't be afraid of an insult of others.
Be afraid of insult on others.
*~~~~~~~~~~~~~~~~~~*
*မငြင်းနဲ့ *
ငါကသာတယ် ၊ သူကညံ့တယ်လို့ ဇွတ်မငြင်းပါနဲ့ ၊
ကမ္ဘာကျော်ကဗျာဆရာ၊ သိပ္ပံပညာရှင်နဲ့ 
စစ်ဗိုလ်ချုပ်ကြီးတို့ ဟာ ယောင်္ကျားတွေဖြစ်ကြသလို
ထောင်ထဲကရာဇ၀တ်သားအများစုဟာလည်း
ယောင်္ကျားတွေပဲဆိုတာမမေ့ပါနဲ့ ...။
Don't refuse that you are better than him.
As the famous poets, scientists and generals are males;
the prisoners in the prisons are also the males. Don't forget it.
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *