Subscribe:
Sunday 13 January 2013
မလေးရှားမှာ ခဏတာတွေ့ဆုံခြင်း ရန်ကုန်သူနဲ့ မာန်အောင်သား အချစ်ဇာတ်လမ်း
ကျွန်တော်သူငယ်ချင်း မောင်လေးနိုင်  ကေအေလ်( KL )  ကို ရောက်နေ၍  .မြန်မာဆိုင်ကတဆင့် ကျွန်
တော်ကို ဖုန်းဖြင့် အကြိမ်ကြိမ်နဲ့လှမ်းခေါ်နေ၍ ကျွန်တော် ဖုန်းကို လှမ်းကိုင်လိုက်သည်မှာ ဟဲလို ..friend
(့how are you ) ဒီလိုပဲ နုတ်ဆက်ပြီးတော့  ငါ ၀င်းကိုနဲ့တူတူ မြန်မာဆိုင်မှာဘီယာဆွဲနေတယ်ကွာ .သူနဲ့မ
တွေ့တာကြာပြီဆိုတော့ အလွမ်းပြေ ဘီယာနဲ့ ဧည့်ခံကျွေးမွေးပြီး  ဖြေဖျော်ပေးရဒယ်လေ...ဟေ့ကောင်ရေ
  မင်းလည်း အခုလာခဲ့နော် ငါ့တို့တွေ စောင့်နေမယ် ၊မလာရင်တော့ မလွယ်ဘူးမှတ် ၊ မင်းဝင်းကိုနဲ့စကား
ပြောလိုက်အုံး ဒီကောင်လည်း အတင်းအားတမ တကယ်လာခဲ့နော် မလာရင် တကယ်သတ်မယ့်အတိုင်း လာဖြစ်အောင်လာခဲ့ပါဆိုတာဒေးပဲ ဒီစကားတွေကိုဘဲ ဆက်ကာဆက်ကာ ပြောနေမိသည် ၊ အေးပါကွာ
လို့ ကျွန်တော်လည်း လာခဲ့မယ်ဟု ကတိပေးလိုက်မိသည် ၊  .၀င်းကိုက  လုပ်ချလိုက်သေးတယ် ငါ့ကိုကွာ
တဲ့  ဆော်တွေ  ၀ိုင်းဝမ်းချူနကြလို့  ထိုင်ရမှာလို ၊ ထရမှာလို  ဖြစ်နေတယ် ၊ ငါ့မနေတတ်တော့ဘူးတဲ့ ၊ .
 ( အော်  ၀င်းကိုသည် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတော့လည်း  နည်းနည်းလေးတော့အကြွားမသ
န်ဘဲ မနေနိုင်ပုံပေါက်၏..   )
         ကျွန်တော်သည် အပြင်ထွက်လျှင်  T shirt ကြပ်ကြပ်လည်း ၊  ဘောင်းဘီကြပ်ကြပ်ဖြင့် (စတိုင်လ် ) စမတ်ကျ လှသော် အ၀တ်အစားများဝတ်ဆင်၍ သွားလေ့သွားထရှိမှာ  သူငယ်ချင်းများအသိပင်မဟုတ်ပါ
လား ၊ ဟိုနေ့ကတောင် မြန်မာဆိုင်က ကောင်းမလေးတစ်ယောက်ပြောသေးတယ် ဒီကောင်းလေး ၀တ်
စားဆင်ယဉ်မှုကတော့ ၀တ်လိုက်ရင်  ''စမတ် '' အရမ်းကျတယ်  သူမပြောတာလည်း သူငယ်ချင်းတွေ ကြားရတဲ့အတိုင်းပါဘဲ..  ကဲ.ကဲ.. ၊အော် ကြော်ငြာက ၀င်လာသေးတယ်  နည်းနည်းကြွားမှစိတ်ချမ်းသာ
လားမသိ ဒီအကျင့်ဆိုးကမပျောက်ချင်သေးဘူး.. ပါလာသေးတယ် ) (တိန် ) ..
          မြန်မာဆိုင်သိဒ္ဒိဝင်ကို ရောက်သွားတော့ သူ့တော့နှစ်ယောက်စားပွဲခုံပေါ်တွင်ဘီယာနှစ်ပုလင်းေ
ထာင်ပြီတော့စကားကောင်းနေပုံကို မြင်တွေ့ရသည်   ၊ ကျွန်တော်ကို မြင်တာနဲ့ လက်ဆွဲနုတ်ဆက်ပြီး လှိုက်လှိုက်လှဲလှဲ တွေ့ရတာ ၀မ်းသာအားရ မိတယ်ဆိုတဲ့ စကားလုံးလည်းတွေကို သူတို့ ပါးစပ်က ဖွင့်မ
 ပြောဘဲမဲ့  သူတော့ မျက်စိထဲတွင် ထပ်ခါတစ်လည်းလည်း ကျွန်တော်ကို ပြောနေမိသည်  ( သူငယ်ချင်းစိ
တ်ပီသလွန်းတဲ့ သူတို့ နှစ်ယောက် ကျွန်တော်ကို အမှန်တကယ် ခင်မင်တယ်ဆိုတာကို  စိတ်ထဲတွင်တွေ
မိရင်း  ပျော်ရွင်နေမိသည်မှာ အမှနှ်ဧကန် ပါ .) 
ကျွန်တော် ဆိုဖာကတ် ကုလားထိုင် တစ်လုံးကို ဆွဲထုတ်လိုက်ပြီး ငြိမ်ငြိမ်လည်း ကုလားထိုင်ပေါ်တင် ထိုင်ချလိုက်သည်   ခေါင်းလေးကို ဖြည်းဖြည်းခြင်းလှည့်၍ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်
 ကောင်းမလေးစားပွဲဝိုင်းနဲ့  တစ်ခြားသော ယောကျာင်္းလေးတွေ စားပွဲဝိုင်း သုံးလေးဝိုင်းကို မြင်တွေ့ရပြီး  ဖန်သားပြင်မှ စိုင်းထီဆိုင် သီချင်းလေးကလည်း အလွန်ပင် နားထောင်သူကို ဖီလင်  ဖြစ်စေသည် . ကျွန်
တော်ကို ဘီယာတစ်ခွက်ငှဲ့ ပေးပြီး သူငယ်ချင်းသောက်ကွာ ၊ ကျွန်တော်လည်းဘယ်လိုပြောရမှန်းမသိ  
အခုတလော ဘီယာသောက်လို့မရဘူးကွာ  ၊ ငါကျန်းမာရေးသိပ်မကောင်းဘူး ပြောတော့သူ့တို့က မရဘူး
 သောက်ကို သောက်ရမယ်ဆိုတာတည်းဘဲ ဖိအားပေးနေတယ် ။ ဘေးနားမှ ဒေါက်တာကြီး ၀င်းကိုက ဘီယာသောက်လို့ ဘာမှလည်း ရောဂါဖြစ်လာမှာမဟုတ်ဘူး ၊သောက်.. သောက် ..သောက်... ပတ်ဝန်
ကျင်က  ကျွန်တော်တို့ စားပွဲဝိုင်းကို  ကြည့်နေမိသည်ကို ကျွန်တော် ရိတ်မိသည် ၊ ဘယ်လိုမှ ဒီကောင်တွေ
ကို ငြင်းလို့၇မယ့် ပုံမပေါက် ၊  အေးပါကွာ မင်းတော့ ကျေနပ်အောင် ငါဘီယာ တစ်ဗူး သောက်မယ်..ဟုတ်
ပြီလား ၊ အေးအေး ဒါဆိုလည်း ပြီးရော..  သူငယ်ချင်းသုံးယောက် တော်တော်လည်း စကားတွေပြောဖြစ်
ကြတာ  ဟိုကြောင်းသည်အကြောင်းပေါ့ ၊ဘော်ဒါဟောင်းကြီး ၀င်းကိုက ဟေ့ကောင်မင်းကို ဟိုကောင်
မလေးကြည့်နေတာ သိပ်မရိုးဘူးကွာ ၊ မင်းကိုခဏခဏ လှည့်ကြည့်နေတယ် ... ဟေ့ကောင်ရေ ဒါဆိုလ
ည်း သီသန့်ထားလိုက်ပေါ့။ ဘယ်သူက ရိုးခိုင်းနေလို့လဲ။ .ဒီကောင်လေသံက ပါလာသေးသိလား  ကောင်မ
လေးတော့မိုက်တယ်နော် ၊ အလန်းလေး မဆိုးပါဘူးကွ.   . ကျွန်တော် ကောင်မလေးကို လှမ်းကြည့်လိုက်
သည်မှာ မျက်လုံးချင်း ဆုံမိရာ  သူ့မရဲ့ အကြည့်သည် ကျွန်တော်ကို ငြိမ်သက်စွာ စူးချချ ကြည့်ရှုနေမိ၍ ကျွန်တော် ကပြာကယာ မျက်နှာကို လွဲလိုက်သည် ... ကျွန်တော် ခဏလေး စဉ်းစားမိနေတုန်း.. ဟေ့ကောင် ဘာလုပ်နေလဲ သောက်လေ ....ဖန်ခွက်ကို ကိုင်၍ ကမန်းကတန်း သောက်ထည့်ပြီး အမြည်းတဇွန်း စားလို
က်မိသည် ၊ သူငယ်ချင်းတွေကတော့  ဘ်ီယာသောက်လိုက်၊ ၀က်ခေါင်းသုပ်စပါယ်ရှယ်ကို မြည်းလိုက်နဲ့စည်း
စိမ်ယစ်မူးပြီး .တီဗွီကြည့်လိုက်၊ သီချင်းစာသားလေးကိုနှောက်ကလိုက်ဆိုလိုက်၊  ဘေးက ဆော်နှစ်ယောက်
ကို ကြည့်လိုက်  သူတော့ရဲ့ မျက်နှာကို ကျွန်တော် မြင်တွေ့နေရသည် ၊ကျွန်တော်ကို  အားမလို အားမရ အတင်းအားတမ မြောက်ပေးတဲ့ ၀င်းကိုနဲ့ မောင်လေးနိုင်သည်  ဟေ့ကောင်းမင်းကို ဒီကောင်မလေးစိတ်ဝင်
စားနေပြီကွ ၊ မင်းမပြောရဲဘူးလား  ဘာလား ၊ ညားလား ၊ ဟုတ်လား ၊ ကဲလား  လုပ်နေတော့တာပဲ သူ့တို့ နှစ်ယောက်ကို ကျွန်တော် ဘာမှပြန်မပြောဘဲနင့် ကိုယ်ဖိလင်နဲ့ကို အတွေးစများကို ဆက်လျက်တွေနေမိ
သည် ၊ တွေးမိနေသည်တခြားမဟုတ်ပါ .. ကောင်မလေးစားပွဲဝိုင်းသွားရင် ကောင်းမလား မကောင်းလား ၊
 သူတို့က ငါတော့ စားပွဲမှာ လာမထိုင်နဲ့သွားတော့  ငြင်းပယ်လိုက်မှာ တွေးရင် စိတ်ပူနေမိသည်မှာ အမှန်ပင် ၊ ကျွန်တော် သူငယ်ချင်းနှစ်ယောက်ကလည်း မင်းအေးဒီ စားပွဲဝိုင်းကို  သွားမလား မသွားဘူးလား ၊ ရှင်းရှင်း
ဘဲပြော ၊ ဘီယာမူးအသံပေါက်နေသည်မှာ တဆိုင်လုံးအသိပင်ဖြစ်ပါသည် မသွားလို့ကတော့ ဒီနှစ်ယောက်
နဲ့အလွယ်ဘူး ၊ ကိုယ့်ကိုယ်ကို စဉ်းစား၍ ဒီနှစ်ယောက်  ဒီအတိုင်း ရှေ့သို့ဆက်လက်ချီတက်နေမည်ဆိုပါက 
ပြဿနာ တစုံတခုဖြစ်လာမှာကို ရင်လေးမိသည်မှာ အမှန်ဧကန်ပါ .. ကျွန်တော် အိမ်သာကို ခဏသွားပြီး စဉ်းစားလိုက်သည်  ဒီကစ္စအဆင်ပြေအောင်  ဒီကောင်မလေး စားပွဲဝိုင်းကို ကျွန်တော်သွား၍ အသိမိတ်ေ
ဆွ ဖွဲ့မှဖြစ်တော့မည်ဟု  ဆုံးဖြတ်ချက်ချလိုက်မိသည် ၊ အိမ်သာမှ ပြန်အလာတွင် သူတော့ စားပွဲတွင် ကျွန်ေ
တာ် ၀င်ထိုင်ဖို့ ခွင့်တောင်းမိသည် ။မြန်မာမိန်းခလေးလူမျိုးအများစုသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံး
တမ်း အစဉ်အလာများဖြင့် ယဉ်ကျေး သိမ်မွေ့စွာ  စကားပြောပြီ ကျွန်တော်ကို ၀င်ထိုင်လို့ရပါတယ်ဟု ခွင့်ပြု
လိုက်သည်၊ သူတို့ နှစ်ယောက်နဲ့ ကျွန်တော် စကားတော်တော်ပြောဖြစ်သည် မြန်မာပြည် ဘယ်မှာနေလဲ ၊ အခုက ဘယ်လုပ်လုပ်နေလဲ ၊ အမည်က ဘယ်လိုခေါ်လဲ ၊ ဖုန်းနံပါတ်က ဘယ်လိုလဲ ၊ ကျွန်တော်လည်းသူ့တို့
နှစ်ယောက်ကို ပြန်ပြောပြသည် ၊ ကျွန်တော်က ဘာလုပ်လုပ်တယ် အခက်အခဲရှိရင် ကျွန်တော်ဖုန်းနံပါတ်ကို ဆက်သွယ်ပါ  တတ်နိုင်သလောက် ကူညီပါမယ် အစခပ်သိမ်းပြောဖြစ်ကြတယ်၊ 
 ရှင်က ဘာရက်သားလဲ .တော်တော် စကားပြောတတ်တယ်နော်  ၊ မဟုတ်ရပါဘူးဗျာ ထင်လို့ပါ ကျွှန်တော်
က  ကြာသပဒေးသားပါ ၊ အောင်မယ်လည်း ဆရာရေ . တော်သေးတာပေါ့ သောက်ကြာသားဆိုရင်တော့ 
လူတွေကိုများ Agent  လုပ်ပြီး ရောင်းစားနေမှာလား မသိဘူး  ကျွန်တော် ရယ်လျက် ..  ၊ ဒါနဲ့ ကျွန်မတို့ 
နှစ်ယောက်ပြန်တော့မယ်နော်  ဒါဆို ကျွန်တော်လိုက်ပို့မယ်လေ  .. သူတော့နှစ်ယောက်နဲ့ လှမ်းလျှောက်
 စကားပြောရင်း  ရထားဂိတ်ရှိရာသို့ လိုက်ပို့ခဲ့ပြီ ..အတွေးစများကို ဆက်တွေးပြီ ဆိုင်ဘက်ကိုလှည့် ပြန်လာ
ခဲ့သည် . ဆိုင်သို့ ရောက်တာနဲ့ သူုငယ်ချင်း ကြိုဆိုပါတယ်ကွာ ၊ လေးစားပါတယ်ဟု သူတို့ ပါးစပ်ကအတုံး
လိုက်   အလုံးလိုက် အခဲလိုက် ပြောနေကြသည်ကို ကျွန်တော်မခံနိုင်လွန်းလို့ .. နည်းနည်းကြွားလိုက်သေး
သည်ဒီလောက်တော့  အသေးအမွား ကိစ္စလေးပါကွာ..စိတ်ထဲမှာတော့  ရင်ခုန်သံများနဲ့အတူရယ်နေမိလျှက်
 ..(  ဘာမှလည်း ဖြစ်သေးတာ မဟုတ်ဘူး )
                ကျွန်တော် ဒီနေ့အလုပ်ထဲမှာ အလုပ်တော်တော်များသည်  လူသစ်တွေကိုအလုပ်မတတ်သေးတဲ့
အတွက်သင်ပေးရလို့ ဦးနှောက်ရှုပ်တာက တစ်ပိုင်း  အလုပ်ရှုပ်လို့  အသက်ရှုသံတောင်မပျောက်  မောပန်း နွမ်းလှသော ကျွန်တော်ရဲ့ ကိုယ့်ခန္ဓာကိုယ် သနားလွန်းလို့ ဒီနေ့တော့ အခန်းပြန်ရင် စောစော စီးစီးအိပ်ရာ
ဝင်မယ်ဟု စိတ်ကူးထားမိသည်  အခန်းကို ရောက်တာနဲ့ ရေမိုးချိုး ပြင် ဆင်ပြီးသော အခါ  အိပ်ရာသို့တမ်း
ဝင်သွားပြီ  ခဏနေတော့ ပင်ပန်း နွမ်းနယ်လို့များလား မသိ အိပ်ပျော်သွားခဲ့သည်  အမှတ်မထင်အသံကျယ်
ကျယ်နဲ့ ကလင်.. ကလင် ..ကလင် .. တယ်လီဖုန်း မြည်လာ၍ မကိုင်ချင် ကိုင်ချင် ကျွန်တော်အသာလေးလှ
မ်းကိုင်လိုက်မိသည် ဟဲလို .. ဘယ်သူလဲခင်ဗျာ..  ' မ ' ohn ma than ပါမသိလို့လား သြော်...သိပါတယ်..နေ
ကောင်းလား ။ ကောင်းပါတယ်ဗျာ ..ဘာညာပေါ့  တော်တော်လည်း ပြောကြလေရဲ့..  .နင်က စကားတော်ေ
တော်  ပြောတတ်တာပဲနော်  ' အမ'  ထင်ထားတာထက် ပိုတတ်နေသေးတယ် .. မတတ်ပါဘူးဗျာ.ဒီလိုမိန်းခ
လေးတွေနဲ့ တစ်ခါမှပြောဖူးတာ မဟုတ်ပါဘူး ၊   အော် ဟုတ်လို့လား လာသေးတယ်နော်  ဘာညာ...ဘာညာ
 .. ဘာညာ .. သူပြောတာကတော့  အများကြီးဘဲ  မပြောချင်တော့ပါဘူး .သူမများစကားပြောတတ်လွန်းပုံ
ကတော့  ကျွန်တော် အိပ်ချင်နေတာတောင် လက်လျှော့လိုက်ရလေသလား မှတ်ရတယ် .. (တိန် ) ...ဒီလိုပဲ နေ့စဉ်နေ့တိုင် အဆက်အသွယ်မဖြတ် ဖုန်းဆက်နေတော့ ခင်မင်မှုတွေ ပိုရလာသလား/ ခင်မင်မှု
ထက်ပဲ ပိုနေပြီလား . စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိပ်ငိုက်လာ၍  အိပ်ယာထဲဝင်ပြီး မျက်နှာကို  စောင်ဖိဖုံး၍  
အိပ်လိုက်ပါတော့သည် ၊ 
              တစ်နေ့တော့ ဖုန်းဆက်ရင်းနဲ့ ကျွန်တော်သူ့ကို ရည်းစားစကားပြောမိသည် စိတ်မဆိုးပါနဲ့   မမရယ်
မမကို ကျွန်တော် သိပ်ချစ်တယ် ၊မှောင်မိုက်တော့မယ့် ကျွန်တော်ရဲ့ ဘ၀အတွက် မမသာအလင်းရောင်ပါ၊ စိတ်ဆိုးရင် မမကြိုက်သလို အဖြစ်ပေးပါ၊  မုန်းတယ်လို့ မပြောနဲ့ မမရယ်မမ  ဆိုတဲ့ လမင်းအလင်းရောင်
နဲ့  ကျွန်တော်ဘ၀ရှေ့ဆက်ပါရစေ၊  မမ ရဲ့  ချစ်ခြင်းအလင်းရောင်နဲ့  ကျွန်တော်ဘ၀ရဲ့ညအမှောင်ကို   ထွန်း
လင်းပေးပါ မမရယ်... .. စိတ်ထဲကရှိတာကို  လျှောက်ပြောတော့တာပဲ .ရှက်စိတ်တွေ ပျောက်၍ ချစ်စိတ်တွေ
များ ၀င်နေလို့များလားမသိ စကားကလည်း ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိ . မမကိုကျွန်တော်အ
၇မ်းချစ်တယ်ဆိုတဲ့စကားကိုတော့ ထပ်ကာထပ်ကာ  ပြောနေတာပဲ(တိန် )
သူမသည် တိတ်ဆိတ်ငြိမ်သက်နေသည် ဘာသံမှလည်းမကြားရ  ကျွန်တော် မေးကြည့်လိုက်သည် . ဟဲလို ..ကျွန်တော်ပြောတာ ကြားရလား မမ သူ့မအသံသည် ဖြည်းဖြည်းချင်းချင်းချိုမြိန်စွာထွက်ပေါ်လာသည်
ကြားပါတယ် နားထောင်နေတာ . ဒါဆို ကျွန်တော်ကို အဖြေပေးတော့လေ .. ဖြည်းဖြည်းပေါ့ ' ကျွန်မ ' စဉ်းစားပေးပါမယ်..ဒီနေ့ ကျွန်မ အိပ်တော့မယ်နော် ဘိုင်းဘိုင်..ဟုဆိုကာ ဖုန်းကို တုန်းခနဲချလိုက်သည်
 ဒါပေမယ့် သူမ ကျွန်တော်ကို ချစ်နေတယ်ဆိုတာ ကျွန်တော် စိတ်က အလိုလိုသိနေသည်မှာ အမှန်ပင်
မဟုတ်ပါလား ။
           ဒီလို့နဲ့ သိပ်မကြာခင်မှာပဲ သူမသည် ကျွန်တော်ကို ချစ်တယ်ဆိုတဲ့စကားကို အဖြေပေးတော့သည် . ကျွန်တော်သည် အစကတည်းက ကြိုသိထားလို့များလား မပြောတတ်ပါ . သိပ်အားရပါးရ မပျော်သည်မှာ အမှန်တကယ်ပင်ဖြစ်ပါသည်၊  မမဆီက ဖုန်းလာ၍  answer bottle လုံးကို နိုပ်လိုက်ပြီး ပြောလေ မမ နေ
ကောင်းတယ်နော် .. ကောင်းပါတယ် ..ေ မာင်ကို ပြောစရာရှိလို့ ဘာပြောမလို့လဲ ပြောလေ မနက်ဖြန်ဆို အလုပ်ပိတ်တော့မယ် ..  klcc  ကိုသွားကြမယ်လေ . မောင်အားတယ်မဟုတ်လား အားပါတယ် မမရယ် 
မောင်ချစ်သူအတွက်ဆို မအားလည်း အားအောင် အကြံအဖန် ထုတ်ရတာပေါ့ ။ အဲဒါကြောင့် မောင်ကို 
သိပ်ချစ်တာ  ဟုတ်လို့လားမမရယ် ၊ မယုံလို့လား၊ နှောက်တာပါ  မမကို မောင်အကြွင်းမဲ့ ယုံကြည်ပီသားပါ ၊  မောင်ကိုအရမ်းချစ်တယ် ၊ ' မမ ' ကိုရော မောင်ချစ်လား? ချစ်ပါတယ်ဗျာ..အရမ်းအရမ်းချစ်တယ် ဟုတ်ပြီလား ကျေနပ်တော့နော် . ဟုတ်...ဟုတ်..ဟုတ်.. ဒီလိုပဲ  အလုပ်ပိတ်ရက်တိုင်း ( sunway , kllc , kanlan, တခြား ပျော်စရာကောင်းသော် နေရာတွေကို  အတူတူလျှောက်လည်ခဲ့သည်မှာ ကျွန်တော် ဘယ်လိုနည်း လမ်းအကြောင်ပြချက်တွေမျိုးနဲ့မှ မေ့ပျောက်၍ ရလိမ့်မည်မဟုတ်ပါ ..အဲဒါက  မမ ကို မောင် 
အရမ်းချစ်မိသွားလို့ပါ  မမရယ် .. အမှန်တကယ် မမကို မောင် ချစ်မိသွားသည် မမ အပြောကောင်းလို့များ 
မပြောတတ်တော့ပါ . မောင်နှလုံးသားက ဘယ်တော့မှ မေ့ပစ်၍ ရလိမ့်မည် မဟုတ်ပါ ..
             အလုပ်ဆင်းမှာမို့လို့ ရေမိုးချိုးပြီး  လက္ဘရည်တစ်ခွက်သောက်နေသည် ဖုန်းနံပါတ်အသစ်နဲ့ဖုန်းထဲ
ကို ဖုန်းဝင်လာသည်  ကလင် ..ကလင် . ကလင် .ဖုန်းကို ကမန်းကတန်း ကပြာကယာ ကောက်ကိုင်လိုက်
သည် ဟဲလို.. ဟဲလို...ဟဲလို ... ဘယ်သူလဲ .. ကျွှန်တော်  မောင်သန်းဝင်း ပါ .. ohn mar than ရဲ့ သူငယ်ချင်း
တစ်ယောက်  ohn  mar than မပြောဝံ့ ၊ မပြောရဲလို့ သူ့ကိုယ်စား   ကျွန်တော်ပြောတာပါ    ဘာကစ္စမို့လို့လဲ .
 ကျွန်တော် ပြောရတာ အားနာပါတယ်ဗျာ၊ သူ့ကို မေ့လိုက်ပါတော့တဲ့ ။ သူ့ကို မေ့ပစ်လိုက်ဖို့ ပြောခိုင်းလို့
ပါ အဲဒါကြောင့် ကျွန်တော် ခင်ဗျားတော့ နှစ်ယောက်ကြားမှာ  ပြောရတာပါ .. 
ကျွန်တော်လည်း စိတ်မကောင်းပါဘူးဗျာ.ဟု ဆိုကာ ဖုန်းကို ဒေါင်းခနဲပိတ်ချလိုက်သည် ။.
        မမဆီသို့ ဖုန်းခေါ်လိုက်သည် .ဖုန်းဝင်နေသည် .တူ ..တူ..တူ....မမသည် ဖုန်းကိုင်လိုက်ပြီး  မောင်... မမကို မေ့လိုက်ပါတော့တဲ့ .“ မမနဲ့ မောင်လမ်းခွဲကြရအောင်”“မောင်ကိုမချစ်နိုင်တော့ဘူး”တိတ်ဆိတ်ငြိမ်
သက်နေတဲ့ မောင်နှလုံးသား တစ်ခုလုံးကို   မောင်ချစ်သူ မမ တစစီ စတင်ဖြိုခွဲ ဖျက်ဆီးလိုက်ပြီလား ။ ရုတ်တရက်ကမ္ဘာလောကကြီးတစ်ခုလုံး မဲမှောင်ပြီး အရုပ်ဆိုး အကျည်းတန် ဆန်သွားသည်  ဒီလို
လမ်းခွဲဖို့ စကားကို နုတ်ခမ်းဖျားလေးမှာတင်၍ ပြောရက်လိုက်တာ မောင်ချစ်သူ မမရယ် ..စကားပြောေ
နရင်းမောင်နှလုံးသားထဲက ...  ဒဏ်ရာကအတော် တော်လေးကို ပြင်းထန်စွာ တစစ်စစ် နာကျင် နေသလို
လိုပါလားအသက်ရူလိုက်တိုင်း ....မောင်ရဲ့ ရင်ထဲက နှလုံးသားကို ထိုးလိုက်သလို အောင့်အောင့်နဲ့ ဝေဒနာ 
ခံစားနေရပါလား ..၊ခံစားရတာ  ..တကယ် မသက်သာ၊ ဟာ…တာတာနဲ့ တစ်မျိုးကြီးတစ်ကြိမ် တစ်ခါမျှ
 ရည်းစားမထားဖူး၍ အစကွဲဖူးသေးတဲ့ အသဲမို့ ပို၍ ပြင်းထန်းစွာ ခံစားရသည်လား မပြောတတ်တော့ပါ။
 မောင်ရဲ့ ပျော့ညံ့နေသော နှလုံးသားတစ်ခုလုံးကို  အသည်းကွဲလူကြမ်းသမား ဖြစ်အောင် လုပ်ရက်လိုက်တာ
  မမရယ် ..  ..မောင်လည်း  မမနဲ့ အချစ်တွေ ပြန်လည်ဆုံဆည်းနိုင်ဖို့ ကြိုးစားရင်း ကြိုးစားရင်း မောင်သိပ်
ချစ်ရတဲ့ မမနဲ့ တကယ်ဝေးဆုံးနေရာ ရောက်သွားပြီလား မမရယ်..
            မမနဲ့အဆက်အသွယ်ဘယ်လိုမှလုပ် မရတော့အဆုံး မောင်အလွမ်းဝေးဒနာကိုခံစားလာရတာ
ပေါ့၊ စတင်ခံစားလာရသည်မှာ မမ မမြင်ရပေမယ့် မောင်မခံစားနိုင်လို့ ကိုယ့်ကိုယ်ကို ရင်ဖွင့်လိုက်တယ်။
  ကျွန်တော် မမကို လွမ်းတယ်၊ လွမ်းမယ်၊ အလွမ်းဆိုတာ  တစ်ခုခုကို  လိုချင်လို့   ရည်စူးသွန်းထုထားတဲ့ အရာမှ မဟုတ်တာ ၊ ဘာရမှာမို့  လို့လဲလို့  မမေးပါနဲ့  မမ"အလွမ်း၏ သွင်ပြင်လက္ခဏါ အရာအားလုံးတော့
တို့သည် လွမ်းသူရင်၌တည်ပြီး  လွမ်းသူကသာ မြင်ရ၏  အလွမ်းဆိုတာ လွတ်လွပ်မှုရဲ့သင်္ကေတ။မတားလို့ 
လို့ မပြောပါနဲ့  မမရယ် ။  (တကယ်ပြောတာပါ  အလွမ်းဆိုတာ  အသည်းနှလုံးရဲ့  ကိုယ်ပိုင်ပစ္စည်း )      မမ"  ကို လွမ်းတယ်။
        လွမ်းနေရုံနှဲ့ အခြေအနေတွေ ထူးမလာတော့ပါဘူး၊  မမ က မောင်ကို အပြီးပိုင် မေ့သွားတာဆိုတော့ 
 မောင်သိပ်ချစ်ရသော မမရယ် .. မောင်ကလည်း ဘာတတ်နိုင်မှာလဲ ..တသက်လုံး အမြဲတမ်းထာဝရ
 မောင်ပိုင်ဆိုင်တဲ့ဘ၀တစ်ခုလုံးကို မမအတွက်ပေးဆက်ရင်း နဲ့ စွန့်လွှတ်အနစ်နှာခံကာ ကိုယ့်စိတ်ထဲက
 တိတ်တိတ်ကလေးဆက်ချစ်သွားရုံကလွဲလို့  မောင် ဘာတတ်နိုင်မှာ မို့ လို့ လဲ.. ဘာတတ်နိုင်မှာ မို့လို့လဲ.. 
နှောက်ကျော့ကို ပြန်လှည့်မကြည့်တတ်တဲ့ မမ  ခေါင်းမော့ကာလှမ်းလျှောက်ထွက်သွားခဲ့သော မောင်ချစ်
သူ မမ ကို   ပုံ၇ိပ်တွေ လိုက်ကြည့်ရင် မောင်နဲ့ ကမ္ဘာအဝေးဆုံး နေရာကို ရောက်သွားခဲ့လေပြီ .. 
မောင်နားလည်သဘောပေါက်လိုက်ပါတယ် မမ  တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာလဲပဲ 
မဖြစ်သင့်တာ ဖြစ်လာခဲ့ရပါလား  တကယ်လက်တွေ့ပါလား  ( လောကကြီးရေ မတရားလိုက်တာနော်  ) မောင်  ဒူးထောက်လက်မြောက် အရှုံးပေးရုံက လွဲလို့ မတတ်နိုင်ပေမယ့်  အချစ်ကတော့ ရှုံးဆုံးတာ မဟုတ်လောက်ပါဘူး ၊ မောင်နှလုံးသားမှာ အချစ်တွေ ကျန်ခဲ့သေးလို့ပါ ၊ ၊ ကျောခိုင်းထွက်ခွါသွားသော မောင်ချစ်သူ မမ မှာလဲ . နှလုံးသားရှိသူတိုင်းဆိုတော့ နည်းနည်း လေးတော့  အချစ်ဝေဒနာ ၊ အသည်းကွဲဝေဒနာ ၊ အလွမ်းဝေဒနာ ခံစားရလေမှာလား ။
မမ မောင်ကို မေ့ပစ်လိုက်လို့ တကယ် စိတ်ချမ်းသာမယ်ဆိုရင် မောင် ခွင့်လွတ်ပါတယ်  မောင် ချစ်သူမမရယ် ...
 မှတ်ချက် .. ကျွန်တော်ရဲ့ အဖြစ်အပျက်လေးကို  အမှန်အတိုင်း ပြန်ရေးခြင်း သက်သက်ဖြစ်ပါသည်
ဒီဇာတ်လမ်းတွင် ၀င်ကို၏ မြောက်ပက် တိုက်တွန်းမှု အများကြီး ပါဝင်သည်
အားလုံးကို လေးစားလျှက် ဇော်ဝင်းသိန်း
2 comments:
  1. မောင်နဲ့ မမ တစ်နေ့ မှာ လမ်းခွဲရလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး…မမ ..မောင်းအရမ်းခံစားနေရတယ် ဟုတ်လား
    ဘယ်လိုခံစားရတာလဲ ပုဂံပြားနဲ့ လား ဖက်ထုပ်နဲ့လား . သူငယ်
    ချင်းရေ . သနားလိုက်တာနော်
    ReplyDelete
  2. သူငယ်ချင်း ဘယ်အကြောင်းကြောင့် ပစ်ပယ်ထားခဲ့တယ်ဆိုတာ ဖွင့်မပြောဘဲ လမ်းခွဲသွားတာတော့
    လူမဆန်ဘူးကွာ၊ နှောက်တစ်ယောက်ကို တွေ့သွားလို့များ မင်းထက်သာမယ်ဆိုပြီး မင်းကို ထားခဲ့
    တာဖြစ်နိုင်တယ် ၊ မင်းကို ငါသနားပါတယ်ကွာ.. အဲဒါကြောင့်ပြောတာ လိုရင်တစ်မျိုး၊ မလိုရင်
    တစ်မျိုး ..အဲဒီ မိန်းခလေးမျိုး..
    ReplyDelete
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "
" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪
အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်
###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *