Subscribe:

Tuesday 20 November 2012

EMAIL SUBSCRIPTION


EMAIL SUBSCRIPTION

ကိုယ်အမြဲတမ်းကြည့်နေတဲ့ Blog တစ်ခုက Post တွေကို Email ကတစ်ဆင့်ဖတ်ချင်တယ်ဆိုရင် Email Subscription လုပ်ထားလို့ရပါတယ်။ တော်တော်များများသိထားပြီးဖြစ်ပေမယ့် မသိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ်။ Blog တိုင်းမှာ ဒီလို email subscription လေးတွေထည့်ထားတတ်ပါတယ်။
လုပ်နည်းကတော့ အ၀ါရောင်နဲ့ဝိုင်းပြထားတဲ့ ကွက်လပ်မှာ ကိုယ်သုံးနေတဲ့ email လိပ်စာတစ်ခုထည့်ပေးပါ။ ပြီးတော့ Subscribe ကိုနှိပ်ပါ။ Pop up window တစ်ခုပွင့်လာပါမယ်။

To help prevent spam, အောက်က ကွက်လပ်မှာ အထက်နားက အပြာရောင်နဲ့ပြထားတဲ့ propro ဆိုတဲ့ စာလုံးကိုရိုက်ထည့်ပေးပါ။ အမြဲတမ်းတော့ ဒီလိုစာလုံးမဟုတ်ပါဘူးနော်၊ ဥပမာအနေနဲ့ပြထားတာ။ ပြီးတော့ complete subscription request ကိုနှိပ်လိုက်ပါ။ အဲဒီလိုဆိုရင် စောစောက ကိုယ်ရိုက်ထည့်လိုက်တဲ့ Email ထဲကို စာတစ်စောင်ရောက်နေပါလိမ့်မယ်။ 



အဲဒီမှာ အပြာရောင်နဲ့ပြထားတဲ့ link လေးကို ကလစ်နှိပ်ပြီး အတည်ပြုပေးရမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ Blog က Post တွေကိုလက်ခံချင်ပါတယ်လို့ ရိုက်ထည့်ပေးလိုက်တဲ့ Email ဟာ တစ်ခြားတစ်ယောက်ရဲ့ Email မဟုတ်ပဲ ကိုယ်ပိုင်သုံးနေတဲ့ email ပါလို့ အတည်ပြုပေးလိုက်တာပါ။ အောက်မှာပြထားတဲ့ ပုံလေးမျိုးမြင်ရပြီဆိုရင်တော့ email subscription လုပ်တာ ပြီးသွားပါပြီ။ Blog ပိုင်ရှင်က Post တစ်ခုအသစ်တင်တိုင်း ကိုယ့်ရဲ့ Email ထဲကို အလိုလိုရောက်နေပါလိမ့်မယ်။ အဲဒီတော့ ကိုယ်ကြိုက်တဲ့ Blog လေးက Post တွေကို Blog ကိုသွားမလည်ပဲနဲ့လည်း Email ကတစ်ဆင့်သိနိုင်တာပေါ့။ အစ်ကို သူရဇော် ရှင်းပြချက်လေးများ

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *