Monday 22 October 2012
သင်ခန်းစာ
အတွေးအခေါ်ပညာရှိတဲ့သူဆိုတာ
သူများ အမှားကိုကြည့်ပြီးကိုယ့်အမှားမဖြစ်အောင်
သင်ခန်းစာယူတတ်တယ်။အတွေးအခေါ်ပညာနည်း
တဲ့သူကျတော့ သူများအမှားကိုကြည့်ပြီး သင်ခန်းစာ
မယူတတ်ဘူး။ကိုယ့်ကိုယ်တိုင်မှားမှပဲသင်ခန်းစာယူ
တတ်တယ်။အတွေးအခေါ်ပညာလုံးလုံးမရှိတဲ့သူကျ
တော့ကိုယ်ကိုယ်တိုင်းမှားတာတောင်သင်ခန်းစာမယူ
တတ်ဘူး....တဲ့။
မသိလေ ဒုက္ခကြီးလေ
ဓာတ်လိုက်မယ်မှန်း မသိလို့ ဓာတ်ကြိုးကို ကိုင်မိပါသည်
ဆိုကာမျှဖြင်ဓာတ်မလိုက်ဘဲ နေမည်မဟုတ်။
မသိလို့ အကုသိုလ်လုပ်မိပါသည် ဆိုကာမျှဖြင့်
မသိလို့ အကုသိုလ်လုပ်မိပါသည် ဆိုကာမျှဖြင့်
အကုသိုလ်က သင့်အား ခွင့်လွတ်လိမ့်မည် မဟုတ်။
အကုသိုလ်က ဆိုးကျိုးပေးမည်သာ ဖြစ်၏။
သို့ဖြစ်၍ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိအောင် လေ့လာထားပါ။
သို့ဖြစ်၍ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိအောင် လေ့လာထားပါ။
(စကားလက်ဆောင် တရားလက်ဆောင် စာအုပ်မှ)
အလုပ်ရှင်မဖြစ်စေနှင့် အလုပ်ခေါင်ဆောင်သာဖြစ်ပါစေ
အလုပ်ရှင်က အခွင့်အာဏာကို အားကိုးတယ်။
ခေါင်ဆောင်က စိတ်ကောင်း စေတနာကောင်းကို အားကိုးတယ်။
အလုပ်ရှင်က အကြောက်တရားနဲ့ ချောက်ခိုင်းတယ်။
ခေါင်ဆောင်က မေတ္တာတရားနဲ့ ဦးဆောင်တယ်။
အလုပ်ရှင်က "ငါ" လို့ပြောတယ်။
ခေါင်ဆောင်က" ငါတို"လို့သုံးတယ်။
အလုပ်ရှင်က အလုပ်ပြီးသွားပုံကိုပြတယ်။
ခေါင်ဆောင်က အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပေးတယ်။
အလုပ်ရှင်က ရိုသေးလေးစားဖို့ အမိန့်ပေးတယ်။
ခေါင်ဆောင်က လေးစားထိုက်ရန် စံပြနေထိုင်တယ်။
Sunday 21 October 2012
အကောင်းဆုံးဖြစ်အောင်
Save လုပ်ပြီးမှတ်တမ်းတင်ထားမယ်။ စိတ်ပျက်စရာကြေးကွဲစ၇ာ ပူဆွေးသောကတွေကိုတော့
Delete လုပ်ပြီးဖျက်ပစ်လိုက်မယ်။ အတိတ်က မေ့ရက်စရာမရှိတဲ့ လွမ်းဆွက်တသမှုတွေကို
တစ်ခုခု လုပ်လိုက်ပါလားတဲ့ 
I ကြိုက်လို့တယ် ဖတ်ထားဒါတော့ ကြာလှပါပြီ ပြန်သတိရတာနဲ့ ရေးကြည့်လိုက်တယ် ဒသနလေးများ
အတိတ်ဆိုတာ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ ပစ္စည်းတစ်ခုလိုပါပဲ၊ မမေ့ချင်ရင်သိမ်းထားလို့ရပေ
မဲ့သုံးလို့တော့မရတော့ဘူး။ စိတ်အင်အားချည့်နဲ့သူ့ တွေဟာ လောဘကြောင့်ဖြစ်တဲ့ ဒေါသစိတ်ကိုမ
ထိန်းချုပ်နိုင်ဘူး။ ကောင်းတော့ကောင်းတယ်၊ ဘာကောင်းမှန်းမသိမဘူးဆိုတဲ့လူစားမျိုးမဖြစ်စေနဲ့။
ဝေဖန်ခံရတိုင်းတိုးတက်မှုရှိပေမဲ့ အမြဲဝေဖန်ခံရရင်တော့ မကောင်းဘူးနော်။ ကိုယ်မလုပ်နိုင်တာ
ကို ထိုင်ပြီးစိတ်ပျက်နေမဲ့အစား ကိုယ်လုပ်နိုင်တာ ထလုပ်လိုက်ပါ။
Friday 19 October 2012
{တတိယအရွယ်မရောက်ခင် }
တတိယအရွယ်ဆိုတာ ရုပ်ကလည်းအို၊ နာမ်ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီဆိုရင် ထိုင်ရ၊ ထရတာ လည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း ကြာကြာမထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ် တစ် ခါ လောက် ပြင်ပြင်နေရပါတယ်။ တချို့ဝတဲ့သူတွေဆိုရင် ထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ တစ် ချို့ဆိုရင် လူတွဲနဲ့မှ ထိုင်နိုင် ထနိုင် ပါတယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့ လက္ခဏာပါ။
Thursday 18 October 2012
{ ဘ၀ဆိုတာဗေဒါလိုပဲ }
လောကမှာ
အစဆိုတာရှိရင် အဆုံးသတ်ဆိုတာလည်း ရှိရတယ်။ ငယ်ရွယ်ခြင်းဆိုတဲ့
အစရှိလို့ရှိရင် ကြီး ရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။
နုပျိုခြင်းဆိုတဲ့ အစရှိရင် အိုမင်းခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရ တယ်။
ကျန်းမာခြင်းဆိုတဲ့ အစရှိရင် ဖျားနာခြင်း၊ နာခြင်း ဆိုတဲ့အဆုံးသတ်လည်း
ရှိရတယ်။ မွေးဖွားခြင်း ဆို တဲ့အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း
ရှိရတယ်။ ပေါင်းဆုံခြင်းဆိုတဲ့ အစရှိရင် ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း
ရှိရတယ်။
လောကရဲ
့ သဘာဝကိုက အစရှိရင် အဆုံးရှိတတ်တဲ့အတွက်ကြောင့်
ပေါင်းဆုံခြင်းဆိုတာရှိရင် လမ်းခွဲခြင်းဆို တာလည်း ရှိတတ်စမြဲပဲ။
လမ်းခွဲခြင်းဟာ နေ့စဉ်နဲ့ အမျှ ရှိနေတာပါပဲ။ လမ်းခွဲခြင်းက နှစ်မျိုး
ရှိတယ်။ အသက် ရှင်လျက် လမ်းခွဲခြင်းနဲ့ သေဆုံးပြီးတော့ လမ်းခွဲခြင်း၊
ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနဲ့ သေကွဲခွဲ ရတဲ့ လမ်းခွဲခြင်း ဆိုပြီးတော့
လမ်းခွဲခြင်းနှစ်မျိုးရှိပါတယ်။ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းကတော့
အသက်ရှင်နေသမျှကာလပတ် လုံး နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ လောကဓံတစ်ခုပါပဲ။
Subscribe to:
Posts (Atom)