Subscribe:
Friday 19 October 2012
မေ့ လိုက်ပါတော့တဲ့
ကျွန်တော် မမကို လွမ်းတယ်၊ လွမ်းမယ်၊ အလွမ်းဆိုတာ  တစ်ခုခုကို
လိုချင်လို့   ရည်စူးသွန်းထုထားတဲ့ အရာမှ မဟုတ်တာ ၊ ဘာရမှာမို့ 
လို့လဲလို့  မမေးပါနဲ့  မမ"
     အလွမ်း၏ သွင်ပြင်လက္ခဏါ အရာအားလုံးတော့တို့သည် လွမ်းသူ
ရင်၌တည်ပြီး  လွမ်းသူကသာ မြင်ရ၏  အလွမ်းဆိုတာ လွတ်လွပ်မှုရဲ့
သင်္ကေတ။ မမ တားလို့ ရပါဘူး၊ မေ့ လိုက်တော့လို့ ပြောလို့ရပေမယ့်
မပြောပါနဲ့  မမရယ် ။  (တကယ်ပြောတာပါ  အလွမ်းဆိုတာ  အသည်း
နှလုံးရဲ့  ကိုယ်ပိုင်ပစ္စည်း )      မမ"    ကို လွမ်းတယ်။
သူပေးတဲ့အပူ
ချစ်သူကိုယုံခဲ့လို့ ဘ၀ပျက်ရတဲ့ ငတုံး
   သူပြောတဲ့စကား ငါ့ကိုစော်ကား 
စဉ်းစားတိုင်းဒေါသပွား  တွေးမိတိုင်း
သောကပွား  ပြောတဲ့သူက  မေ့ မေ့
 ပျောက်ပျောက်ငါရင်မှာ မီးတောက်
ကြာလာတော့စိတ်ပြေမေလိုက်တော့
 သက်သာ ခွင့်လွတ်တော့ ချမ်းသာ
တရင်ခံက  ငါ့မာနငါဒေါသက အတ္တသူ
ပေးတဲ့အပူ မယူလည်းရတာနဲ့  နှောက်
များ မယူဖို့  ငါ့စိတ်ကို ဆုံးမားထား! P:  
  တောင်ကုတ်မြို့သူလေးပေါ့ ( မလေးရှား ) 
အကောင်းဆုံးရဲ့ ဘဝ
zinyaw17♥♥
♥♥
♥♥
♥ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ
ပြန်တွေးလိုက်တိုင်း
ကောင်းကျိုးဖြစ်စေမယ်
နောင်တ မရစေဘူးဆိုရင်
ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။
စိတ်တူ ကိုယ်တူ
ဖြစ်နိုင်တဲ့
ထုံးစံ မရှိပေမယ့်
ဖြစ်အောင်တော့
နေကြရမှာပဲ။
အဲဒါမှ
အရည်အချင်း။
♥♥
ငါရဲ့ မေတ္တာကမ္ဘာ
အမုန်းမီးတောင် မာနတောင်တန်း
လောဘသစ်သီး ဒေါသပန်းနှင့် အတ္တမြစ်များ
မေတ္တာရှိရာ ငါ့ကမ္ဘာကို မလာရ။
ငါမသေခင့် ငါ့ကမ္ဘာမှာ မေတ္တာမျိုးစေ့ချထားသည်
သစ္စာပန်းများ ပွင့်လန်းမည်
ဤသစ်ပင်ကို လူတိုင်းလိုရင်သုံးခွင့်ရှိသည်
အရိပ်နေနေ အခက်ချိုးချိုး
စိတ်ထင်တိုင်းသုံးခွင်ရှိတာ
အပြုံးမပျက်ပါ မင်းတို့မရှိတဲ့
ငါရဲ့ မေတ္တာကမ္ဘာ
♥ဝေေ၀ဆာဆာ သစ်ပင်ကြီးတစ်ပင်ပါ♥
လမ်းသာမှ အိမ်ပြန်မည်။
အမုန်းတရား .. ဦးထိတ်ထားကာ
မုသားစကား .. ကြွယ်ဝပြူငှာ
ချိုသာစွာဖြင့် .. လိမ်လည်လှည့်ဖျား
သွေးဆောင်ငြားလည်း .. ကျွန်ုပ် လုံးဝအိမ်မပြန်ချင်ပါ၊
မေတ္တာကင်းမဲ့ .. ဒုစရိုက်များမြှောင်
ဖိနှိမ့်ညှဉ်းပမ်း .. လူသားမဆန်
မတရားအုပ်စိုး .. လူတန်ဘိုးမထားဘဲ
လက်ကမ်းရှည်ရှည် .. ဆန့်ကာတားလျှက်
လက်ကမ်းကြိုဆိုဖိတ်ခေါ်ငြားလည်း .. ကျွန်ုပ်အိမ်မပြန်ပါ
ကိုယ့်အိမ်ကိုယ့်ဟာ .. မွေးရပ်ဇာတိ
မိဘဆွေမျိုး .. လွမ်းဆွဲငြားလည်း
လက်နက်မျိုးပုံ .. ကျည်မျိုးစုံဖြင့်
တွေ့ရာမှန်သမျှ .. လူတိရိစ္ဆာန်မကျန်
ပစ်ခတ်ချေမှုန်း .. ဖမ်းဆီးသတ်ဖြတ်
အုပ်စိုးနေသ၍ .. ကျွန်ုပ် လုံးဝအိမ်မပြန်ပါ၊
စိတ်ဓာတ်မပြောင်း .. မူမပြောင်းဘဲ
ဘယ်လူပြောင်းပြောင်း .. နာမည်ပြောင်းလည်း
ပျက်လမ်းမပြင် .. လမ်းမှန်မပြောင်း
ကိုယ့်မြင်းကိုယ်စီး .. ထင်ရာစိုင်းပြင်း
ပန်းတိုင်မမြင် .. မြင်ရာပန်းတိုင်
ထားနေသ၍ .. ကျွန်ုပ် လုံဝးအိမ်မပြန်ပါ၊
သို့သော်
ပျက်လမ်းကိုပြင် .. လမ်းမှန်ကိုပြောင်း
မေတ္တာပွားများ .. စေတနာမှန်ထား
သစ္စာတိုင်တည် .. ပန်းတိုင်တည်လျှက်
ငြိမ်းချမ်းစိုပြေ .. တိုးတက်ဖွံ့ဖြိုး
ကမ္ဘာ့အလယ် .. ထည်ဝါ၀ံ့ကြွား
အမိပြည်ထောင်စုကြီးသို့
လက်တွဲညီညာ .. ပြည်တောင်စုဖွား
တိုင်းရင်းသားများ .. ညီရင်းအစ်ကို
ချစ်ခင်လေးစား .. အေးတူပူမျှ
မျှဝေခံစားရှိသမျှ .. ဉာဏ်စွမ်းခွန်အား
ပေးလှူဆက်ကပ် .. လက်ချင်းယှဉ်တွဲဖို့
ချိန်ခါရောက်၍ .. လမ်းသာရောက်လျှင်
ကျွန်ုပ်အိမ်ကို .. မနှေးပြန်ခဲ့မည်။
သူငယ်ချင်းရေ
ကိုယ့်နှလုံးသား ကိုယ်မယုံလို့
ဖွင့်မပြောရဲတဲ့ လူတစ်ယောက်လို
တစ်နေ့ပြီးတစ်နေ့
ဦးနှောက်နဲ့စီးချင်းထိုးပြီး
သက်ပြင်းတွေနဲ့ ဆွံ့အခဲ့ 
ငါတို့ရဲ့ခင်မင်မှုဟာ 
ငါ့စကားတစ်ခွန်းနဲ့ ပြီးပြတ်သွားမှာလား
ဒွိဟအတွေးတွေနဲ့
လွန်ဆွဲနေတဲ့နှလုံးသားဟာ
မင်းကိုရှောင်ဖို့ကြိုးစားတိုင်
နာကျင်နေခဲ့တာ မင်းသိခဲ့ရင်
ငါ့ကိုယ် ပြန်ချစ်မှာလား ချန်ရစ်မှာလား
သူငယ်ချင်းဆိုတဲ့အသိနဲ့ထိမ်းချုပ်ထားလို့
ငါ့နှလုံးသားလည်း မောပန်းပြီး
ရင်ပွင့်ထွက်တော့မယ်......။ ။
်father
မျက်ဝန်းရိပ်တွင် ချစ်ခြင်းခိုဝင်
မေတ္တာရိပ်ထင်
ဖခင်ဗိုလ်ချုပ် သမီးပေမို့
ဖခင်စိတ်ဓါတ် အမွေယူထား
ပြည့်သူ့သမီး 
ချစ်လွန်းတင်
သူ့မျက်ဝန်းတွင် မေတ္တာရိပ်ထင်
ကြည့်လို့မ၀ ရှုလို့မဝ
အေးချမ်းသာယာရှိလေစွ.............။
               facebook စာမျက်နှာက ကူးယူ 
အဘိန်ဓာန်
အဘိဓါန် သုံးနိုင်ရေး ကဏ္ဍ-
မြန်မာ။အင်္ဂလိပ် 
အင်္ဂလိပ် ။ မြန်မာ နှင့်
ဘာသာများ အသုံးပြုနိုင်ပါသည်။
သူငယ်ချင်းတို့   တိုးတက် နိုင်ကြပါစေ
အောက်တွင် ရွေးချယ်ပြီး သုံးနိုင်ကြပါပြီ 
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "
" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪
အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်
###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *