Subscribe:

Friday 23 November 2012

' မေးခွန်း '

အားလပ်ရက်တစ်ရက်တွင်..... ညနေခင်းလေးတစ်ခုမှာ ကျွန်တော်တစ်ယောက် ပန်းခြံထဲလမ်းလျှောက် ထွက်ခဲ့ ပါတယ် (ကိုယ်တိုင်ကလည်း စိတ်မကြည်မလင် ဖြစ်နေတာနဲ့)။ ပန်းခြံထဲရောက်ပြီ ဆိုပါတော့ဗျာ... အဲဒါနဲ့ ပန်းခြံထဲမှာ လမ်းပတ်လျှောက်ရင်း ဟိုကြည့်ဒီကြည့်ပေါ့... ဆော့နေတဲ့ခလေးတွေ... လူကြီးတွေ၊ လူငယ်တွေကို တွေ့တာပေါ့၊ ဒီလိုလျှောက်ရင်းလျှောက်ရင်းနဲ့ ထိုင်ခုံလေးတစ်ခုမှာထိုင်နေတဲ့ ကောင်လေးတစ် ယောက်ကို တွေ့တယ်ဗျ။ သူ့ပုံစံက အင်္ကျီရှပ်လက်ရှည်၊ ပုဆိုးကလူကြီးတွေဝတ်မှ လိုက်ဖက်မယ့် အကွက် ကျဲကျဲအဆင်မျိုးနဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ပုံမျိုးလေးနဲ့ပါ။ ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးခံစားရတာမို့ ကောင်လေး ကိုကြည့်နေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြန်တော့လည်း လူတွေကသွားလာနေကြတာပဲ၊ ဒီကောင် လေးကိုဂရုတစ်စိုက်မရှိကြဘူး၊ သတိပဲ မထားမိတာလားတော့မသိဘူး။ ဒီလိုနဲ့ကျွန်တော်လည်း ကောင်လေး အကြောင်းကိုစဉ်းစားရင်း အိမ်ကိုပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ ဒီကောင်လေး ပန်းခြံကို ထပ်လာဦး မယ်နဲ့ တူတယ်...အင်း... အဲဒီအခါကျမှ ကောင်လေးကို အားပေးစကားလေး ဘာလေးပြောဦးမယ်လို့ စဉ်းစားလိုက်တယ်။ နောက်တစ်နေ့ရောက်တော့ ကျွန်တော်ကောင်လေးကိုထပ်ရှာပါတယ်၊ အရင်နေ့က နေရာမှာပဲထပ်တွေ့တယ်ဗျ၊ အဲဒီကောင်လေးက မနေ့ကအတိုင်း မျက်နှာမသာမယာလေးနဲ့ပဲ။ ကျွန်တော်လည်း သူ့အနားကိုသွားပြီး နှုတ်ဆက် လိုက်ပါတယ် "ညီ...မင်းတစ်ယောက်ထဲလားကွ"။ သူကလန့်သွားတဲ့ပုံစံနဲ့ "ဟုတ်ကဲ့ အစ်ကို" ဟုပြန်ပြောတယ်။ ဒီလိုနဲ့သူနှင့်ကျွန်တော် စကားတွေပြောကြပါတယ်။ အချိန်တော်တော်ကြာလာတော့ အမှောင်က၀င်စပြုလာပါပြီ။ ပန်းခြံထဲမှာ လူလည်းမရှိတော့ပါဘူး။ ဒါနဲ့ပြန်ခါနီးမှာ ကျွန်တော်ကသူ့ကို အားပေး တဲ့အနေနဲ့ "ညီ...မင်းအစ်ကို့ကို မင်းရဲ့အစ်ကိုတစ်ယောက်လို သဘောထားပြီး အကူအညီတောင်းပေါ့ကွာ" လို့ပြောလိုက်ပါတယ်။ ကောင်လေးက အံ့အားသင့်တဲ့အမူအရာနဲ့ "ဟုတ်ကဲ့...အစ်ကို၊ ဒါနဲ့ အစ်ကိုက ကိုယ့်ကိုကိုယ်ထက် အခြားသူတစ်ယောက် ရဲ့ကိစ္စကိုအရေးထားပြီး ဂရုစိုက်နေတယ်နော်။ အဲဒါဟာဘာကြောင့်လဲ? အခြားလူတွေလည်း သွားလာနေကြ တာပါပဲ၊ ကျွန်တော့်ကို အထူးတလည်ဂရုစိုက်ခြင်းမရှိကြဘူး၊ သူတို့ဘာသာသူတို့ အဆင်ပြေသလို သွား လာနေကြတာပါပဲ၊ အစ်ကိုတစ်ယောက်ထဲသာ ကျွန်တော့်ကိုလာမေးတာ၊ ပြီးတော့ အစ်ကိုကကျွန်တော့်ကို ဘယ်လိုထင်လဲ၊ အစ်ကို့စိတ်ထဲမှာရော ကိုယ့်ကိုကိုယ်... ငါဟာပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ပီလား ဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးမိလား... အစ်ကို"
ပြီးသွားပါပြီ။ ကျွန်တော့်ရဲ့အလုပ်ကဒီမှာတင် ပြီးသွားပြီလေ။ ကျွန်တော်နဲ့အဲဒီကောင်လေးဟာ တိတ်တဆိတ် နဲ့လမ်းခွဲလိုက်ကြပါတယ်။ အိမ်အပြန်လမ်းမှာ ကျွန်တော့ကိုယ်ကျွန်တော် တစ်ခါမှမမေးဘူးတဲ့ မေးခွန်းတစ်ခုကို မ၀ံ့မရဲ ပြန်မေးလိုက်မိပါတယ် "ငါကောပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်နေလို့လား"

' ဖတ် ၊ မှတ် ၊ လေ့လာ ၊ သုံးသပ်ပါ '

လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း

မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် --

(၁) စဉ်းစားပါ--
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ
ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?

ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊

'ဘီလ်ဂိတ်ပြောတဲ့ ဘဝ(၁၁)ခုပါ '

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

" ဘာလုပ်သင့်လဲ .'

ငါ့လက်ထဲကဘတ်(စ)ကတ်ဘောလုံးဟာတန်ဖိုးသိပ်မရှိဘူး
မိုက်ကယ်ဂျော်ဒန်ရဲ့လက်ထဲကဘတ်(စ)ကတ်ဘောလုံးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကဘေ့(စ)ဘောလုံးလေးဟာတန်ဖိုးသိပ်မရှိဘူး
မက်(ခ)မစ်ဂေးရီရဲ့လက်ထဲကဘေ့(စ)ဘောလုံးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကဂေါ့(ဖ)ဘောလုံးလေးဟာတန်ဖိုးသိပ်မရှိဘူး
တိုက်ဂါးဝုဒ်ရဲ့လက်ထဲကဂေါ့(ဖ)ဘောလုံးလေးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကကြိမ်လုံးဟာတိရစ္ဆာန်ငယ်လေးတွေကိုပဲမောင်းထုတ်နိုင်တယ်
မော့ဆက်ရဲ့လက်ထဲကကြိမ်လုံးဟာခွန်အားကြီးမားတဲ့ပင်လယ်ကိုပိုင်းဖြတ်လိုက်နိုင်တယ်
ဒါဟာကိုင်တွယ်တဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကအစားအစာတစ်ခုဟာအများကြီးဖြစ်အောင်မလုပ်နိုင်ပေမယ့်
မြတ်စွာဘုရားရဲ့လက်ထဲမှာတော့သိန်းသန်းချီမကရှိနိုင်ပါတယ်
ဒါဟာလည်းကိုင်တဲ့သူရဲ့လက်အပေါ်မှာပဲမူတည်ပါတယ်။
ဒါတွေအားလုံးဟာကိုင်တွယ်တဲ့သူအပေါ်မှာပဲမူတည်နေတယ်ဆိုတာသင်မြင်တွေ့သွားပြီ
အဲဒီတွေဟာဘာကြောင့်ကွာခြားနေတာလဲ ?
ဒါကြောင့်သင့်ရဲ့လုပ်ငန်းကိစ္စတွေ၊ စိုးရိမ်စိတ်တွေ၊ ကြောက်ရွှံမှုတွေ၊ မျှော်လင့်ချက်တွေ၊
အိပ်မက်တွေ၊ သင့်ရဲ့မိသားစုတွေနဲ့ သင်နဲ့သက်ဆိုင်မှုအားလုံး…အားလုံးဟာ
သင့်ရဲ့လက်ထဲမှာမှာရှိတယ်။
ဒါဟာလည်းသင့်အပေါ်(၀ါ) ကိုင်တွယ်တဲ့သူ အပေါ်မှာပဲမူတည်ပါတယ်။
အခုဒီမက်ဆေ့(message) လေးကိုသင်ရသွားပြီ
သင်ဘာလုပ်မလဲ ?
                              သင်ဘာလုပ်မှာလဲ မေးနေတယ်  ၊ ဖြေလေ .. ဖြေလေ.

''မောင်လှမျိုး(ချင်းချောင်းခြံ) - ချစ်သူနဲ့ ဝေးရတဲ့ကံ''

မောင်လှမျိုး ၀တ္ထုတွေကိုဘဲ လျှောက်လျှောက်တင်နေတယ်ဆိုပြီတော့ မပြောကြပါနဲ့ တကယ်ကောင်း
ပါတယ်၊  ကြိုက်ခဲ့တာလည်း ခါခါ ၊  ဖတ်ခဲ့တာလည်း မ၇ည်တွက်နိုင်ပါ ၊ ဆိုသလိုပဲ ၊ သူငယ်ချင်းတွေကို
လည်းဖတ်စေချင်ပါတယ် ၊  အချစ်ဝတ္ထုတွေမှာ  ဘာသာရေးဇာတ်လမ်းလေးတွေ ထည့်ပေးတာကြောင့်
မေ့ပျောက်၍ မရနိုင်ခဲ့တာ ဆရာမောင်လှမျိုး ၀တ္ထုစာအုပ်တွေပါ .. .. စကားလည်း၇ှည်လိုက်တာ  သူ
တို့တွေ စိတ်ဆိုးနေအုံ့မယ် ၊ အောက်မှာ ယူလိုက်တော့ .free ပေးနေပါတယ်ဗျာ .. အားလုံးပျော်ရွင် နိုင်စေ


သူငယ်ချင်းတို့ရေ ...ကိုယ်ကတော့ ဒေါင်းဆွဲလိုက်ပြီ


 








 အချစ်သီဆိုရာသီချင်း-မောင်လှမျိုး(ချင်းချောင်းခြံ)




မောင်လှမျိုး(ချင်းချောင်းခြံ) - ချစ်သူနဲ့ ဝေးရတဲ့ကံ                                                 


မောင်လှမျိုး-အသည်းနှလုံး၏ကြေငြာစာတမ်း                                                  




 ထပ်ဆင့် အလွမ်းနှင့်ရင်တွင်းဖွဲ့ ဝေဒနာများ
 



မောင်လှမျိုး-လက်ခုပ်မိုး




မောင်လှမျိုး-ဒေါက်တာနတ်အိုးကွဲနှင့် စိတ်၏ အပိုင်းအစများ
 



မောင်လှမျိုး-အလွမ်းဖြင့်သီကုံးသော အချစ်၏ကျောက်စာဟောင်း   

''ရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာ ''

ကျွန်တော်၇ဲ့  ဘလော့ဂ်ထဲကို  ဘာသာရေး စာမရေးနိုင်တာ တော်တော်လည်း  ကြာသွားပြီဗျ...။ စာက မရေးတာ
ကြာသွားတော့ စာရေးရမှာ ပျင်းသလိုလို ဖြစ်နေတယ်...။ စာတာ မရေးဖြစ်တာ ရေးချင်နေတာတွေ
ကတော့ အများကြီးပါပဲ...။ အခုလည်း ဆရာတော်တွေရဲ့ ဆုံးမစာလေးနဲ့ ဖွင့်မယ်ဗျာ...။ တင်ရကျိုး
လည်းနပ်အောင် ဖတ်မိတဲ့သူလည်း အကျိုးရှိအောင် ရည်ရွယ်ပါတယ်ဗျာ...။


ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊ 

စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
 

စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
 

မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

 

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
 

စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
 

ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

Thursday 22 November 2012

'' ကိုယ့်ကို Block လိုက်ရင်ဘာလုပ်မလဲ ''

 ပျင်းလိုက်တာ ဒီနေ့ အရည်ကိုထွက်တော့မယ်  ၊ ဘာလုပ်ရင်ကောင်းမှာလဲ ၊ မစဉ်းစားတတ်ဘူး  တစ်ခါတစ်လည် ဒီလိုဖြစ်တတ်ပါတယ် ၊ ဘာရေးရင်ကောင်းမလည်းလို့ စားစဉ်နေရင် အချိန်ကြာ
တယ် စိတ်က ထင်တာမြင်တာ ၊တွေ့တာ ကို ချရေးလိုက်တယ်၊ ကိုယ်စိတ်ဆိုးနေတဲ့သူ ၊ ကိုယ်
ကိုယ် ဘလိုင်းကြီး  ဘလော့လုပ်လိုက်သူကို နည်းနည်းတော့  ပေါက်နေတယ် ၊ ဘယ်လိုလုပ်မှာ
လဲ . စိတ်နည်းနည်းသက်သာ သွားအောင်   ပက်ပက်စက်စက်ဆဲမယ် ပိုးစိုးပက်စက်ရေးမယ် ဆို
ရင် မကောင်းတဲ့ အကြံညဏ် ပေးလိုက်မယ် ..ဒါကတော့  ဒီလိုပါဗျာ.

ဂျီတော့မှာ ဘလော့လုပ် တဲ့သူကို ပြောတာနော် .. ကျွန်တော်ကတော့ ထည့်လိုက်ပြီ  ...
 ကောင်းကောင်းထည့်လိုက်တယ် ၊ ဒီလောက်ဆို  ဒီကောင် ကွဲနေပြီ ...ပေါက်နေပြီ
၁။အရင်ဦးဆုံး Mozila Firefox ကိုဖွင့်ပါ။
၂။Address Bar မှာ https://mail.google.com လို့ရိုက်ထည့်လိုက်ပါ
၃။ကိုယ့်ရဲ့ username နဲ့ password ရိုက်ထည့်ပြီး Gmail ထဲကိုဝင်လိုက်ပါ။
၎။ဘာဆက်လုပ်ကမယ်ထင်လဲ………………ဟီဟိ……….
၎။Compose Mail ထဲကိုဝင်လိုက်….(သိလောက်ပြီနော်…..ဘာဆက်လုပ်ကမလဲဆိုတာ)
၅။ To နေရာမှာ ကိုယ့်ကိုဘလောခ်ထားတဲ့လူရဲ့ လိပ်စာကိုရိုက်သာထည့်လိုက်တော့။
၆။Subject မှာ ကိုယ်ကနေသူ့ဆီကိုမေးလ်ပို့ထားကြောင်းကို (သူGtalk ဖွင့်လိုက်တာနဲ့ ပေါ်လာမယ့်စာထဲမှာ)
သတိထားမိအောင်……..ရေးလိုက်ပါ။(ကိုယ့်ကိုဆဲထားပါက တစ်မျိုးလုံးတစ်ဆွေလုံးနဲ့ကိုင်ပြီးတော့ကို တုတ်ပစ်လိုက်ပါ)
၇။Text ကိုတော့ကိုယ်တတ်နိုင်သလောက် ကိုပိုးစိုးပက်စက် ရေးနိုင်ပါတယ်။
၈။အခုအဆင့်က နဲနဲအရေးကြီးတယ်……. ဟီး……ကိုယ်ကတော့ပို့ပြီးသွားပြီဆိုတော့…………….
ကိုယ့်ဆီကိုပြန်ပို့လို့မရတော့အောင် Contacts ကိုကိုဝင်ပြီး သူ့Address ကို Select မှတ်…
ပြီးရင် ညာဘက်မှပေါ်လာတဲ့ Delect Contact ကိုနှိပ်ပစ်လိုက်ပါ။
ဟီးးးးးးးးးး……………………………….
အားလုံး ကိုယ့်ကို ဘလောခ့် တဲ့လူတွေကိုပညာပြနိုင်ကြပါစေနော်…………။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *