တိုင်းပြည်တစ်ပြည် တိုးတက်ရန် နိုင်ငံရေး ။ စီပွားရေး ၊ ပညာရေးတို့သည် အဓိက အရေးကြီင်္း
သော အခြေခံ အကြောင်းတရားများဖြစ်သည်။
မိဘဘိုးဘွားဘီဘင် လက်ထက်မှစ၍ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်းခဲ့သော ဘာသာရေး၊ လူမှုရေးနှင့် ဆက်နွယ်သည့် နီတိဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အသိအလိမ္မာတို့သည် မိမိထံ
သို့ အလိုအလျောက်စိမ့်ဝင်ရရှိအပ်သော မိရိုဖလာ အသိညဏ် ပညာရေးဖြစ်ပါသည်။ ကျောင်း
သွား၍ သင်ကြားနေရန်မလိုပဲ ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြားမှာပင် ရနိုင်ပါသည်။
ထိုမှတဆင့် လူမှန်းသိလာသည့်အရွယ်မှ စတင်၍ ကျောင်းအတန်းသင်ပညာကို သင်အံလေ့ကျင့် ဆည်းပူးရပြန်ပါသည်။ ကျောင်းသင်ပညာရေးသည် ဘ၀၀မ်းကျောင်းမှုအတွက် အလွန့်အလွန် အရေး
ကြီင်္းပါသည်။
မူလတန်းပညာရေးသည် အခြေခံအုတ်မြစ်ချခြင်းဖြစ်၍ ၊ အလယ်အတန်းပညာရေးသည် အဆောက်အ
ဦးခိုင်မာအောင် ကိုယ်ထည်ဆောက်ခြင်းဖြစ်ကာ အထက်တန်းအဆင့်သည် အရေးကြီးသည့် အမိုးအ
ကာ အချိုးအစားလှပပြေဖြစ်အောင်တည်ဆောက်ခြင်းဖြစ်သည်။ တက္ကသိုလ်ပညာများ သင်ကြား တတ်
မြောက်ခြင်းသည် အိမ်ကို မှန်ကာ ၊ ဆေးသုတ်၊ တယ်လီဖုန်းတပ်၊ တီဗွီဆင် ၊ စလောင်းတပ်ခြင်းဖြစ်
ပါသည်။ တကယ်တက္ကသိုလ် ပညာကောင်းကိုရရှိခဲ့ပါက တစ်သက်စာတည်ငြိမ်ခိုင်ခန့်သော ပြည့်စုံ
ကုံလုံ စိတ်ချမ်းသာမှုများကို ပေးစွမ်းသော လိုတရ အဆောက်အဦးကြီးကို တည်ဆောက်ပြီး ဖြစ်ပါ
လိမ့်မည်။