Subscribe:

Sunday 3 March 2013

```` ဘ၀အတွက် ထမင်းစားလက်မှတ် "

 တိုင်းပြည်တစ်ပြည် တိုးတက်ရန် နိုင်ငံရေး ။ စီပွားရေး ၊ ပညာရေးတို့သည်  အဓိက အရေးကြီင်္း
 သော အခြေခံ အကြောင်းတရားများဖြစ်သည်။ 

မိဘဘိုးဘွားဘီဘင် လက်ထက်မှစ၍ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်းခဲ့သော  ဘာသာရေး၊ လူမှုရေးနှင့် ဆက်နွယ်သည့် နီတိဆိုင်ရာ  ယဉ်ကျေးမှုဆိုင်ရာ  အသိအလိမ္မာတို့သည်  မိမိထံ
သို့ အလိုအလျောက်စိမ့်ဝင်ရရှိအပ်သော မိရိုဖလာ အသိညဏ် ပညာရေးဖြစ်ပါသည်။  ကျောင်း
သွား၍  သင်ကြားနေရန်မလိုပဲ ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြားမှာပင် ရနိုင်ပါသည်။ 

ထိုမှတဆင့်  လူမှန်းသိလာသည့်အရွယ်မှ စတင်၍ ကျောင်းအတန်းသင်ပညာကို  သင်အံလေ့ကျင့် ဆည်းပူးရပြန်ပါသည်။ ကျောင်းသင်ပညာရေးသည် ဘ၀၀မ်းကျောင်းမှုအတွက် အလွန့်အလွန် အရေး
ကြီင်္းပါသည်။ 

မူလတန်းပညာရေးသည် အခြေခံအုတ်မြစ်ချခြင်းဖြစ်၍ ၊ အလယ်အတန်းပညာရေးသည် အဆောက်အ
ဦးခိုင်မာအောင်  ကိုယ်ထည်ဆောက်ခြင်းဖြစ်ကာ  အထက်တန်းအဆင့်သည် အရေးကြီးသည့် အမိုးအ
ကာ အချိုးအစားလှပပြေဖြစ်အောင်တည်ဆောက်ခြင်းဖြစ်သည်။ တက္ကသိုလ်ပညာများ သင်ကြား တတ်
မြောက်ခြင်းသည်  အိမ်ကို မှန်ကာ ၊ ဆေးသုတ်၊ တယ်လီဖုန်းတပ်၊ တီဗွီဆင် ၊ စလောင်းတပ်ခြင်းဖြစ်
ပါသည်။  တကယ်တက္ကသိုလ် ပညာကောင်းကိုရရှိခဲ့ပါက  တစ်သက်စာတည်ငြိမ်ခိုင်ခန့်သော  ပြည့်စုံ
ကုံလုံ စိတ်ချမ်းသာမှုများကို  ပေးစွမ်းသော  လိုတရ အဆောက်အဦးကြီးကို တည်ဆောက်ပြီး ဖြစ်ပါ
လိမ့်မည်။ 


ကမ္ဘာကို ၀င်ဆန့်နိုင်စေမည့် လူကောင်လူတော်များကို  မွေးထုတ်ဖို့ရန် ကျောင်းသင်ပညာရေးသည်၊
အရေးကြီး၏ တစ်ကမ္ဘာလုံးက  တလေးတစားအရေးထား  အသိအမှတ်ပြုသော  ပညာရေးဖြစ်ရမည်။
တကယ်တတ်၍  တကယ်တော်ရမည်။ 

၁၉၂၀  ၀န်းကျင်က  ရန်ကုန်တက္ကသိုလ်အကြောင်း ရေးထားသောစာအများတွင် တက္ကသိုလ်ကျောင်း
သားသည် သာမာန်လူတို့နှင့်နေပုံထိုင်ပုံ ပြောဆိုဆက်ဆံပုံတို့မတူ ၊ တက္ကသိုလ်ကျောင်းသားဟုထုတ်
ဖော်ပြောနေစရာမလို၊  အလိုလိုသိရအောင်ခြားနားသွားရသည်ဟူ၏။ 

တိုင်ပြည်နိုင်ငံအသီးသီးက  သူတို့၏ပညာရေးစနစ်ကို  ကမ္ဘာနှင့်ရင်ဘောင်တန်းအောင် အမြဲတမ်းစော
င့်ကြည့်ပြောင်လဲနေခဲ့ရပါသည်။ ကွန်ပျုတာနည်းပညာ ၊ဆေးဝါး ၊ နျူးကလီယား စသည်ဖြင့်  လိုလျှင်
လိုသလို ပြောင်လဲသင်ကြားခြင်းအားဖြင့်  ထိုသင်တန်းမှ  သင်ကြားတတ်မြောက်ကြသူများသည်  အ
သင့်ရှိနေပြီးသော   အလုပ်နေရာလပ်များဆီသို့   လွယ်လင့်တကူ ၀င်သွားရုံပဲ ဖြစ်ပါသည်။ သက်ဆိုင်
ရာက  အမြဲတမ်းစောင့်ကြည့်စီမံပေးရပါသည်။ 

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက  သမီးမိန်းကလေးကြီးလာလျှင်  နိုင်ငံခြားသွား၍ အိမ်ဖော်လုပ်ရန်သာ 
စိတ်ကူးခဲ့ရသုများက ၊ နိုင်ငံ၏အုပ်ချုပ်မှုနှင့် ပညာရေးကောင်လာသောကြောင့် အဆင့်အတန်းရှိသော 
အလုပ်အများကို  လက်တွေ့ ၀င်ရောက်လုပ်ကိုင်လာနိုင်တာ တွေ့ရပါသည်။ 

မှတ်ချက် . တိုင်ပြည်တစ်ပြည်၏ စီမံအုပ်ချုပ်မှုနှင့်  ပညာရေးစနစ်သည် အလွန်အရေးကြီးပါသည်၊

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *