Subscribe:

Friday, 19 October 2012

အွန်းလိုင်း ချစ်သူ

ခုတလောလူငယ်တွေချစ်သူထားကြတာအွန်လိုင်းပေါ်မှာပဲအွန်လိုင်းချစ်သူတွေပလူပျံအောင်တွေ့နေရတယ်
အွန်လိုင်းပေါ်မှာချစ်ပြီး ..... ခဏလေးနဲ့ကွဲ နောက်တစ်ယောက်နဲ့ထပ်ကြိုက် ... ဒါမျိုးတွေလည်း အများကြီးပါ .ဒါပေမယ့်အွန်လိုင်းမှာချစ်ခဲ့ကြပြီးလက်ထပ်တဲ့အထိဖြစ်သွားတဲ့သူတွေလည်းဒီခေတ်မှာတကယ်ရှိနေကြပြီနော် ..ဒါကို သူငယ်ချင်းတို့ ဘယ်လိုငြင်းမလဲ လူတစ်ယောက်ကပြောဖူးတယ် တစ်ယောက်ကိုမမြင်ရမတွေ့ရနဲ့ ဒီအွန်လိုင်းပေါ်မှာစာလေးရိုက်နေရတာကို “ အချစ် ” လို့ထင်နေလားတဲ့သူကအဲဒီအချစ်ကို မယုံဘူးတဲ့

လွမ်း


အလုပ်လုပ်နေရင်း ပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်မိ၏။ အပြင်လောကရှိ စိမ်းစိုနေသော သစ်တောအုပ်ကို တွေ့ရသည်။ သစ်တောအုပ်အလွန်မှာ စေတီတစ်ဆူကို လှမ်းမြင်ရ၏။ အရာဝတ္တုတွေက မျက်ဝန်းမှာ လာပေါ်ပေမယ့် စိတ်က သူမဆီ ရောက်နေသည်။ လွမ်းလို့ တွေ့မြင်ချင်လှပြီ။

ကွန်ပျူတာ သုံးနေရင်း ပျင်းပျင်းနှင့် ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် လုပ်နေမိသည်။ Photo Folder လေး တွေ့မိတော့ ဖွင့်ကြည့်မိ၏။ မိမိအတွက် ချစ်စရာ မျက်နှာလေးနဲ့ သူမပုံများစွာကို တွေ့မြင်ရသည်။ ဟန်ပန်အမှုအရာ အမျိုးမျိုးနဲ့ ရိုက်ထားသော ဓာတ်ပုံများ။ လွမ်းတဲ့စိတ်ကို ထိန်းချုပ်ရင်း အလုပ်ဆက်လုပ်မိသည်။

နေ့လည်စာ ချက်စားဖို့ မိတ်ဆွေတစ်ယောက်ကို ဈေးမှာလိုက်မိသည်။ အရင်ဆို ကြက်ဥသာ မှာတတ်ပြီး ဒီတစ်ခါတော့ အသားဟင်း မှာလိုက်မိသည်။ ဦးဆုံးအကြိမ်ပေါ့။ အသားရလာတော့ ချက်ပြုတ်နေရင်းနှင့် သူမ မျက်နှာကို ပြေးမြင်မိသည်။ သူမ ချက်ကျွေးမှုတွေကို တမ်းတမိ၏။ လွမ်းရပါသည်။

ည အိပ်ရာဝင်ခဲ့သည်။ အိပ်မပျော်သေးပဲ နဖူးပေါ် လက်တင်ထားမိသည်။ သူမ ရယ်သံလေးတွေ၊ လှုပ်ရှားမှုလေးတွေ စိတ်ကူးပုံရိပ်တွေ အစီအရီ ပေါ်လာ၏။ စိတ်ကူးတွေ ပျောက်ပျယ်မှာစိုး၍ အမိအရ စိတ်ကူးယဉ်နေမိသည်။ လွမ်းလို့ မျှော်နေမိသည်။    
                                                                  

အက်ဆေး


အေးမြတဲ့ ဆောင်းညမှာ တစ်ယောက်တည်း လမ်းလျှောက်ရင် သူမကို တွေးမိသည်။ ချစ်တယ် ဆိုတဲ့ စကားတွေ စိတ်ထဲက အကြိမ်တစ်ရာမက ရေရွတ်နေမိတယ်။ သူမကို တွေးလိုက်မိရင် ရင်ထဲ နွေးထွေးသွားတယ်။ မိမိအပေါ် ဒီလောက်ထိ စိုးမိုးသူ။

အလုပ်တွေ လုပ်နေရင်းနဲ့ အာရုံပျံ့လွင့်ပြီး ဆိုရင် သူမ မျက်နှာလေးက ပြေးဝင်လာ၏။ ၀င်လာသော အာရုံကို မောင်းထုတ်ဖို့ တစ်ကြိမ်တစ်ခါမှ မကြိုးစားမိ။ ကျေနပ်ကြည်နူးစွာ လက်ခံခဲ့၏။ တစ်ခဏ ခွဲခွါရပေမယ့် လွမ်းစိတ်ကတော့ အတူတူပင်။ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့် ခွဲရမှာပင် ကြောက်ရွံ့လာမိသည်။

အလွန်အေးတဲ့ ဆောင်းညမျိုးမှာတောင် မိမိခန္ဓာကိုယ်သည် သူမကို ချစ်နေတဲ့ ချစ်စိတ်များ စီးဝင်နေ၍ နွေးထွေးနေသည်။ မင်းလက်ကလေး ကိုင်ချင်လို့ သီချင်းကို သတိရမိသည်။ သူမ၏ လက်ကလေးကို နွေးထွေးစွာ ဆုပ်ကိုင်ချင်မိသည်။ 
                                           

မောင်လှမျိုး ၀တ္ထုမှ အကောင်းဆုံး ရသများ                            

မင်းအတွက် ကွဲအက်ကြေခဲ့သော.

မသိချင်ယောင်ဆောင်ထားတာ
တော်တော်တောင်ကြာပါပြီနော်...
ခံစားချက်တွေရယ်...
ငါ့ရဲ့စိတ္တဇဆန်ဆန်နေ့ ရက်တွေ အတွက်...
ခံနိုင်ရည်မရှိလို့ ပါ...

အဖြစ်အပျက်တွေက
မြန်ဆန်လွန်းပေမဲ့...
ထင်ကျန်ခဲ့တာက
အမာရွတ်ပေါ် အက်စစ် ပက်ခဲ့သလိုပဲ...

မာနတွေကို ခ၀ါချပြီး
မင်း သုံးဆောင်ဖို့ အတွက်...
ငါ့နှလုံးသားကို အရှင်လတ်လတ် ခွဲပြီး
အပ်နှင်းခဲ့တာပဲ...

အခုဆိုရင် ခံစားတတ်တဲ့ နှလုံးသားကလည်း
မင်းဆီမှာ...
နာကျင်တတ်တဲ့ နှလုံးသားကလည်း
မင်းဆီမှာ...
မင်းဘာလုပ်လုပ် ငြိမ်ကုတ်ပြီး တိတ်တိတ်လေးငိုတတ်တဲ့ နှလုံးသားက
မင်းဆီမှာ...
မင်းအတွက် အမြဲပေးဆပ်ဖို့  သတိပေးတတ်တဲ့ နှလုံးသားက
မင်းဆီမှာ...
ဘယ်တော့မှ မသေဆုံးနိုင်တဲ့ ချစ်ခြင်းတွေ ရှင်သန်နေတဲ့ နှလုံးသားက
မင်းဆီမှာ...
မင်းအတွက် ဘာများလိုအပ်သေးလို့ လဲ?
မိန့် တော်မူလိုက်ပါဦး ချစ်သူရယ်........

မိကောင်း ဖခင် သားသမီး


မိကောင်းဖခင် သားသမီးများ ဖြစ်ရန်မှာ ငွေတွေ ကြေးတွေ ပေါများခြင်း၊ အခြေကြီးအနေကြီး နေရခြင်းတို့

ကို လိုအပ်သည်မဟုတ်။ တစ်ဖက်ရပ်တဲကလေးမှာ နေရသော ဆင်းရဲသားတို့၏ သားသမီးတို့သည်လည်း 

မိကောင်း ဖခင် သားသမီးများဖြစ်နိုင်ကြသည်။ အကျင့်ကောင်းဖို့သာ လိုသည်  ဟူသော ဆရာတက်တိုး၏ 

အတွေးအမြင်ကို အထူးသဘောကျမိပါသည်။

{တတိယအရွယ်မရောက်ခင် }




တတိယအရွယ်အိုမှတရားဝင်ပြီပဲဆိုပါတော့။
      
တတိယအရွယ်ဆိုတာ ရုပ်ကလည်းအို၊ နာမ်ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီဆိုရင် ထိုင်ရ၊ ထရတာ  လည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း ကြာကြာမထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ် တစ် ခါ လောက် ပြင်ပြင်နေရပါတယ်။ တချို့ဝတဲ့သူတွေဆိုရင် ထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ တစ် ချို့ဆိုရင် လူတွဲနဲ့မှ ထိုင်နိုင် ထနိုင် ပါတယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့ လက္ခဏာပါ။

{တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကိုသတ်ပေမယ့် နှစ်ဖက်လုံးသေပါတယ် }


အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကတော့ အရပ်ထဲမှာ ပြောနေကျအတိုင်းပဲပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါပဲ။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *