Friday, 28 December 2012
Ban That Scence
'ဒီဇာတ်ကားလေးကို ကြည့်ဖြစ်တာ တော်တော်လည်းကြာပါပြီ ၊ ဒါပေမယ့် ဘလော့ဒ်မှာ
တင်ချင်စိတ်ပေါက်လာတာနဲ့ တင်လိုက်တာပါ .. တကယ်လို့ ကြည့်ပြီးပီ ဆိုရင်လည်း
နှောက်တစ်ခေါက် ပြန်ကြည့်လိုက်ပေါ့ .. အမှတ်ရလေး ပိုဖြစ်သွားတာပေါ့ .. ..p)
Saturday, 22 December 2012
သူကောင်းမှ ကိုယ်ကောင်းရင် လူကောင်းမဟုတ်...
ယောဂီတို့ကထူးချင်တာလား၊ ရူးချင်တာလား။ ထူးချင်တာနော်။ ထူးချင်တယ်ဆိုရင်
ဘာလုပ်ရမလဲ။ ထူးအောင်လုပ်ရမယ်။ ထူးမှထူးတဲ့။ ရှင်းရှင်းလေးပဲနော်။
ထူးတဲ့စိတ်ဓါတ်မွေးရမယ်။ ထူးတဲ့စိတ်ထား ထားရမယ်။ ထူးတဲ့အတွေး တွေးရမယ်။
ထူးတဲ့အပြော ပြောရမယ်။ ထူးတဲ့အလုပ် လုပ်ရမယ်။ ထူးတဲ့အကျင့် ကျင့်ရမယ်။ ဒါဆိုရင် ထူးပြီပေါ့။ ထူးချင်ရင်ဘာမှမခက်ပါဘူး။ ထူးလိုက်ရုံပဲပေါ့။
"ကျေးဇူးပြု၍ မေမေ့ကိုကြည့်ရှုစောင့်ရှောက်ပါ"
ဒီစာအုပ်ဟာ ဘာသာစကားများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး နိုင်ငံပေါင်းများစွာက အလုအယှက်ဖတ်နေကြတဲ့စာအုပ်လို့ ဆိုထားပါတယ်။ စာရေးသူရဲ့ဒီစာအုပ်ဟာ အင်္ဂလိပ်ဘာသာလိုပြန်ဆိုခံရတဲ့ စာအုပ်ဖြစ်ပြီး အင်္ဂလိပ်လိုပြန်ဆိုထားတဲ့စာအုပ်ကို ၂ဝ၁၁ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ကိုရီးယားလိုရေးထားတဲ့ မူရင်းစာအုပ်က ထုတ်ဝေလိုက်တာနဲ့တပြိုင်နက် ကိုရီးယားနိုင်ငံမှာ ၁ဝလအတွင်း အုပ်ရေတစ်သန်းခွဲကျော်ရောင်းခဲ့ရပြီး စာအုပ်အရောင်းဆိုင်တွေမှာ ၁နှစ်ကျော်ကြာ ဗိုလ်စွဲခဲ့တဲ့စာအုပ်လည်းဖြစ်ပါတယ်။ ၂၁ရာစုမှာ မိခင်ဘွဲ့ကို အကောင်းဆုံးရေးစပ်နိုင်ခဲ့တဲ့စာအုပ်လို့လည်း ဆိုထားကြပါတယ်။
Wednesday, 19 December 2012
Friday, 14 December 2012
ပထမဆုံး လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသ
Jessica Cox
အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ
စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့်
ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox
ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ်
အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့
ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ
တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
gmail ပို့တဲ့သူက ဘယ်နိုင်ငံကလဲ
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ ဆိုတာ
သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ
မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို
အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခု က Spypig ပါ။
၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
၃ ။ Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။

ဟာသ
စောင့်မယ်
“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး ““ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “
“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “
“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “
ဖြစ်မှဖြစ်ရလေ
တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က
“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “
ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက
“ ကျွန်တော်ဖမ်းလိုက်မယ် “
ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့
“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “
“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “
တူဘူးလေ
Subscribe to:
Posts (Atom)