ကျွန်တော်သူငယ်ချင်း မောင်လေးနိုင် ကေအေလ်( KL ) ကို ရောက်နေ၍ .မြန်မာဆိုင်ကတဆင့် ကျွန်
တော်ကို ဖုန်းဖြင့် အကြိမ်ကြိမ်နဲ့လှမ်းခေါ်နေ၍ ကျွန်တော် ဖုန်းကို လှမ်းကိုင်လိုက်သည်မှာ ဟဲလို ..friend
(့how are you ) ဒီလိုပဲ နုတ်ဆက်ပြီးတော့ ငါ ၀င်းကိုနဲ့တူတူ မြန်မာဆိုင်မှာဘီယာဆွဲနေတယ်ကွာ .သူနဲ့မ
တွေ့တာကြာပြီဆိုတော့ အလွမ်းပြေ ဘီယာနဲ့ ဧည့်ခံကျွေးမွေးပြီး ဖြေဖျော်ပေးရဒယ်လေ...ဟေ့ကောင်ရေ
မင်းလည်း အခုလာခဲ့နော် ငါ့တို့တွေ စောင့်နေမယ် ၊မလာရင်တော့ မလွယ်ဘူးမှတ် ၊ မင်းဝင်းကိုနဲ့စကား
ပြောလိုက်အုံး ဒီကောင်လည်း အတင်းအားတမ တကယ်လာခဲ့နော် မလာရင် တကယ်သတ်မယ့်အတိုင်း လာဖြစ်အောင်လာခဲ့ပါဆိုတာဒေးပဲ ဒီစကားတွေကိုဘဲ ဆက်ကာဆက်ကာ ပြောနေမိသည် ၊ အေးပါကွာ
လို့ ကျွန်တော်လည်း လာခဲ့မယ်ဟု ကတိပေးလိုက်မိသည် ၊ .၀င်းကိုက လုပ်ချလိုက်သေးတယ် ငါ့ကိုကွာ
တဲ့ ဆော်တွေ ၀ိုင်းဝမ်းချူနေကြလို့ ထိုင်ရမှာလို ၊ ထရမှာလို ဖြစ်နေတယ် ၊ ငါ့မနေတတ်တော့ဘူးတဲ့ ၊ .
( အော် ၀င်းကိုသည် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတော့လည်း နည်းနည်းလေးတော့အကြွားမသ
န်ဘဲ မနေနိုင်ပုံပေါက်၏.. )