Subscribe:

Monday 31 December 2012

Happy New Year 2013

၂၀၁၂ ကုန်ဆုံးသို့လို့ ၂၀၁၃ ကို မျှော်လင့်ပြီင်္း လေစိမ်းတွေထဲမှာ ခေါင်းလေးကို အပေါ်ကိုမော့ထား ၊
ပြီးလက်နှစ်ဘက်ကိုဆံ့ကာ  အနာဂတ်အတွက်  လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ဆိုတဲ့သူတွေရှိသလို ၊
ကျွန်တော်အပါအ၀င် အနာဂတ်ဆိုတာ ၊  ဒဏ်ရာမှာကပ်ထားတဲ့ ( PLASTAR ) များလား ၊ ဘာလား ၊
ညာလား ၊ မေးရမဲ့သူတွေလည်း ရှိနေလျှက်ပါလား ၊ အနာဂတ်ကြီးကိုရေ ..

ကျွန်တော် ၂၀၁၃ အတွက်အမှတ်တရ ရေးချင်စရာဆိုလို့ မင်မင်ရရ ဘာမှမရှိဘူးဗျာ. ပြောရင်တော့ 
ယုံစရာတောင်ရှိမှာမဟုတ်ဘူး ၊  ကျွန်တော်ဘ၀မှာ ရေးစရာ ၊ ပြောစရာ ၊ သတိရစရာ ၊ အမှတ်ရစရာ
 ဆိုလို့်ုပြည်ပရောက်ပြီးမှ Mother ကြီးရေ  Father ကြီးရေ မိသားစုရေ၊ အိမ်ကိုလွမ်းတာရေ ဒါလေးတွေ
ဘဲရှိတယ်ဆိုရင် မှားလိမ့်မည်မထင်ပါရဲ့ဘောင် ၊ ချစ်ရစွာသော မိသားစုအတွက် နှစ်သစ်မှာသတိရေ
ပါင်းများစွာနဲ့စာတစောင် ရေးထားလိုက်မိတယ်
          
( သို့  )
              မိဘနှစ်ပါး ဘုရားနဲ့တစ်ဂိုဏ်းတည်းထားရှိအပ်သော  ကျေးဇူးရှင် မိဘနှစ်ပါးကို  လက်ဆယ်ဖြာ 
ထိပ်ဦးမှာထား၍ ကျန်းမာနိုင်ပါစေလို့ အိပ်ရာဝင်တိုင်း ပူဇော်အထူးကို ခံတော်မှုထိုက်သော '' ဂေါတမ မြ
တ်စွာဘုရားထံဝင် ''  နှစ်သစ်ကူး မင်္ဂလာရက်မြတ်မှာ ဆုတောင်းဦးချလျှက်ရှိနေဆဲပါ ။ဖေဖေနဲ့ မေမေ ..

             ကျွန်တော်ကို  အသက်နဲ့ ရင်း၍ မွေးထုတ်ပေးခဲ့သော မိခင်နဲ့ ဘ၀နဲ့ရင်းပြီး လုပ်ကျွေးပြုစုခဲ့သော
ဖခင်နဲ့ အတောင်အလက်မစုံသေသော နုနယ်သည့်သားငယ်ဘ၀၌ ပြုစုစောင့်ရှောက်ကျွေးပေးခဲ့သော မိ
ခင်ပမာ အဘောင်မ မရင်နုနဲ့ အဘိုးတို့ နဲ့အတူ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းထိန်းကျောင်းပေးခဲ့သော မိသားစု
ကိုလည်း နှစ်သစ်ဦးမှာ ဦးဦးဖျားဖျား ကျန်းကျန်းမာမာနဲ့ ချမ်းချမ်းသာသာ ပျော်ရွင်နိုင်ကြပါစေလို့ ဆုမွန်း
ကောင်းတောင်းလျှက်ပါ ....


                ယခု မျက်မှောက်ဘ၀ မျက်မှောက်ကာလ၌ မိဘနှစ်ပါးနဲ့အတူ မိသားစုဝင်များကို  ၂၀၁၃ မှာ 
တတ်နိုင်တဲ့ဘက်က  ကိုယ်တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးသွားမည်ဟု စိတ်ကူးထားမိသည် ၊
နှစ်သစ်မှာ မိသားစုဝင်နဲ့ အတူသူငယ်ချင်းမိတ်ဆွေတွေအားလုံး ပျော်ပျော်ရွင်နဲ့ ဖြူးဖြူးဖြောင့်ဖြောင့် ကိုယ့်လိုအင်ဆန္ဒပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ...
              
                               အားလုံးကိုသတိရစွာဖြင့် ...     ဇော်ဝင်းသိန်း 

              .

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *