Subscribe:

Thursday 13 December 2012

အထီးကျန် အလွမ်း

ညက တိတ်ဆိတ်လှသည်။ နွေညမို့ထင့်။ အခန်းတွင်းဝယ် ပန်ကာ လည်သံက တ၀ီဝီ မြည်နေသည်။
တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် အိမ်မြှောင် စုတ်ထိုးသံက တိတ်ဆိတ်သော ညမှာ ကျယ်လောင် နေပြန်သည်။ အောက်ဆီဂျင် ပိုက်မှ စီးဆင်းနေသည့် လေကိုရှူကာ မိုးနှစ်ခြိုက်စွာ အိပ်မောကျ နေသည်။ မနေ့က နေ့လယ်ခင်း ကတည်းက နာကျင်အော်ဟစ် ညည်းညူ နေရ၍ပင် ပန်းလှပြီထင့်။ အိပ်ပါစေလေ။ ဆေးအရှိန်နှင့် မိုးသက်သာစွာ အိပ်ပျော် နေမည်ဆိုလျှင် သူကျေနပ် နေသည်။

Wednesday 12 December 2012

Myanglish ၊ Burglish speaker.

မြန်မာလိုမရိုက်တတ်ရင် ဒီလိုလဲ လုပ်ကြည့်ပါလား .. ဟီဟီ

 


မိတ် ဆွေ သူငယ် ချင်း

နာမည်ကြီး စကောတလန် စာရေးဆရာတစ်ဖြစ်လဲ ဟာသမင်းသား Roterက ပရိသတ်ကို "ဘေးကလူနဲ့ ခင်ဗျားတို့ ပုခုံးချင်းယှဉ်ပြီး ထိုင်နေတာ ၂ နာရီလောက် ရှိနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါလား?" လို့ ပြောလိုက်တယ်။ သူ့စကားကြောင့် ပရိသတ်တွေ ရယ်မောခဲ့သလို လူတစ်ချို့က ကိုယ့်ဘေးမှာ ထိုင်နေသူတွေကို ထနှုတ်ဆက်ကြတော့တယ်။

ဒီလောက်ပဲ လွယ်ကူရိုးရှင်း ခဲ့ပါတယ်... ဘေးမှာရှိနေတဲ့သူက ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်နဲ့ ကိုယ့် "သူငယ်ချင်း" ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေက တစ်ခါတလေ ကိုယ့်ကို အထင်ကြီးမှု၊ လူတန်းစား၊ လူမျိုးခွဲခြားမှုကြောင့် သူငယ်ချင်းကောင်းတွေကို လက်လွတ်ခဲ့ရတယ်။

ဘီလ် ဂိတ် ဘယ် လောက် ချမ်း သာ သလဲ့ ?

၁) ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅ဝ ဖြစ်တယ်။ တစ်နေ့ဝင်ငွေက သန်း၂ဝကျော် ဖြစ်တယ်။ တကယ်လို့ သူ့ပိုက်ဆံအိတ်ကနေ ဒေါ်လာ၁ထောင် ကျသွားရင်တောင် ဘီလ်ဂိတ် ကောက်ချင်မှကောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခါးကိုင်းပြီး ကောက်လိုက်တဲ့ အချိန်၎စက္ကန့်ရဲ့ ဝင်ငွေဟာ အဲဒီငွေနဲ့ ညီမျှလိုပဲဖြစ်တယ်။

၂) အမေရိကန် အစိုးရတင်နေတဲ့ အကြွေးက 5.62 trillion dollars ဖြစ်တယ်။ ဘီလ်ဂိတ်ကို အဲဒီအကြွေးတွေ ဆပ်ခိုင်းဖို့ရာ အချိန်(၁ဝ)နှစ်ပဲ လိုပါလိမ့်မယ်။

၃) ဘီလ်ဂိတ်ရဲ့ ချမ်းသာမှုဟာ အမေရိကန်အစိုးရစုထားတဲ့ ရွှေတန်ဖိုးရဲ့ ၃ဆဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတိုင်း လူတစ်ဦးကို ဒေါ်လာ၁၅ကျပ်နှုန်း ဝေခဲ့ရင်တောင် ဘီလ်ဂိတ်မှာ လက်ကျန်ငွေ ဒေါ်လာ ၅ သန်း ကျန်ခဲ့နိုင်ပါသေးတယ်။

၎) မိုက်ကယ်ဂျော်ဒန်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်တယ်။ ဂျော်ဒန်ဟာ သူ့တစ်နှစ်ဝင်ငွေ သန်း၃ဝကို မစားမသောက်ဘဲ စုခဲ့ရင်တောင် နောင်နှစ်ပေါင်း (၂၇၇)နှစ်စုမှ ဘီလ်ကိတ်ရဲ့ လက်ရှိချမ်းသာမှုနဲ့ ညီမျှမှာဖြစ်တယ်။

၅) ဘီလ်ဂိတ်ဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုရင် သူဟာ နံပါတ် (၃၇)မြောက် အချမ်းသားဆုံးနိုင်ငံ ဖြစ်တယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် နံပါတ်(၁၃)မြောက် အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ IBM ထက်တောင်ကြီးပါတယ်။

Buddha 1-16 (ဗုဒ္မ အပိုင်း၁ မှ ဗုဒ္မ အပိုင်း၁၆ထိ)

(မေမေ ပို့ပေးတဲ့ ဗုဒ္မနှင့် ဗုဒ္မဘာသာအကြောင်းစာများ) Buddha 1 ဗုဒ္မ=သစ္စာလေးပါးတရားကိုသိမြင်သူ ဒုက္ခသစ္စာ=ဆင်းရဲခြင်းအရင်းခံ အမှန်တရား ဖြစ်ခြင်းပျက်ခြင်း သဘောတရား သမုဒယသစ္စာ=တဏှာ လောဘ၊ တပ်မက်တွယ်တာမှု နောင်ဖွဲ့ခြင်း သဘောတရား။ နိဂြောဓသစ္စာ=ဒုက္ခခပ်သိမ်းငြိမ်းအေးခြင်း သဘောတရား မဂ္ဂသစ္စာ =ဒုက္ခသစ္စာ သမုဒယသစ္စာတို့  ချုပ်ငြိမ်းခြင်းသဘောတရား။ ဗုဒ္ဒသည် သစ္စာလေးပါး တရားကို ပိုင်းခြားသိမြင်တော်မူပြီး ညာဥ့်ဦးယံတွင်အသဝေါတရားကုန်ခမ်းတည်းဟူသော နိဗ္မာန်နဥာဏ်ကို ရရှိသည်။ သန်းခေါင်ယံတွင် အရာရာကို ထိုးထွင်းသိမြင်တည်းဟူ ဒိဗ္မစက္ခုဥာဏ်ကို ရသည်။မိုးသောက်ယံ တွင် ရှေးဖြစ်ဟောင်း...

အကောင်းဆုံးအနမ်း




First place, Ji Hyeon-woo and Yoo In-na's 'tip-toe kiss'
မကြာမှီ ကပြ သွာတဲ့ TV ဇာတ်လမ်းတွဲ တွေမှာ kiss ခန်းတွေမှ 'best kiss' တွေကို online မဲပေး စနစ်နဲ့ ပရိသတ် ထံမှ ဆန္ဒ ကို Ium ဆိုတဲ့ dating service ကုမ္ပဏီ ကကောက် ခံခဲ့ ပါတယ်။
အသက် ၂၀-၃၀ အတွင်းရှိ အမျိုးသမီး အမျိုသား ၁၀၈၃ ဦးထံမှ ဆန္ဒ ယူခဲ့ ရာမှာ Queen In-hyun's Man ဇာတ်လမ်းတွဲ မှ မင်းသား Ji Hyeon-woo နဲ့ မင်းသမီး Yoo In-na တို့ရဲ့ အနမ်း က 39% နဲ့ ပထမ ရရှိခဲ့ ပါတယ်။ ဒီအနမ်း ကို tip toe kiss လို့အမည် ပေးထား ကြပါတယ်။

Second place, Kim Ha-neul and Jang Dong-gun's 'cherry blossom kiss'
A Gentleman's Dignity ဇာတ်လမ်းတွဲ မှ မင်းသား Jang Dong-gun နဲ့ မင်းသမီး Kim Ha-neul တို့ရဲ့ အနမ်း က 25% နဲ့ ဒုတိယ နေရာကို ရရှိခဲ့ ပါတယ်။ ဒီအနမ်း ကို cherry blossom kiss လို့အမည် ပေးထား ကြပါတယ်။

Third place, Han Ji-min and Micky Yoochun's 'teary kiss'
The Rooftop Prince ဇာတ်လမ်းတွဲ မှ မင်းသား Micky Yoochun နဲ့ မင်းသမီး Han Ji-min တို့ရဲ့ အနမ်း က 20% နဲ့ တတိယ နေရာကို ရရှိခဲ့ ပါတယ်။ ဒီအနမ်း ကို teary kiss လို့အမည် ပေးထား ကြပါတယ်။

Forth place, Ha Ji-won and Lee Seung-gi's 'refrigerator kiss'
The King 2 Hearts ဇာတ်လမ်းတွဲ မှ မင်းသား Lee Seung-gi နဲ့ မင်းသမီး Ha Ji-won တို့ရဲ့ အနမ်း က 16% နဲ့ အမှတ်လေး နေရာကို ရရှိခဲ့ ပါတယ်။ ဒီအနမ်း ကို refrigerator kiss လို့အမည် ပေးထား ကြပါတယ်။
အင်း .... ကြံကြံ ဖန်ဖန် လည်းလုပ်တတ် ကြပါ ပေတယ်။

Reference Article
Source Link : The Perfect Kiss Chosen By Single Women And Men

Saturday 1 December 2012

ဝတ္ထုစာအုပ်များ

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *