Subscribe:

Sunday 27 January 2013

xxx ဆရာနန္ဒာသိန်းဇံစာအုပ်များ xxx

ဆရာနန္ဒာသိန်းဇံစာအုပ်လေးတွေကို စာဖတ်ဝါသနာရှင်များ ကြိုက်ကြမယ်လို့ ထင်ပါတယ် ၊ ကျွန်တော်အပါအ၀င်  အလွယ်နဲ့တကူးဖတ်လို့ရအောင်၊ ဘ၀လမ်းခရီးတလျှောက်မှာ အထောက်အကူးပံ့ပိုး
ပေးနိုင်မယ့် စာအုပ်တွေလို့ ထင်တဲ့အတွက်  ကျွန်တော့် ကိုယ်ပိုင်အိမ်လေမှာ စုစည်တင်ပြထားပါတယ် ၊ 
တကယ်လို့ စိတ်ဝင်စားတယ် ဖတ်ချင်တယ်၊ အလစ်ထောက်ကြည့်ချင်ဆိုရင်  အောက်မှ ဒေါင်းလော့
ပေးထားတယ်  xxxx  xxxx xxxx



                                                 ပြောရင်းပြောနေမည့်  ချစ်ခြင်းမေတ္တာ နန္ဒာသိန်းဇံ  )  




                    အနေခက်အောင် ကူညီကြသူများ (  နန္ဒာသိန်းဇံ  )  

            
                                                                

Sunday 13 January 2013

ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှပြန်မမျှော်လင့်ဘဲနဲ့
ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့
သတ္တိလိုပါတယ်။
ရာနှုန်းပြည့်ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့
ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့
သတ္တိလိုတယ်။
ကိုယ့်ဘ၀ထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့
သတ္တိလိုတယ်။
ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုးမထားဘဲ
ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့
သတ္တိလိုတယ်။
အရှုံးအမြတ်မတွက်ဘဲ ချစ်နိုင်ဖို့
သတ္တိလိုတယ်။
အနိုင်အရှုံးမရှိဘဲ ချစ်နိုင်ဖို့
သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့
သတ္တိလိုတယ်။
တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။
ဆရာတော် ဦးဇောတိက

မလေးရှားမှာ ခဏတာတွေ့ဆုံခြင်း ရန်ကုန်သူနဲ့ မာန်အောင်သား အချစ်ဇာတ်လမ်း

ကျွန်တော်သူငယ်ချင်း မောင်လေးနိုင်  ကေအေလ်( KL )  ကို ရောက်နေ၍  .မြန်မာဆိုင်ကတဆင့် ကျွန်
တော်ကို ဖုန်းဖြင့် အကြိမ်ကြိမ်နဲ့လှမ်းခေါ်နေ၍ ကျွန်တော် ဖုန်းကို လှမ်းကိုင်လိုက်သည်မှာ ဟဲလို ..friend
(့how are you ) ဒီလိုပဲ နုတ်ဆက်ပြီးတော့  ငါ ၀င်းကိုနဲ့တူတူ မြန်မာဆိုင်မှာဘီယာဆွဲနေတယ်ကွာ .သူနဲ့မ
တွေ့တာကြာပြီဆိုတော့ အလွမ်းပြေ ဘီယာနဲ့ ဧည့်ခံကျွေးမွေးပြီး  ဖြေဖျော်ပေးရဒယ်လေ...ဟေ့ကောင်ရေ
  မင်းလည်း အခုလာခဲ့နော် ငါ့တို့တွေ စောင့်နေမယ် ၊မလာရင်တော့ မလွယ်ဘူးမှတ် ၊ မင်းဝင်းကိုနဲ့စကား
ပြောလိုက်အုံး ဒီကောင်လည်း အတင်းအားတမ တကယ်လာခဲ့နော် မလာရင် တကယ်သတ်မယ့်အတိုင်း လာဖြစ်အောင်လာခဲ့ပါဆိုတာဒေးပဲ ဒီစကားတွေကိုဘဲ ဆက်ကာဆက်ကာ ပြောနေမိသည် ၊ အေးပါကွာ
လို့ ကျွန်တော်လည်း လာခဲ့မယ်ဟု ကတိပေးလိုက်မိသည် ၊  .၀င်းကိုက  လုပ်ချလိုက်သေးတယ် ငါ့ကိုကွာ
တဲ့  ဆော်တွေ  ၀ိုင်းဝမ်းချူနကြလို့  ထိုင်ရမှာလို ၊ ထရမှာလို  ဖြစ်နေတယ် ၊ ငါ့မနေတတ်တော့ဘူးတဲ့ ၊ .
 ( အော်  ၀င်းကိုသည် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတော့လည်း  နည်းနည်းလေးတော့အကြွားမသ
န်ဘဲ မနေနိုင်ပုံပေါက်၏..   )

Sunday 6 January 2013

အောင်မယ်လည်း သေပြီဆရာ အဲဒါ ငါ့မေမေကွ

           ကျွန်တော်အလုပ်ပိတ်၍  အေးဆဲစွာ အနားယူနေခိုက် ၊ ဘော်ဒါကြီး ၀င်းကိုသည် ၊ အခန်းကို
ရောက်ရှိလာခဲ့သည်၊ ဟေ့ကောင် ဘာလုပ်နေလည်း အပြင်လည်း ဘာလည်း မထွက်တော့ဘူးလား၊
 ငါတော့သိပ်မထွက်ချင်ဘူး အပြင်ကို  နားနားနေနေစိတ်ပန်းပြေ  အခန်းထဲမှာပဲနေပါရစေကွာ . 
မင်းကလည်း အခန်းထဲမှာနေတာ စိတ်ဖိစီးမှုများတယ်စိတ်မွမ်းကျပ်တယ် ၊ ဗဟုသုတလည်း ဘာ
မှရမှာမဟုတ်ဘူး နှောက်နောင်ဆိုရင်  အမြဲတမ်းအခန်းထဲမှာနေရင် လှောင်အိမ်ထဲက  ဌက်ကလေး
လိုမင်းဘ၀ဖြစ်သွားလိမ့်မယ်( ဟုတ်လားချေလား မင်းစကားက )  :P )

Saturday 5 January 2013

မောင်းမောင်အင်္ဂလိပ် လူကိုမရွတ်၊ ခရုမှတ်လား

ဒီဟာသလေးကို ရယ်စရာကောင်းလွန်းလို့ ကျွန်တော် ပို့စ်တင်ပေးလိုက်တာပါ ၊ ရိုင်းသွားတယ်ဆိုရင်
ကျွန်တော်ကို အပြစ်မထင်ပါနဲ့ ၊ အပြစ်တင်စရာရှိရင်  အစ်ကို စိုးသူရ ကို ကြိုက်သလို ဆဲဆို၊ အပြစ်တင်
နိုင်ပါတယ် ၊ ... ဟီဟီ (  ကြည့်ကြည့် .. ကိုယ်လွတ်ရုံးတယ်နော်  ) ..


            အင်္ဂလိပ်ကိုလိုနီခေတ် ကာလမှ လွတ်လပ်ရေးမရမှီကာလ အတွင်း ဖြစ်ပျက်ခဲ့သိ ပြဿနာ
တစ်ပိုင်းတစဟု ဆိုရမည် ထင်ပါသည် ...ရခိုင်ပြည်နယ်  ရမ်းဗြဲကျွန်းမှ  ကိုလိုနီ  အင်္ဂလိပ်နယ်ချဲ့များ
အုပ်ချုပ်နေသည့်ကာလတွင် တောင်သူလယ်သမားအများစုမှာ လယ်ယာလုပ်ကိုင် စားသောက်နေ
ထိုင်လျှက်၇ှိနေကြပါသည်   အင်္ဂလိပ်နယ်ချဲ့များသည် မြန်မာပြည်သူများကို  လူမဆန်စွာ အနှိင်ကျင့်၊ 
 ယုတ်မာတတ်သည်မှာ လူတိုင်းအသိပင်ဖြစ်သည် ထုံးစံအတိုင်းပါပဲ  တောတောင်မှ  ထင်းထမ်း၍ 
အိမ်သို့ ပြန်လာခဲ့ရာ လမ်းတစ်ဝက်တွင် အရောက်တွင် မိန်းမကလေးသည်  အင်္ဂလိပ်နယ်ချဲ့နဲ့ အမှတ်
မထင် တိတ်တိတ်ဆိုင်ဆိုင် ဆုံမိလေရာ အင်္ဂလိပ်နယ်ချဲ့များသည် မိန်းလေးမြင်လျှင်  ရွှေကောက်ရ
တာထက်ပျော်တတ်ကြသည်ဟု အဆိုအမိန့်ရှိခဲ့ပါသည်၊ ထိုမိန်းခလေးကို မြင်တာနဲ့  အတင်းအား
တမ လိုက်ဖမ်းပြီး  မုဒိမ်းကျင့်ရန် ပြုလုပ်ပါတော့သည် ၊ မိန်းခလေးကို လိင် မဆက်ဆံမီ ပွတ်သပ်ပေးေ
နသည်မှာ မိနစ် ၃၀ ခန့်အချိန်ကြာလေပြီဖြစ်ပီး ၊ ထပ်၍မအောင့်နိုင်တော့သဖြင့် ထိုမိန်းခလေးသည်  
အင်္ဂလိပ်ကောင်ကို  စကားတစ်ခွန်းပြောလေသည် ၊ မောင်းမောင်အင်္ဂလိပ်  လူကိုမရွတ်၊ ခရုမှတ်လား ၊ ကောင်းကောင်းစုပ်ကားလို့ မြန်မာစကားဖြင့်ပြောလေသတည်း ၊။( အင်္ဂလိပ်မောင်းမောင်သည် သူ့ကို ဘာများပြောလဲ မသိဆိုပြီး  ဟိုကြည့်သည်ကြည့်ပေါ့  ) ..တိန်.

               
မှတ်ချက် ...စိုးသူရပြောပြခြင်းကို ပြန်လည်ရေးသားချင်းသက်သက်သာဖြစ်သည် .ရိုင်းသွားတယ်
ဆိုရင် နားလည်ခွင့်လွတ်ပေးကြပါ. အားလုံးကို လေးစားလျှက် ဇော်ဝင်းသိန်း

    

Monday 31 December 2012

Happy New Year 2013

၂၀၁၂ ကုန်ဆုံးသို့လို့ ၂၀၁၃ ကို မျှော်လင့်ပြီင်္း လေစိမ်းတွေထဲမှာ ခေါင်းလေးကို အပေါ်ကိုမော့ထား ၊
ပြီးလက်နှစ်ဘက်ကိုဆံ့ကာ  အနာဂတ်အတွက်  လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ဆိုတဲ့သူတွေရှိသလို ၊
ကျွန်တော်အပါအ၀င် အနာဂတ်ဆိုတာ ၊  ဒဏ်ရာမှာကပ်ထားတဲ့ ( PLASTAR ) များလား ၊ ဘာလား ၊
ညာလား ၊ မေးရမဲ့သူတွေလည်း ရှိနေလျှက်ပါလား ၊ အနာဂတ်ကြီးကိုရေ ..

ကျွန်တော် ၂၀၁၃ အတွက်အမှတ်တရ ရေးချင်စရာဆိုလို့ မင်မင်ရရ ဘာမှမရှိဘူးဗျာ. ပြောရင်တော့ 
ယုံစရာတောင်ရှိမှာမဟုတ်ဘူး ၊  ကျွန်တော်ဘ၀မှာ ရေးစရာ ၊ ပြောစရာ ၊ သတိရစရာ ၊ အမှတ်ရစရာ
 ဆိုလို့်ုပြည်ပရောက်ပြီးမှ Mother ကြီးရေ  Father ကြီးရေ မိသားစုရေ၊ အိမ်ကိုလွမ်းတာရေ ဒါလေးတွေ
ဘဲရှိတယ်ဆိုရင် မှားလိမ့်မည်မထင်ပါရဲ့ဘောင် ၊ ချစ်ရစွာသော မိသားစုအတွက် နှစ်သစ်မှာသတိရေ
ပါင်းများစွာနဲ့စာတစောင် ရေးထားလိုက်မိတယ်
          
( သို့  )
              မိဘနှစ်ပါး ဘုရားနဲ့တစ်ဂိုဏ်းတည်းထားရှိအပ်သော  ကျေးဇူးရှင် မိဘနှစ်ပါးကို  လက်ဆယ်ဖြာ 
ထိပ်ဦးမှာထား၍ ကျန်းမာနိုင်ပါစေလို့ အိပ်ရာဝင်တိုင်း ပူဇော်အထူးကို ခံတော်မှုထိုက်သော '' ဂေါတမ မြ
တ်စွာဘုရားထံဝင် ''  နှစ်သစ်ကူး မင်္ဂလာရက်မြတ်မှာ ဆုတောင်းဦးချလျှက်ရှိနေဆဲပါ ။ဖေဖေနဲ့ မေမေ ..

             ကျွန်တော်ကို  အသက်နဲ့ ရင်း၍ မွေးထုတ်ပေးခဲ့သော မိခင်နဲ့ ဘ၀နဲ့ရင်းပြီး လုပ်ကျွေးပြုစုခဲ့သော
ဖခင်နဲ့ အတောင်အလက်မစုံသေသော နုနယ်သည့်သားငယ်ဘ၀၌ ပြုစုစောင့်ရှောက်ကျွေးပေးခဲ့သော မိ
ခင်ပမာ အဘောင်မ မရင်နုနဲ့ အဘိုးတို့ နဲ့အတူ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းထိန်းကျောင်းပေးခဲ့သော မိသားစု
ကိုလည်း နှစ်သစ်ဦးမှာ ဦးဦးဖျားဖျား ကျန်းကျန်းမာမာနဲ့ ချမ်းချမ်းသာသာ ပျော်ရွင်နိုင်ကြပါစေလို့ ဆုမွန်း
ကောင်းတောင်းလျှက်ပါ ....


                ယခု မျက်မှောက်ဘ၀ မျက်မှောက်ကာလ၌ မိဘနှစ်ပါးနဲ့အတူ မိသားစုဝင်များကို  ၂၀၁၃ မှာ 
တတ်နိုင်တဲ့ဘက်က  ကိုယ်တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးသွားမည်ဟု စိတ်ကူးထားမိသည် ၊
နှစ်သစ်မှာ မိသားစုဝင်နဲ့ အတူသူငယ်ချင်းမိတ်ဆွေတွေအားလုံး ပျော်ပျော်ရွင်နဲ့ ဖြူးဖြူးဖြောင့်ဖြောင့် ကိုယ့်လိုအင်ဆန္ဒပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ...
              
                               အားလုံးကိုသတိရစွာဖြင့် ...     ဇော်ဝင်းသိန်း 

              .

Sunday 30 December 2012

On lineမှတိုက်ရိုက်ကြည့်ရှူ့နိုင်မည့် ၂၀၁၁ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား


 MRTV4ရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည့်၂၀၁၁ခုနှစ်အတွက်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ၂၀၁၁ ခုနှစ်အတွက် အနုပညာပိုင်းဆိုင်ရာ ထူးချွန်သူတွေ ကိုဆုချီးမြှင့်ပေးမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကြီးက မနက်ဖြန်ဆိုရင်ရောက်ရှိလို့လာပြီနော်။
ဒီဆုပေးပွဲကြီးမှာ ဘယ်သူတွေက ဘယ်လို ဆုတွေကို ဆွတ်ခူးကြမလဲဆိုတာကိုလည်း


ပရိသတ်ကြီးတို့နဲ့အတူတူ အနုပညာရှင်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။
ပရိသတ်တို့ အနေနဲ့လည်း မိမိစိတ်ကူးလေးထဲက အကယ်ဒမီဆုပိုင်ရှင်တွေနဲ့

ထူးချွန် ဆုပေးပွဲကြီးမှာ ဆုရရှိမယ့် အနုပညာရှင်တွေနဲ့တစ်ထပ်တည်းကျမကျ ကို
MRTV 4 ရုပ်သံလိုင်းမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန်ကနေ ည ၈
နာရီအချိန် အထိ တိုက်ရိုက် ထုတ်လွှင့်ပြသပေး

သွားမှာဖြစ်တဲ့အကြောင်းကို
သတင်းကောင်းပါးလိုက်ရပါတယ်။
မကြည့်လိုက်ရသူတွေအတွက် လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီကနေ ၅ နာရီအချိန်အထိ ပြန်လည် ထုတ်လွှင့်ပြသပေး သွား မှာဖြစ်ပါတယ်။
ဒီနေရာမှ သွားရောက်   ကြည့်ရှု့နိုင် Click Here ပါကြောင်း  


" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *