Subscribe:

Sunday 3 March 2013

```` ဘ၀အတွက် ထမင်းစားလက်မှတ် "

 တိုင်းပြည်တစ်ပြည် တိုးတက်ရန် နိုင်ငံရေး ။ စီပွားရေး ၊ ပညာရေးတို့သည်  အဓိက အရေးကြီင်္း
 သော အခြေခံ အကြောင်းတရားများဖြစ်သည်။ 

မိဘဘိုးဘွားဘီဘင် လက်ထက်မှစ၍ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်းခဲ့သော  ဘာသာရေး၊ လူမှုရေးနှင့် ဆက်နွယ်သည့် နီတိဆိုင်ရာ  ယဉ်ကျေးမှုဆိုင်ရာ  အသိအလိမ္မာတို့သည်  မိမိထံ
သို့ အလိုအလျောက်စိမ့်ဝင်ရရှိအပ်သော မိရိုဖလာ အသိညဏ် ပညာရေးဖြစ်ပါသည်။  ကျောင်း
သွား၍  သင်ကြားနေရန်မလိုပဲ ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြားမှာပင် ရနိုင်ပါသည်။ 

ထိုမှတဆင့်  လူမှန်းသိလာသည့်အရွယ်မှ စတင်၍ ကျောင်းအတန်းသင်ပညာကို  သင်အံလေ့ကျင့် ဆည်းပူးရပြန်ပါသည်။ ကျောင်းသင်ပညာရေးသည် ဘ၀၀မ်းကျောင်းမှုအတွက် အလွန့်အလွန် အရေး
ကြီင်္းပါသည်။ 

မူလတန်းပညာရေးသည် အခြေခံအုတ်မြစ်ချခြင်းဖြစ်၍ ၊ အလယ်အတန်းပညာရေးသည် အဆောက်အ
ဦးခိုင်မာအောင်  ကိုယ်ထည်ဆောက်ခြင်းဖြစ်ကာ  အထက်တန်းအဆင့်သည် အရေးကြီးသည့် အမိုးအ
ကာ အချိုးအစားလှပပြေဖြစ်အောင်တည်ဆောက်ခြင်းဖြစ်သည်။ တက္ကသိုလ်ပညာများ သင်ကြား တတ်
မြောက်ခြင်းသည်  အိမ်ကို မှန်ကာ ၊ ဆေးသုတ်၊ တယ်လီဖုန်းတပ်၊ တီဗွီဆင် ၊ စလောင်းတပ်ခြင်းဖြစ်
ပါသည်။  တကယ်တက္ကသိုလ် ပညာကောင်းကိုရရှိခဲ့ပါက  တစ်သက်စာတည်ငြိမ်ခိုင်ခန့်သော  ပြည့်စုံ
ကုံလုံ စိတ်ချမ်းသာမှုများကို  ပေးစွမ်းသော  လိုတရ အဆောက်အဦးကြီးကို တည်ဆောက်ပြီး ဖြစ်ပါ
လိမ့်မည်။ 

Friday 1 March 2013

ဘ၀တစ်ခုရဲ့ ရလဒ်

လူ့ဘ၀ဆိုတဲ့  

မဖြောင့်မတ်ခြင်းရဲ့ 

ခေါင်းစဉ်အောက်က 

လမ်းလွဲတွေထဲ 

တောမကျွမ်းပဲ 

အမဲဖမ်းဖို့ ကြိုးစားမိခဲ့တော့ 

အသည်းကွဲ ညတွေလည်း ရှိခဲ့ရဲ့ .မေမေ့.. ။



ယောင်္ကျားဆိုတဲ့  အတ္တတစ်ခုတည်းနဲ့ 


ငှက်တစ်ယောက်လို   ပျံသန်းခဲ့ပေမယ့် 

အညှိးအတေးတွေ ကြီးမားတဲ့ 

မြို့ပြရဲ့ နေ့ရက်တွေဟာ  

ရိုးသားတဲ့  မေမေ့ သားကို  

နာကျင်ခြင်းများနဲ့  ရစ်ဖွဲ့ထားခဲ့ပြီ မေမေ့ ။

မေမေ.. မေမေ.. မေမေ....

Monday 28 January 2013

သူက ပစ္စည်းလာပို့တဲ့ကောင်လေးပါဆရာ

အလုပ်ရှင်တယောက်ဟာသူ့ဂိုဒေါင်ကအလုပ်သမားတွေအလုပ်၊လုပ်မလုပ်သိရအောင်

ရှောင်တခင်စစ်ဆေးဖို့လာခဲ့ပါသတဲ့။

ဂိုဒေါင်ကိုရောက်ရောက်ချင်းပါပဲ၊ဂိုဒေါင်ဘေးကအရိပ်အောက်မှာဂိုဒေါင်ကိုမှီပြီးအိပ်နေတဲ့

အလုပ်သမားတရောက်ကိုတွေ့လို့ဒေါပွသွားလို့၊နှိုးလိုက်ပြီး”ဟေ့ကောင် မင်းရဲ့တပတ်လုပ်စာ

ဘယ်လောက်လဲ”လို့မေးလိုက်တယ်။

ဟိုအိပ်နေတဲ့ကောင်ကလဲအိပ်ချင်မူးတူးနဲ့ “၁၀၀ဒေါ်လာ”ပါခင်ဗျာလို့ဖြေတယ်။

အဲဒါနဲ့ဒေါပွနေတဲ့သဌေးက၂၀တန်ငါးရွက် (ဒေါ်လာ၁၀၀) ထုတ်ပေးလိုက်ပြီး 

“မင်းထွက်သွား နောက်ဘယ်တော့မှမလာနဲ့တော့”လို့ပြောလိုက်တယ်။

ဟိုကောင်ကလဲဘာမှမပြောပဲအိပ်ထဲပိုက်ဆံလေးထဲ့ပြီးထွက်သွားတယ်လေ။

အနားမှာကြောင်ပြီးကြည့်နေတဲ့ဂိုဒေါင်မန်နေဂျာကိုအလုပ်ရှင်က”ပြောစမ်း 

ဒီကောင်ဒီမှာလုပ်တာကြာပီလား”   လို့လဲမေးလိုက်ရော၊
 
မန်နေဂျာ ဖြေလိုက်တာက “သူက ပစ္စည်းလာပို့တဲ့ကောင်လေးပါဆရာ” တဲ့ဗျား။ 

မူရင်းလင့် http://mandalaygazette.com

ဟာသ

တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ် ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။ ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက် မေးကြတော့တာပေါ့။ ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။ `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊ စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။ တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ ငိုပြန်ပါလေရော။ နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။ သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။ မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ ....
ပြန်လည်မျှဝေ ရယ်စရာဟာသများ ..ဟီဟီ

မချစ် မမုန်း၊ အကောင်းဆုံး.....


ချစ်သော သူတို့နှင့်လည်း မပေါင်းလင့် ၊ မုန်းသော သူတို့နှင့်လည်း မပေါင်းလင့်။ ချစ်သော သူတို့ကို
 
မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသော သူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ ထို့ကြောင့်

လူကိုဖြစ်စေ ၊ ပစ္စည်းဥစ္စာကို ဖြစ်စေ ချစ်ခင် စွဲလန်းခြင်းကို မပြုရာ။ ချစ်ခင် စွဲလန်းဖွယ်တို့ နှင့်

ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့ အား

အနှောင်အဖွဲ့ တို့ သည် မရှိကြကုန်။
 
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု)

သေချာစဉ်းစာကြည့်ပါ ၊ ဒါချစ်မဟုတ်တယ် ၊ဒါမှ အချစ်လေ.

`ငါ မင်းကို ချစ်တယ်´ ဆိုတဲ့ စကားလေးအတွက်ပါ`
ငါ မင်းကို ချစ်တယ်´ ဆိုတဲ့စကားလေးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။

ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။

ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။

ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

'' အိန် ဖတ်မိသော ဒသနစုများ

ပညာ၏ အမြစ်များသည် ခါးသည်း၏ ...သို့သော်..အသီးကား ချိုမြိန် လှသည်။ ( အာရစွ့်တိုတယ် ) # ဆုပ်ထားသော လက်သီးဖြင့် လက်ဆွှဲနုတ်ဆက်ရ်ျ မရနိုင်ပါ။ ( အင်ဒီရာ ဂနွီ ) # အဆိုးမြင်ဝါဒီ သမားများသည် အခွင့်အရေးတိုင်းမှာ အခက်အခဲကို မြင်ရ်ျ ... အကောင်းမြင်ဝါဒီ သမားများသည် အခက်အခဲတိုင်းမှာ အခွင့်အရေးကို မြင်၏ ။ ( ချာချီ ) # ခနွှာကိုယ်၏ အဓိကလုပ်ငန်းမှာ ဦးနှောက်ကို သွားချင်ရာသို့ သယ်ဆောင်သွားပေးခြင်းပင် ဖြစ်သည်။ ( အယ်ဒီဆင် ) # အမြင့်ဆုံးရောက်ပြီးရင် ပြန်ကျရတာ ဓမွှတာပါ... မကျချင်ရင် ကြိုတင်ပြင်ဆင်ရ...မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်ရ...

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *