Subscribe:

Monday 4 March 2013

”“ ကိုယ်ကျင့်တရား "

ဒီကမ္ဘာမှာ  ကျနော်ဟာ  အပျော်ရွင်ဆုံး လူတစ်ယောက်ပေါ့ဗျာ။

 ဘာလို့လဲဆိုတော့  ကျနော်မှာ လိမ္မာယဉ်ကျေးတဲ့ ချစ်စဖွယ် ချစ်သူလေးတစ်ယောက်ရှိတယ်လေ။ 
ကျနော်နဲ့ ကျနော့် ချစ်သူလေးဟာ ချစ်သူတွေ အဖြစ်နဲ့  တနှစ်တာကာလကို  ဖြတ်သန်းပြီတဲ့ အခါ
မှာတော့ လက်ထပ်ဖို့  ဆုံးဖြတ်လိုက်ကြတယ်။ အဲ.. အစစ အဆင်ပြောချောမွေ့နေတဲ့ ကျနော့်ကို 
ဒုက္ခပေးနေတာ တစ်ခုတော့ရှိတယ်ဗျ ၊ အဲဒါကတော့ .. ကျနော့်ချစ်သူရဲ့ ညီမလေးပေါ့ဗျာ။ သူက 
အသက်က ၂၀ ကျော်ကျော်လေးရယ် ။ လှပကျော့ရှင်းတယ် ၊ ဆွဲဆောင်မှုရှိတယ် ၊ ပွင့်လင်း ရဲတင်း
တယ် ၊ 


   ပြီးတော့  ၀တ်လိုက်ပြန်ရင်လဲ  ကိုယ်ကျပ်အင်္ကျီးနဲ့  စကပ်တိုတိုနဲ့ ၊ အိမ်မှာနေရင်းဆိုရင်တော့ဗျာ
ကိုယ်ကျပ်အကျီကို ၀တ်တာက  အတွင်းခံ ဘရာစီယာတောင် မပါဘဲဝတ်တာဗျ။ သူတို့ အိမ်ကို သွား
လည်တိုင်း မြင်နေရတာ ။ မခက်လားဗျာ။ 


ကျနော့်ရှေ့မှာ ဆိုပြန်ရင်လဲ ကုန်းလိုက်ကော့လိုက်နဲ့ အမြင်မတော်တာတွေ အမြဲမြင်နေရတာဗျ ၊ ဒါပေ
မယ့် တခြားလူတွေရှေ့မှာတော့  အဲလိုမျိုးသူလုံးဝမလုပ်ဘူး ဆိုတာကိုတော့ ကျနော် သတိထားမိတယ်။
တနေ့တော့ အဲဒီကောင်မလေးက ကျနော်တို့၇ဲ့ မင်္ဂလာဧည့်ခံပွဲဖိတ်စာတွေ ရလို့လာကြည့်ဖို့ ဖုန်းဆက်
ခေါ်တယ်။ ကျနော်ရောက်သွားတော့ အိမ်မှာ သူတစ်ယောက်ထဲ ရှိနေတယ်။ ကျနော်ဖိတ်စာတွေ စစ်
နေတုန်း သူက အနားကပ်လာပြီး တိုးတိုးလေးပြောတယ်။ သူကျနော့်ကို ရင်ခုန်စိတ်လှုပ်ရှားနေတာ ကြာ
ပြီတဲ့ ။ ကျနော့်နဲ့ ပတ်သက်လို့ သူရဲ့ခံစားချက်တွေကို  သူဆက်ပြီး ထိန်းချုပ်မထားနိုင်တော့လို့ ကျနော်
လက်မထပ်ခင် သူ့ကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတစ်ခုပေးပါတဲ့ ။ 
သူ အပေါ်ထပ်သူ့ အိပ်ခန်းထဲက စောင့်နေမယ်.. . လိုက်လာခဲ့ပြီး သူနဲ့စိတ်တိုင်းကျ သဘောရှိချစ်ကြ
အောင်ပါ......တဲံ့ ။ ပြောပြီးတာနဲ့ သူမ အပေါ်ထပ်ကို တက်သွားတယ်။ ပြီးတော့ သူအခန်းထဲကို ၀င်
သွားတယ် ။ မ၀င်ခင် ကျနော့်ကို လက်ယပ်ခေါ်နေသေးတယ် ။
      
  ကျနော်.. ဧည့်ခန်းထဲမှာ  ရပ်နေရင်း ဇောချွေးတွေ ပျံလာတယ်၊ အသားတွေလည်း  တဆတ်ဆတ်
နဲ့ တုန်လာတယ် .. ဒီအတိုင်းဆက်နေရင် ကျနော့်စိတ်ကို  ထိန်းထားနိုင်ဖို့ မလွယ်တော့ဘူး..ဒါနဲ့ 
အိပ်ခန်းထဲကနေ ပြေးထွက်ခဲ့တယ် ။ အိမ်ရှေ့တံခါးမကြီးကို အတင်းတွန်းတိုက်ပြီး တိုးထွက်ခဲ့တယ်။ ပြီး
တော့ ဆင်ဝင်အောက်မှာ  ရပ်ထားတဲ့  ကျနော့်ကားရှိရာကို ပြေးလို့ အသွားမှာတော့ ... ကျနော် 
မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ် ၊ သူမရဲ့ မိသားစုတွေလေ...အိမ်းဘေးနားကနေ 
တန်းစီပြီး ထွက်လာကြတယ် ... ပြီးတော့  ကျနော့်ကို  ၀ိုင်းပြီး လက်ခုပ်သြဘာပေးကြတယ် ၊ သူ့
အဖေကြီးက ရှေ့ထွက်လာပြီး..... ဂုဏ်ယူပါတယ် မောင်ညီညီရယ်... ဒီလို လူမျိုးနဲ့ဆို .. .....
သမီးကို တစ်သက်လုံး လုံးဝဥသုံစိတ်ချပါပြီကွယ်....တဲ့ ဒါပါဗြဲ ........

2 comments:

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *