Subscribe:
Monday 19 November 2012
အချစ်လမ်း
ဆရာ မောင်လှမျိုး ရဲ့ ကဗျာလေးကို ပြန်လည် တင်ပြထားတာပါ
မင်းကလွဲပြီး(ငါ့အတွက်) တခြားသူ
မလိုအပ်တော့သလို
ငါကလွဲပြီး(မင်းအတွက်)တခြားသူ
မလိုအပ်တော့ဘူးဆိုတာ၊
သိသာ ခံစားကြရုံနဲ့
တို့နှစ်ဦးရဲ့ …လမ်း
ဖြောင့်ဖြူးမယ်…လို့၊ထင်သလား။
ကြားလေသွေ့လို့
ဝေးခဲ့ကြရသူတွေ…အများကြီးကြား
တို့နှစ်ဦးသား၊ သာသာယာယာ
ချစ်နေကြတာကို၊
တစ်ချို့က လိုလားဝမ်းသာ
တချို့က မလိုလား…မရှုစိမ့်
တချို့က အားကျပျှော်ရွှင်
တချို့က ကြားက၊ …လော်သည်ဖော်ပြား၊
မလိုတမာ မောက်မှားစိတ်မျိုး
ထားချင်လည်း၊ ထားနေကြလိမ့်မယ်။
အကျိုးလိုလား၊ သလိုလိုနဲ့
အဆိုးကိုအားပေး သစ္စာထား တေးသံထဲကို
Saturday 17 November 2012
'' ညီ့အတွက် ''
ညီလေးရေ …
အမေ့ကို ဂရုစိုက် ..
မင်းကိုယ်မင်းလည်း ဂရုစိုက်ပါကွာ
အပြာရောင်ကောင်းကင်ကြီးအောက်မှာ
တို့ညီအစ်ကို သုံးယောက်ပဲ
အမေ့အတွက် ရှိကြတာ။
ညီလေးရေ
ကိုကြီးရဲ့ ခွန်တွေ၊ အားတွေ၊ သတ္တိတွေဆိုတာ
ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိနေခဲ့တယ်လို့
အစက မသိခဲ့ရိုးအမှန်ပါ
အဲဒီ ခွန်တွေ၊ အားတွေ၊ သတ္တိတွေနဲ့အတူ
မိသားစုကိုလွမ်းတဲ့ အလွမ်းတွေပါ ဟောဒီရင်ဘတ်ထဲ အပြည့်။
သိလား ညီလေးရဲ့
တို့ညီအစ်ကို
မတည့်အတူနေဖြစ်ခဲ့တဲ့ အချိန်တွေကို
သတ္ထုလှိုင်းတွေကနေတဆင့် တည့်ပြီးဝေးရတော့မှ
ပြန်လွမ်းတယ်
ညီလေးရေ
ကမ္ဘာမြေကြီးပေါ်မှာ
ညီလေးတယောက် ရှိနေရခြင်းအတွက်
ကိုကြီးကို ဂုဏ်ယူခွင့်ပေးပါ
အမေနဲ့အဖေကို ပျော်ရွှင်ခွင့်ပေးပါ
ညီလေးက ကမ္ဘာမြေကြီးအတွက်
ရနံ့သင်းတဲ့ ပန်းကလေးတပွင့် ဖြစ်ပေးလိုက်ပါကွယ်။
ကိုကြီးရဲ့ ပုခုံးတွေ အသားမာတက်ချင်တက်သွားပါစေ
ကိုကြီးရဲ့လက်ဖဝါးတွေ သွေးချင်းချင်းနီရဲသွားပါစေ
ကိုကြီးရဲ့ခြေဖဝါးတွေ အရည်ပြားပါ မကျန်အောင် စုတ်ပြတ်သတ်သွားပါစေ
မိသားစုထဲမှာ
ညီလေးဆိုတဲ့ နောက်ထပ်ကြယ်ကလေးတပွင့်
တင့်တင့်တယ်တယ်ပွင့်ဖို့အတွက်
ကိုကြီးရဲ့ မနက်ဖြန်တွေကိုပါ ပေးရပေးရ ကျေနပ်တယ် …။ ။
Tuesday 13 November 2012
“ အမေသို့ ”
အမေ ...
စာမလာ သတင်းမကြား
အဝေးဆီမှာ ရောက်နေရတဲ့
သားတေလေကို ခွင့်လွှတ်ပါနော် ...။
အမေ...
လွမ်းရေးထက် ဝမ်းရေးခက်မို့
အမေ့ရင်ခွင် အေးရိမ်မြုံအောက်က
ပြေးထွက်ခဲ့တဲ့ ကျွန်တော့်ရဲ့
အဖြစ်အပျက်ကို မကြည့်ရက်မှန်း
သားသိပါတယ် အမေရယ် ...။
အမေ ...
သားမရှိတဲ့ နေရပ်ရွာမှာ
တိုင်းတပါးက သားအတွက်
ရတက်မအေး ပူးဆွေးသောကနဲ့
နေ့စဉ်ရက်ဆက် လွမ်းလျက်နေတာ
သားသိပါတယ် အမေရယ် ...။
Friday 26 October 2012
သေချာစဉ်းစားကြည့်
သူငယ်ချင်း..
ဘ၀မှာ ကိုယ်လိုချင်တာတွေ့ ရပြီး
ကိုယ်လုပ်ချင်တာတွေလုပ်ခွင့်ရမယ်ဆိုရင်
သိပ်ပျော်ဖို့ကောင်းမှာပဲ။
အခုတော့ ကိုယ်လိုချင်တိုင်းလည်းမရ။
ကိုယ်လုပ်ချင်တာလည်းလုပ်မရတော့
သိပ်စိတ်ညစ်ဖို့ကောင်းတာပဲလို့
ငါ့ကို မင်းပြောခဲ့ဖူးတယ်။ျ
ဘ၀ဆိုတာ………..
ဒီလို့ပေါ့ သူငယ်ချင်း၇ယ်
ကိုယ်လို့ချင်တာမ၇ပေမဲ့
သူများလိုချင်တာကို
ဖြည့်ဆည်းပေးနိုင်တဲ့လူမျိုး
ကိုယ်လုပ်ချင်တာမလုပ်ရပေမဲ့
သူများလုပ်ချင်တာကို လုပ်ခွင့်ရအောင်
အကူအညီပေးနိုင်တဲ့လူမျိုးဖြစ်ခဲ့ရင်
ပိုမကောင်းဘူးလား။
မင်းအသေအချာ စဉ်းစားကြည့်။
ကောင်းသန့် စာအုပ်မှ ပြန်လည်မျှဝေ 
Sunday 21 October 2012
'' ဇွဲရှိဖို့လိုအပ် ''
ေ၇နဲ့ကမ်းပါးစစ်အေးတိုက်ပွဲမှာေ၇ကပေးနိုင်တယ်ပြီး
ကမ်းပါးကိုတိုက်စားပစ်လိုက်တယ်.။။ပြန်ဆန်းစစ်ကြည့်တော့
ရေဆိုတာ…အပျော့ ကမ်းပါးဆိုတာ…ကျောက်သားမြေမာ
 ခွန်းအားကြောင့်နိုင်တာ  မဟုတ်ဘူး.။။ အဆက်မပြတ်ထိတွေ
တိုက်စားပစ်လိုက်တဲ့ ဇွဲကြောင့်နိုင်တာ ။။ မယုံရင်မင်းလေ့လာကြည့်
မဟုတ်ဆိုရင် ငါ့ကိုပြန်ပြော သဘောချင်းတူ မတူ  ဘယ်သူမှန်မမှန်
ဝေဖန်လေကန်ကြည့်ကြရအောင်ပါ။
ကောင်းသန့်  သမီးလေးဖတ်ဖို့ စာအုပ်မှ ပြန်လည်မျှဝေ.
ယောင်္ကျား ဟေ့
ရိုးသားမှူကို ငွေနဲ့ဝယ်လို့မရဘူး။ ဒါပေမယ့် စားဝတ်နေရေးအတွက်
လုံလောက်တဲ့ ငွေမရှိရင် ရိုးသားဖို့ခက်လိုက်မယ်.. လုံခလောက်တဲ့ငွေရအောင်
ရိုးသားစွာရှာဖွေဖို့က ပိုခက်တယ်. ခက်တာတွေကိုမှ လုပ်ပြချင်တယ်ဆိုရင်တော့
အဲ့ဒါ ယောင်္ကျား ဟေ…
"ဘ၀'
လူ့ဘ၀ဆိုတာသံစဉ်လေးတစ်ခုကိုဖန်တီးတာနဲ့တူပါတယ်။
သံစဉ်လေးတခုကိုလှပအောင်ဖန်တီးနိုင်ရင်ဘ၀ဟာလှပမှာ
ဖြစ်သလိုသံစဉ်လေးကိုစိတ်ပျက်စရာကောင်းအောင်ဖန်တီး
ရင်တော့ဘ၀ဟာအကျည်းတန်နေပါလိမ့်မယ်၊ဒါပေမယ့်သံ
စဉ်လေးကိုဖန်တီးတဲ့နေရာမှာသက်မဲ့တူရိ ယာနဲ့တီးခတ်ဖန်
တီးရတာမဟုတ်ဘဲနဲ့အသိဥာဏ်ရှိတဲ့လူသားတွေကိုတီးခတ်ဖန်တီးရတာပါ။
သူငယ်ချင်းကောင်မလေးရယ်
နွေးဦးေ၇ာက်လို့ဥသြံတွန်သံကြားရင်မင်းတို့ကိုငါအရမ်းသတိရတယ် 
အထက်တန်းကျာင်းသားဘ၀တုန်းကအတူပျော်ပါုးကစားခဲ့ကြတာမ
နေ့တစ်နေ့ကလိုပဲထင်မှတ်နေဆဲအခုတော့လည်း…ရေကြည်ရေမြက်နု
ရာရှာဖွေရင်းတစ်မြို့တစ်ရွာစီခြားသို့ဝေးကွာသွားကြတာကြာပေါ့ဒါပေမဲ့။
ဘယ်ဆီကိုဘဲရောက်ရောက် ဘယ်လောက်ပဲဝေးဝေး သွေးမအေးဘဲနွေး
ထွေးစွာချစ်ခင်နေဆဲဆိုတာသူငယ်ချင်းကိုသိစေချင်ပါတယ်။ သတိရလျှက်xxxx
                                                                   ဇော်ဝင်းသိန်း
Friday 19 October 2012
သူပေးတဲ့အပူ
ချစ်သူကိုယုံခဲ့လို့ ဘ၀ပျက်ရတဲ့ ငတုံး
   သူပြောတဲ့စကား ငါ့ကိုစော်ကား 
စဉ်းစားတိုင်းဒေါသပွား  တွေးမိတိုင်း
သောကပွား  ပြောတဲ့သူက  မေ့ မေ့
 ပျောက်ပျောက်ငါရင်မှာ မီးတောက်
ကြာလာတော့စိတ်ပြေမေလိုက်တော့
 သက်သာ ခွင့်လွတ်တော့ ချမ်းသာ
တရင်ခံက  ငါ့မာနငါဒေါသက အတ္တသူ
ပေးတဲ့အပူ မယူလည်းရတာနဲ့  နှောက်
များ မယူဖို့  ငါ့စိတ်ကို ဆုံးမားထား! P:  
  တောင်ကုတ်မြို့သူလေးပေါ့ ( မလေးရှား ) 
အကောင်းဆုံးရဲ့ ဘဝ
zinyaw17♥♥
♥♥
♥♥
♥ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ
ပြန်တွေးလိုက်တိုင်း
ကောင်းကျိုးဖြစ်စေမယ်
နောင်တ မရစေဘူးဆိုရင်
ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။
စိတ်တူ ကိုယ်တူ
ဖြစ်နိုင်တဲ့
ထုံးစံ မရှိပေမယ့်
ဖြစ်အောင်တော့
နေကြရမှာပဲ။
အဲဒါမှ
အရည်အချင်း။
♥♥
ငါရဲ့ မေတ္တာကမ္ဘာ
အမုန်းမီးတောင် မာနတောင်တန်း
လောဘသစ်သီး ဒေါသပန်းနှင့် အတ္တမြစ်များ
မေတ္တာရှိရာ ငါ့ကမ္ဘာကို မလာရ။
ငါမသေခင့် ငါ့ကမ္ဘာမှာ မေတ္တာမျိုးစေ့ချထားသည်
သစ္စာပန်းများ ပွင့်လန်းမည်
ဤသစ်ပင်ကို လူတိုင်းလိုရင်သုံးခွင့်ရှိသည်
အရိပ်နေနေ အခက်ချိုးချိုး
စိတ်ထင်တိုင်းသုံးခွင်ရှိတာ
အပြုံးမပျက်ပါ မင်းတို့မရှိတဲ့
ငါရဲ့ မေတ္တာကမ္ဘာ
♥ဝေေ၀ဆာဆာ သစ်ပင်ကြီးတစ်ပင်ပါ♥
လမ်းသာမှ အိမ်ပြန်မည်။
အမုန်းတရား .. ဦးထိတ်ထားကာ
မုသားစကား .. ကြွယ်ဝပြူငှာ
ချိုသာစွာဖြင့် .. လိမ်လည်လှည့်ဖျား
သွေးဆောင်ငြားလည်း .. ကျွန်ုပ် လုံးဝအိမ်မပြန်ချင်ပါ၊
မေတ္တာကင်းမဲ့ .. ဒုစရိုက်များမြှောင်
ဖိနှိမ့်ညှဉ်းပမ်း .. လူသားမဆန်
မတရားအုပ်စိုး .. လူတန်ဘိုးမထားဘဲ
လက်ကမ်းရှည်ရှည် .. ဆန့်ကာတားလျှက်
လက်ကမ်းကြိုဆိုဖိတ်ခေါ်ငြားလည်း .. ကျွန်ုပ်အိမ်မပြန်ပါ
ကိုယ့်အိမ်ကိုယ့်ဟာ .. မွေးရပ်ဇာတိ
မိဘဆွေမျိုး .. လွမ်းဆွဲငြားလည်း
လက်နက်မျိုးပုံ .. ကျည်မျိုးစုံဖြင့်
တွေ့ရာမှန်သမျှ .. လူတိရိစ္ဆာန်မကျန်
ပစ်ခတ်ချေမှုန်း .. ဖမ်းဆီးသတ်ဖြတ်
အုပ်စိုးနေသ၍ .. ကျွန်ုပ် လုံးဝအိမ်မပြန်ပါ၊
စိတ်ဓာတ်မပြောင်း .. မူမပြောင်းဘဲ
ဘယ်လူပြောင်းပြောင်း .. နာမည်ပြောင်းလည်း
ပျက်လမ်းမပြင် .. လမ်းမှန်မပြောင်း
ကိုယ့်မြင်းကိုယ်စီး .. ထင်ရာစိုင်းပြင်း
ပန်းတိုင်မမြင် .. မြင်ရာပန်းတိုင်
ထားနေသ၍ .. ကျွန်ုပ် လုံဝးအိမ်မပြန်ပါ၊
သို့သော်
ပျက်လမ်းကိုပြင် .. လမ်းမှန်ကိုပြောင်း
မေတ္တာပွားများ .. စေတနာမှန်ထား
သစ္စာတိုင်တည် .. ပန်းတိုင်တည်လျှက်
ငြိမ်းချမ်းစိုပြေ .. တိုးတက်ဖွံ့ဖြိုး
ကမ္ဘာ့အလယ် .. ထည်ဝါ၀ံ့ကြွား
အမိပြည်ထောင်စုကြီးသို့
လက်တွဲညီညာ .. ပြည်တောင်စုဖွား
တိုင်းရင်းသားများ .. ညီရင်းအစ်ကို
ချစ်ခင်လေးစား .. အေးတူပူမျှ
မျှဝေခံစားရှိသမျှ .. ဉာဏ်စွမ်းခွန်အား
ပေးလှူဆက်ကပ် .. လက်ချင်းယှဉ်တွဲဖို့
ချိန်ခါရောက်၍ .. လမ်းသာရောက်လျှင်
ကျွန်ုပ်အိမ်ကို .. မနှေးပြန်ခဲ့မည်။
သူငယ်ချင်းရေ
ကိုယ့်နှလုံးသား ကိုယ်မယုံလို့
ဖွင့်မပြောရဲတဲ့ လူတစ်ယောက်လို
တစ်နေ့ပြီးတစ်နေ့
ဦးနှောက်နဲ့စီးချင်းထိုးပြီး
သက်ပြင်းတွေနဲ့ ဆွံ့အခဲ့ 
ငါတို့ရဲ့ခင်မင်မှုဟာ 
ငါ့စကားတစ်ခွန်းနဲ့ ပြီးပြတ်သွားမှာလား
ဒွိဟအတွေးတွေနဲ့
လွန်ဆွဲနေတဲ့နှလုံးသားဟာ
မင်းကိုရှောင်ဖို့ကြိုးစားတိုင်
နာကျင်နေခဲ့တာ မင်းသိခဲ့ရင်
ငါ့ကိုယ် ပြန်ချစ်မှာလား ချန်ရစ်မှာလား
သူငယ်ချင်းဆိုတဲ့အသိနဲ့ထိမ်းချုပ်ထားလို့
ငါ့နှလုံးသားလည်း မောပန်းပြီး
ရင်ပွင့်ထွက်တော့မယ်......။ ။
်father
မျက်ဝန်းရိပ်တွင် ချစ်ခြင်းခိုဝင်
မေတ္တာရိပ်ထင်
ဖခင်ဗိုလ်ချုပ် သမီးပေမို့
ဖခင်စိတ်ဓါတ် အမွေယူထား
ပြည့်သူ့သမီး 
ချစ်လွန်းတင်
သူ့မျက်ဝန်းတွင် မေတ္တာရိပ်ထင်
ကြည့်လို့မ၀ ရှုလို့မဝ
အေးချမ်းသာယာရှိလေစွ.............။
               facebook စာမျက်နှာက ကူးယူ 
လေးနက်မှု
တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။
အချစ်စစ်က မာနကြီးလို့
အထိမခံ ဖြစ်လို့နေလဲ
မင်းက ငါ့အတွက်
အချစ်ဦးမို့
ရူးလောက်မတတ် ချစ်ရသူပါ။
ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။
love you sure !
ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။
စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။
အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။
ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်။
ချစ်သူ အတွက်
ချစ်သူ
ငါ့အတွက်အမုန်းတွေနဲ့ တည်ဆောက်
ထားတဲ့မင်းရဲ့ ဘဝထဲကို
ငါမရောက်ရောက်အောင်လာခဲ့မယ်
ချစ်သူ
ငါ့နဲ့ တွေ့ ရင်
အေးစက်မာကျောလွန်းနေတတ်တဲ့
မင်းမျက်နှာပေါ်မှာ
အပြုံးတစ်ပွင့်ဖြစ်အောင်
ငါမရရအောင်ဖန်တီးမယ်
ဒီလိုကြိုးစားမှုရလဒ်အတွက်
သိပ်အများကြီးမမျှော်လင့်ရဲပါဘူ
ငါ့ရဲ့ ချစ်တတ်လွန်းတဲ့နှလုံးသားတစ်ခုကို
မင်းတစ်ဘဝစာအတွက်လက်ဆောင်
ပေးချင်လို့ ပါချစ်သူ
~~~~ အမေသို့တခဏ ~~~~
အမေ
တမ်းတလို့ ခေါ်ကြည့်မယ်နော်.......
ဘ၀က ကြမ်းလွန်းတယ်ဗျာ
ခါးမကိုင်းရုံတမယ် ဦးညွှတ်ထားတာတောင်
တစ်ချက်တစ်ချက် အနင်းခံရသေးတယ်
ရာနဲ့ချီတဲ့ အမှားတွေကြောင့်
အောက်ချထားရတဲ့ မာနက
မော့ကြည့်ရင်တောင်
ကောင်းကင်ဆိုတာ မတွေ့ရဘူး
စကားလုံးအပြာတွေအောက်မှာ
ဒူးထောက်ပြီး မျက်လွှာချ
လွင့်မှန်လာတဲ့ ရင့်သီးသံတွေက
မိုးကြိုးမုန်တိုင်း ၀ုန်းဒိုင်းကျဲသလို
နာတယ် အမေရယ်
ရင်မှာလောင်နေတဲ့ ဒေါသမီးတွေကို
မာန်ဖီနေတဲ့ လောဘသမားတွေမသိအောင်
ချိုးနှိမ်လို့ခပ်ဆိတ်ဆိတ်ပဲ ရင်ဖွင့်တော့မယ်
အမေ စိတ်ညစ်မသွားပါနဲ့နော်
ဘ၀ဆိုတာ ဒီလိုပါပဲလေ......
မင်းအတွက် ကွဲအက်ကြေခဲ့သော.
မသိချင်ယောင်ဆောင်ထားတာ
တော်တော်တောင်ကြာပါပြီနော်...
ခံစားချက်တွေရယ်...
ငါ့ရဲ့စိတ္တဇဆန်ဆန်နေ့ ရက်တွေ အတွက်...
ခံနိုင်ရည်မရှိလို့ ပါ...
အဖြစ်အပျက်တွေက
မြန်ဆန်လွန်းပေမဲ့...
ထင်ကျန်ခဲ့တာက
အမာရွတ်ပေါ် အက်စစ် ပက်ခဲ့သလိုပဲ...
မာနတွေကို ခ၀ါချပြီး
မင်း သုံးဆောင်ဖို့ အတွက်...
ငါ့နှလုံးသားကို အရှင်လတ်လတ် ခွဲပြီး
အပ်နှင်းခဲ့တာပဲ...
အခုဆိုရင် ခံစားတတ်တဲ့ နှလုံးသားကလည်း
မင်းဆီမှာ...
နာကျင်တတ်တဲ့ နှလုံးသားကလည်း
မင်းဆီမှာ...
မင်းဘာလုပ်လုပ် ငြိမ်ကုတ်ပြီး တိတ်တိတ်လေးငိုတတ်တဲ့ နှလုံးသားက
မင်းဆီမှာ...
မင်းအတွက် အမြဲပေးဆပ်ဖို့  သတိပေးတတ်တဲ့ နှလုံးသားက
မင်းဆီမှာ...
ဘယ်တော့မှ မသေဆုံးနိုင်တဲ့ ချစ်ခြင်းတွေ ရှင်သန်နေတဲ့ နှလုံးသားက
မင်းဆီမှာ...
မင်းအတွက် ဘာများလိုအပ်သေးလို့ လဲ?
မိန့် တော်မူလိုက်ပါဦး ချစ်သူရယ်........
Thursday 18 October 2012
သူငယ်ချင်းကောင်မလေးရယ်
နွေးဦးေ၇ာက်လို့ဥသြံတွန်သံကြားရင်မင်းတို့ကိုငါအရမ်းသတိရတယ် အထက်တန်းကျာင်းသားဘ၀တုန်းကအတူပျော်ပါုးကစားခဲ့ကြတာမနေ့တစ်နေ့ကလိုပဲထင်မှတ်နေဆဲအခုတော့လည်း…ရေကြည်ရေမြက်နုရာရှာဖွေရင်းတစ်မြို့တစ်ရွာစီခြားသို့ဝေးကွာသွားကြတာကြာပေါ့ဒါပေမဲ့။။။ဘယ်ဆီကိုဘဲရောက်ရောက် ဘယ်လောက်ပဲဝေးဝေး သွေးမအေးဘဲနွေးထွေးစွာချစ်ခင်နေဆဲဆိုတာသူငယ်ချင်းကိုသိစေချင်ပါတယ်။ သတိရလျှက်xxxx
                                                                   ဇော်ဝင်းသိန်း 
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "
" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪
အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်
###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *