Subscribe:

Tuesday 13 November 2012

“ အမေသို့ ”


အမေ ...
စာမလာ သတင်းမကြား
အဝေးဆီမှာ ရောက်နေရတဲ့
သားတေလေကို ခွင့်လွှတ်ပါနော် ...။

အမေ...
လွမ်းရေးထက် ဝမ်းရေးခက်မို့
အမေ့ရင်ခွင် အေးရိမ်မြုံအောက်က
ပြေးထွက်ခဲ့တဲ့ ကျွန်တော့်ရဲ့
အဖြစ်အပျက်ကို မကြည့်ရက်မှန်း
သားသိပါတယ် အမေရယ် ...။

အမေ ...
သားမရှိတဲ့ နေရပ်ရွာမှာ
တိုင်းတပါးက သားအတွက်
ရတက်မအေး ပူးဆွေးသောကနဲ့
နေ့စဉ်ရက်ဆက် လွမ်းလျက်နေတာ
သားသိပါတယ် အမေရယ် ...။

1 comment:

  1. အမေသို့ကဗျာလေးကိုကြိုက်ပါတယ်ဆိုတာထက်ခံစားရတယ်
    ပြီးတော့သူငယ်ချင်းတွေသိအောင်shareမယ်နော်ခွင့်ပြုပါခင်ဗျာ

    ReplyDelete

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *