Subscribe:

Wednesday 7 November 2012

ချစ်သူ

ကျွန်တော် သူမကိုချစ်တယ် ကျွန်တော်သူမကိုခိုင်းနှိုင်းချင်မိတယ် တစ်ခုခုနဲ့ပေါ့
ဥပမာ. ပန်း နဲ့ပေါ့ ပန်းဆိုတာမျိုးက ကြွေကျတတ်တဲ့ သဘောရှိလို့ကျွန်တော်မခိုင်းနှိုင်းချင်
နောက်တစ်ခုက ကြယ်တစ်လုံး .. သို့သော် ကြယ်လဲကြွေတတ်၏ ..
ဒါမှမဟုတ် ကျွန်တော့်ရဲ့ နံရိုးတစ်ချောင်း.. မဖြစ်သေး.. နံရိုးကိုသူမလဲကြိုက်မယ့်ပုံမပေါ်…. ဒါကြောင့်
ကျွန်တော်သူမကိုခိုင်းနှိုင်းပါတယ် … အချစ်နတ်သမီး… ဗီးနပ်စ်နဲ့လေ….
သူမပြောတဲ့စကားတိုင်းကို ကျွန်တော် မှတ်ထားပါတယ်….
သူမပြောတဲ့စကားတွေက စစ်ဘုရင်နပိုလီယံပြောတဲ့စကားထက်လဲ

Tuesday 6 November 2012

မိဘမေတ္တာ



          မိဘတို့ရဲ့ မေတ္တာဟာ တုနှိုင်းလို့မရနိုင်ပါဘူး။  လူတွေမပြောနဲ့ တရိစ္ဆာန်တွေတောင်မှ သူတို့ရဲ့ သားသမီးတွေကို အသက်နဲ့ လဲပြီးတော့ ကာကွယ်စောင့်ရှောက်ကြပါတယ်။  ချီလီနိုင်ငံ Santa Rosa de Temuco ဆိုတဲ့ မြို့ကလေးမှာမီးလောင်မှု့ဖြစ်ပွားတော့ Amanda ဆိုတဲ့ ခွေးမကြီးဟာ သူ့ရဲ့ ၁၀ ရက်သာရှိသေးတဲ့ ခွေးကလေးတွေကို မီးလောင်တဲ့နေရာကနေ တစ်ကောင်ချင်းစီ ကိုက်ချီလို့ မီးသတ်ကားဆီကို သယ်လာတဲ့ မြင်ကွင်းလေးပါ။  ဒါပေမယ့် စိတ်မကောင်းစရာကတော့ ခွေးကလေး ၅ ကောင်ထဲက Amparo ဆိုရဲ့ ခွေးငယ်ကလေးကတော့ မီလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။  ကျန်တဲ့ ခွေးကလေး ၅ ကောင်ကတော့

Friday 2 November 2012

မိသားစုအတွက် အနိမ့်နာခံ

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

ဘ၀အောင်မြင်ရေးအတွက် သော့ချက်


ပညာရှိ တွေးကြည့်ရင်  ရွေးစေ့တောင်မြင်တယ်သတဲ့
ညဏ်အမြော်အမြင်နဲ့ ကြည့်တတ်တာကိုး။။
အဲ့ဒီလို့ ညဏ်အမြော်အမြင်ရှိတဲ့သူမျိုးကို တန်းဖိုးထား။
လေးစားတတ်ရမယ်။အရေးအကြောင်းရှိရင် တိုင်ပင်ဆွေးနွေးပြီး
အကြံညဏ်ကောင်းတွေ တောင်းခံရမယ်။
အဲ့ဒါ ဘ၀အောင်မြင်ရေးအတွက်သော့ချက်တစ်ခုပါပဲ။
သူငယ်ချင်းကိုမီးချောင်းမင်းေ၇ခင်းပြတာတော့ မဟုတ်ဘူးနော်။

မိန်းမယူတော့မယ်ဆိုရင် သိထားသင့်တယ်


ဘ၀ကြင်ဖော်ရွေးတဲ့အခါမှာ … အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်။ ပထမအချက်က အသိညဏ်ပညာရှိမရှိ
ဆန်းစစ်ရမယ်။ အတန်းပညာက အစိကမဟုတ်ဘူးနော်။ သူဘယ်လောက်စဉ်းစားတွေးခေါ် မြော်မြင်တတ်
တယ်။ ဘ၀ကိုဘယ်လောက်နားလည်ဘဘောပေါက်တယ်။ အဲဒီအခြေခံအချက်ပေါ်မှာမူတယ်ပြီင်္း အကဲ
ဖြတ်အမှတ်ပေးရမယ်။ ဒုတိယအချက်က  စိတ်စေနာကောင်းပြီး စာနာနားလည်မှူရှိမရှိ။ လူအချင်းချင်းရိုင်း
ပင်းကူညီတတ်မှုတန်းဖိုးထားလေးစားတတ်မှု မှန်မှန်ကန်ကန်မျှမျှတတဆောင်ရွက်တတ်မှု စတဲ့အခြေခံအ
ချက်တွေအပေါ်မှာ မူတည်ပြီး ဆန်းစစ်လေ့လာအကဲဖြတ်ရမယ်။ ကျန်တဲ့အရည်အချင်းတွေကိုတော့
သမိးကြိုက်သလိုပေါင်းထည့်နိုင်ပါတယ်။  မှန်ကန်သင့်တော်တဲ့ ဘ၀ကြင်ဖော် ရွေးချယ်နိုင်ပါစေ.

စကားတစ်ခွန်းက အရေးကြီးပါတယ်


သူများတစ်ပါးကို ပြောဆိုလိုက်တဲ့ စကားလုံးတွေထဲမှာ အပြစ်တင်၊ကဲ့ရဲ့၊နှိမ့်ချ၊ လှောင်ပြောင် ထိခိုက်နစ်နာစေတာမျိုးတွေ ပါမသွားစေနဲ့နော် ..ဘာကြောင့်လဲဆိုတော့  စကားလုံးတွေကြောင့်
ရတဲ့ဒဏ်ရာဟာ ဓားဒဏ်ရာထက် ပိုပြီးပြင်ထန်တယ်။ ပျောက်ကင်းဖို့လည်း အချိန်ကြာတယ်ဆိုတာ
သူငယ်ချင်းကိုသိစေချင်တယ်..

ဒီနေ့ရက် ချစ်သူရလဒ်များ


သူ့ ကိုလွမ်းတယ်။ တကယ်လည်းလွမ်းတယ်၊ အလွမ်းဆိုတာ တစ်ခုခုကို လိုချင်လို့ ရည်စူးသွန်ထုထားတဲ့ 

အရာမှမဟုတ်တာ ။ ဘာရမှာမို့ လိုလဲလို့ မပြောပါနဲ့….  အိပ်မရတဲ့  ညတစ်ညလုံးသတိရတာနင့် 

သူဆီကိုဖုန်းဆက်လိုက်တယ်…ဖုန်းကိုင်ချင်လည်းကိုင်မင်ဆိုပြီးတော့ ဖုန်းဆက်လိုက်တယ် ၄ကြိမ်တိတိ

တစ်ကြိမ်မှမကိုင်ဘူး…စိတ်ထဲမှာ အရမ်းခံစားရတယ်..ဒါပေမဲ့ ရင်ခုန်သံတိုင်းမှာ သူရှိနေတော့လည်း         

အလွမ်းနဲ့ပဲနစ်သိမ့်နေရတာပေါ့… ဝေတနာ ပျောက်ကင်းသက်သာဖို့ အခွင့်မရှိရင်တောင်  ညှီးထွား 

အော်ဟစ်ညည်းညူလိုက်ရရင် အလုံးစုံ မပျောက်ကင်းပေမယ့် စိတ်ထဲမှာတော့နည်းနည်းလောက်သက်

သာသွားတတ်ပါတယ်ဆိုပြီတော့ သူ့ဆီကိုဖုန်းဆက်နေတာ ၃, ၄ , နာရီကြာနေပြီ ဖုန်းလည်း မကိုင်ဘူး ။ 

ကိုယ့်ဝေဒနာ သက်သာဖို့အတွက် သူ့ ကိုအရမ်းချစ်တယ်ချစ်တယ်လို့ အော်ဟစ်ညည်းညူလိုက်မယ်လိုပဲ 

ကြံသေးတယ် နစ်ယောက်ကောင်းစားဖို့အတွက် မေ့လိုက်ပါတော့တဲ့.. ….အဲဒါနဲ့ပဲ ဆက်ပြောဖို့ ခွန်းအား  

မရှိတော့လို့ ရင်ထဲကအချစ်ဆိုတဲ့စကား ရင်ထဲကကြားနာပြီး ဖွဖွလေးပိုက်ထွေး သိမ်းထားရင်းနင့်  

ပြေသိမ့်လိမ့်ရတာပေါ့..(တကယ်ပြောတာပါ  အလွမ်းဆိုတာ အသည်းနှလုံးရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုပါ

မမရယ် မောင်ဆီကို ပြန်လာခဲ့ပါနော် . စောင့်မျှော်အသက်ရှင်လျှက် ...ဇော်ဝင်းသိန်း 
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *