Subscribe:

Tuesday 6 November 2012

မိဘမေတ္တာ



          မိဘတို့ရဲ့ မေတ္တာဟာ တုနှိုင်းလို့မရနိုင်ပါဘူး။  လူတွေမပြောနဲ့ တရိစ္ဆာန်တွေတောင်မှ သူတို့ရဲ့ သားသမီးတွေကို အသက်နဲ့ လဲပြီးတော့ ကာကွယ်စောင့်ရှောက်ကြပါတယ်။  ချီလီနိုင်ငံ Santa Rosa de Temuco ဆိုတဲ့ မြို့ကလေးမှာမီးလောင်မှု့ဖြစ်ပွားတော့ Amanda ဆိုတဲ့ ခွေးမကြီးဟာ သူ့ရဲ့ ၁၀ ရက်သာရှိသေးတဲ့ ခွေးကလေးတွေကို မီးလောင်တဲ့နေရာကနေ တစ်ကောင်ချင်းစီ ကိုက်ချီလို့ မီးသတ်ကားဆီကို သယ်လာတဲ့ မြင်ကွင်းလေးပါ။  ဒါပေမယ့် စိတ်မကောင်းစရာကတော့ ခွေးကလေး ၅ ကောင်ထဲက Amparo ဆိုရဲ့ ခွေးငယ်ကလေးကတော့ မီလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။  ကျန်တဲ့ ခွေးကလေး ၅ ကောင်ကတော့
ကျန်းကျန်းမာမာနဲ့ မီးဘေးက လွတ်ခဲ့ပါသတဲ့။  ထူးခြားလှတာကတော့ ခွေးမကြီး Amanda ဟာ သူ့ကလေးတွေကို ပြုစုဖို့လာတဲ့လူတွေကို အနားကပ်မခံပဲ ကာကွယ်ပေးနေတာပါ။  အထူးသဖြင့် သေဆုံးသွားတဲ့ ခွေးငယ်လေး Amparo ကို သူနဲ့အတူ ထားရှိပြီးတော့ ယူဆောင်ခွင့်မပေးပါဘူးတဲ့။  သြော်.. မိဘ.. မိဘ.. ကျွန်တော်လည်း ဒီသတင်းလေးဖတ်မိတော့ လူလားမြောက်အောင် ကျွေးမွေးလာတဲ့ မိဘတွေကို ငါဘာဖြည့်ဆည်းပြီးပြီလည်းလို့ ပြန်တွေးမိတယ်။




No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *