Friday, 2 November 2012
ဒီနေ့ရက် ချစ်သူရလဒ်များ
သူ့ ကိုလွမ်းတယ်။ တကယ်လည်းလွမ်းတယ်၊ အလွမ်းဆိုတာ တစ်ခုခုကို လိုချင်လို့ ရည်စူးသွန်ထုထားတဲ့
အရာမှမဟုတ်တာ ။ ဘာရမှာမို့ လိုလဲလို့ မပြောပါနဲ့…. အိပ်မရတဲ့ ညတစ်ညလုံးသတိရတာနင့်
သူဆီကိုဖုန်းဆက်လိုက်တယ်…ဖုန်းကိုင်ချင်လည်းကိုင်မင်ဆိုပြီးတော့ ဖုန်းဆက်လိုက်တယ် ၄ကြိမ်တိတိ
တစ်ကြိမ်မှမကိုင်ဘူး…စိတ်ထဲမှာ အရမ်းခံစားရတယ်..ဒါပေမဲ့ ရင်ခုန်သံတိုင်းမှာ သူရှိနေတော့လည်း
အလွမ်းနဲ့ပဲနစ်သိမ့်နေရတာပေါ့… ဝေတနာ ပျောက်ကင်းသက်သာဖို့ အခွင့်မရှိရင်တောင် ညှီးထွား
အော်ဟစ်ညည်းညူလိုက်ရရင် အလုံးစုံ မပျောက်ကင်းပေမယ့် စိတ်ထဲမှာတော့နည်းနည်းလောက်သက်
သာသွားတတ်ပါတယ်ဆိုပြီတော့ သူ့ဆီကိုဖုန်းဆက်နေတာ ၃, ၄ , နာရီကြာနေပြီ ဖုန်းလည်း မကိုင်ဘူး ။
ကိုယ့်ဝေဒနာ သက်သာဖို့အတွက် သူ့ ကိုအရမ်းချစ်တယ်ချစ်တယ်လို့ အော်ဟစ်ညည်းညူလိုက်မယ်လိုပဲ
ကြံသေးတယ် နစ်ယောက်ကောင်းစားဖို့အတွက် မေ့လိုက်ပါတော့တဲ့.. ….အဲဒါနဲ့ပဲ ဆက်ပြောဖို့ ခွန်းအား
မရှိတော့လို့ ရင်ထဲကအချစ်ဆိုတဲ့စကား ရင်ထဲကကြားနာပြီး ဖွဖွလေးပိုက်ထွေး သိမ်းထားရင်းနင့်
ပြေသိမ့်လိမ့်ရတာပေါ့..(တကယ်ပြောတာပါ အလွမ်းဆိုတာ အသည်းနှလုံးရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုပါ
မမရယ် မောင်ဆီကို ပြန်လာခဲ့ပါနော် . စောင့်မျှော်အသက်ရှင်လျှက် ...ဇော်ဝင်းသိန်း
Posted by
ဇော်ဝင်းသိန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။