Subscribe:

Wednesday 7 November 2012

'' ချစ်သူရဲ့ တံတိုင်း ''

ရက်တွေ လတွေ အလီလီပြောင်းလာခဲ့ပေမယ့် သူမကို ကျွန်တော်ချစ်နေဆဲ ဖြစ်ပါသည်။ သူမကလည်း ကျွန်တော့်ကို ချစ်နေဆဲ ဖြစ်သည်။ ကျွန်တော်တို့သည် သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ပါသည်။


(၁)

သူမကို ကျွန်တော်ခဏခဏ မေးဖြစ်ခဲ့တဲ့ စကားလေး ရှိပါသည်။

`ငယ်.. မောင့်ကို ဘယ်တုန်းက ချစ်ခဲ့တာလဲ` လို့ပါ။ အဲဒီအခါ သူမက မျက်စောင်းလှလှလေးထိုးလို့...

`မောင်.. ငယ့်ကို သတိမထားခင်ကတည်းက ချစ်ခဲ့တာပါ` လို့ ဂုဏ်ယူစွာဖြေပေမယ့် ကျွန်တော်ကလည်း

`ဟားဟား... လူညာမလေး... ငယ်သာ မောင့်ကို မသိခင်ကတည်းက မောင်က ချစ်နေရသူပါကွယ်... ` လို့ အနိုင်မခံအရှုံးမပေး ပြန်ပြောတတ်ပါသည်။

'' လသာသော ည ''


(၁)
`မေမေ... သားသေးပေါက်ချင်တယ်... လိုက်ပို့ပေး..`

သုံးနှစ်သားအရွယ် ကျွန်တော်ရယ်ပါ...။ ရန်ကုန်နှင့်ဝေးရာ နယ်ဒေသမှာမို့ အိမ်သာနှင့် အိမ်ဆိုတာ တကွဲတပြားစီ ထားလေ့ရှိသည်။ ဒီတော့ ညဘက်တွေမှာ ကျွန်တော်တစ်ယောက်တည်း အိမ်သာမသွားဝံ့ပါ..။ ဒါကြောင့် ဧည့်သည်တွေနှင့် စကားပြောနေသည့် မေမေ့လက်မောင်းကို ဆွဲခေါ်ရင်း လိုက်ပို့ခိုင်းမိသည်။

`ဟာကွာ... ယောက်ျားတဲ့ကွာ.. အပြင်တောင် တစ်ယောက်တည်းမသွားရဲဘူး..။ မင်းမှာေ×ွးကော ပါရဲ့လား`

အိမ်ဘေးက ဦးမောင်ပါ..။ ကျွန်တော့်ကို မထိတထိလှမ်းစနေသည့် ဦးမောင်ကို နှုတ်ခမ်းမဲ့ပြရင်း မေမေ့ကို အတင်းဆွဲခေါ်လာခဲ့သည်။

''' အများအကျိုးရွက်သယ်ပိုးက '''

‘ အများကောင်းကျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာပါ ’ ဆိုသောသူနှစ်ဦးကို တစ်နေ့တည်းတွင်
နှစ်ခါကြုံခဲ့ရပါ၏။
          ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွယ်လျလျနှင့် စကားပြောညင်သာသူ ဖြစ်ပါသည်။
           သူကဆိုပါသည်။
          ‘ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသော်ဝ် --- ဆိုတဲ့စကားရှိ
တယ် မဟုတ်လားဗျာ၊ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော်ဝမ်းသာရတယ်
မဟုတ်လား၊ ဒါပေမယ့် -- အများအကျိုးကို ရည်မြှော်ပြီး လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမ

'' တစ်ခုသောစာပေ၀ိုင်းမှအပြန် ''

ဂေါတမဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ်အခါတုန်းက ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍  တော၌ ရဟန်းတရားကို အားထုတ်ကြသည်။ ထိုတော၌ နံနက်စောစောပွင့်ကြသည့် မုလေးပန်းတို့သည် ညနေသို့ရောက်သောအခါ တဖွဲဖွဲကြွေသည်ကို ရဟန်းတို့ မြင်မိကြသည်။ နောက်တစ်နေ့ နံနက်စောစော၌ ရဟန်းတို့က မုလေးပန်းတို့ကို “ သင်တို့အညှာများမှမကြွေကျမီ ငါတို့သည် ရာဂစသည်တို့မှ ကင်းကွာလွတ်မြောက်အောင်  ပြုကြကုန်အံ့ ” ဟု ပြောဆိုသကဲ့သို့ ပြုကာတရားကို အပြန်းအထန်အားထုတ်ကြသောကြောင့် ရဟန္တာ များအဖြစ်သို့် ရောက်သွားကြောင်းကို တစ်ဦးသောသူက ပြောသည်။

လိုအပ်ချက်တွေရှာဖွေရန်

သူငယ်ချင်းတွေ  စိတ်က လိုချင်တာတွေ လေ့လာရှာဖွေနိုင်ဖို့ ဖတ်ရှုနိုင်ဖို့ အတွက် 
လင့်တွေကို စုပေးထားပါတယ် ၊ အားလုံးကို လေးစားလျှက်..

ပြည်ပ လူငယ်များသိထားသင့် ဖုန်းအကြောင်း






**မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု** -ြ မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

facebook အကောင့်ကို တကယ်ဖျက်နေပြီလား


အတုအယောင် account များကို ရှင်းထုတ်သည့် ဆောင်ရွက်ချက်အဖြစ် Facebook က account   ထောင်ပေါင်များစွာကို ဖျက်လိုက်ပြီ ဖြစ်သည်။
 ပြီးခဲ့သည့် နှစ်ရက်အတွင်း Facebook Page များတွင် Like လုပ်ထားသူ အရေအတွက် လျော့ကျသွားမှု ကြုံတွေ့ရခြင်းမှာ အဆိုပါ Like လုပ်ထားသည့် account များမှာ အတုအယောင်များ ဖြစ်နေခြင်းကြောင့်ဟု TechCrunch.comကဆိုသည်။ Zynga  Texas HoldEm Poker Facebook Page တွင် တစ်ရက် အတွင်း Like လုပ်ထားသူ အရေအတွက် ၉၆,၀၀၀ လျော့ကျသွားကြောင်း၊ အလားတူ နာမည်ကြီး အဆိုတော် လေဒီဂါဂါ၏ Facebook Page တွင်လည်း Like လုပ်ထားသူ အရေအတွက် ၃၁,၇၀၀   လျော့ကျသွားကြောင်း သိရသည်။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *