Subscribe:

Wednesday 7 November 2012

''' အများအကျိုးရွက်သယ်ပိုးက '''

‘ အများကောင်းကျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာပါ ’ ဆိုသောသူနှစ်ဦးကို တစ်နေ့တည်းတွင်
နှစ်ခါကြုံခဲ့ရပါ၏။
          ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွယ်လျလျနှင့် စကားပြောညင်သာသူ ဖြစ်ပါသည်။
           သူကဆိုပါသည်။
          ‘ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသော်ဝ် --- ဆိုတဲ့စကားရှိ
တယ် မဟုတ်လားဗျာ၊ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော်ဝမ်းသာရတယ်
မဟုတ်လား၊ ဒါပေမယ့် -- အများအကျိုးကို ရည်မြှော်ပြီး လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမ
လည်တဲ့သူတွေက ရှိနေလေတော့ အခက်အခဲတွေနဲ့ ကြုံရတာတွေ ရှိတာပေါ့၊ ကိုယ့်ကိုမနာလိုဖြစ်တာတွေ၊ ကိုယ့်လုပ်ငန်းကို ဖျက်လိုဖျက်ဆီး လုပ်တာတွေ၊ ကဖျက်ယဖျက် လုပ်တာတွေ၊ အမနာပပြောတာတွေရှိ
တာပါ့ဗျာ၊ ရှိနေတာပေါ့၊ ဒီလိုရှိနေပေမယ့်လဲ ကိုယ်လုပ်ရမယ့် အလုပ်ကိုလုပ်မှာပါ ---
          အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ မှန်လမ်းကြောင်းဖြင့်
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှနှင်လော့ - ဆိုတဲ့ အဆုံးအမစကားအတိုင်း ကိုယ်ရည်ရွယ်ထားတဲ့ပန်း
တိုင်အရောက လျှောက်  
မှာပါပဲ၊ သွားမှာပါပဲ ---- ’
          သူ့စကားသံကို နားထောင်ရင်း အနှောင့်အယှက် အခက်အခဲတို့ကို ရင်ဆိုင်ဖို့ ‘ တင်း ’ ထားသော
သူ့၏မာန်ကို မြင်ယောင်၍ ရပါသည်။
          ဒုတိယတွေ့သူကတော့ အရပ်ခပ်ပြတ်ပြတ်၊ ကိုယ်လုံးကိုယ်ထည် ခိုင်ခံ့တောင့်တင်း၍ သူ့စကား
သံကလည်း မာကျောသည်။
          သူကဆိုပါသည်။
          ‘ ခင်ဗျား ကြားဖူးတယ် မဟုတ်လား၊ ကယ်ရဗင်လှည်းကြီးကတော့ သွားမြဲပဲ ---- ဆိုတာလေ ’
          သူဘာဆက်ပြောမလဲဆိုသည်ကို ကျွန်တော်က ငြိမ်၍ စောင့်သည်။
          ‘ ဟိုဗျာ -အမေရိကတိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ်ကာလက မြင်းနှစ်ကောင်
ဒါမှမဟုတ် လေးကောင်ဆွဲတဲ့ ကယ်ရာဗင် ( Caravan ) ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်၊ ရွှာတွေတည်ထောင်မိကြတဲ့အခါမှာလဲ အဲဒီပေါင်းမိုးမြင်းတပ် ကယ်ရာဗင်လှည်းကြီးထဲမှာ သတ္တုပစ္စည်းတွေ အိုးခွက်တွေရော၊ အခြားပစ္စည်းတွေရော အစုံပါတယ်၊ ဒီတော့ ဒီဈေးလှည်းကြီးလာ ရင်၊ လမ်းကလည်းမကောင်းတဲ့ခေတ်ဆိုတော့ --- လှည်းလှုပ်တိုင်း အိုးခွက်တွေ အချင်းချင်း တိုက်လို့ထွက်လာတဲ့ ဂလုံဂလွမ်အသံတွေရော၊ တစ်ခြားအသံတွေရော၊
သံစုံမြည်နေတာပေါ့၊ သံစုံမြည်နေတဲ့ ဒီလှည်းကြီးရွှာဝင်လာပြီဆိုရင် ရွှာထဲကခွေးတွေက အဲဒီလှည်းကြီးကို ၀ိုင်းပြီးဟောင်ကြတယ်တဲ့ဗျ၊ ဒီလိုဝိုင်းပြီးဟောင်ကြပေမယ့်လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ 
-(THE DOGS BARK BUT THE CARAVAN GOES ON)တဲ့၊ ကျွန်တော်လဲ ကျွန်တော်သွားမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေတာပါပဲ၊ အများအကျိုး ရှေးရှူလုပ်နေတာဖြစ်ပေမယ့် ဒါကိုသဘောမပေါက်

 နားမလည်သူတွေက ကျွန်တော်ကို ၀ိုင်းပြီး အပြစ်ပြောကြ၊ သရော်ပြောင်လှောင်ကြ၊အတင်းအဖြင်းချကြနဲ့
နှောင့်ယှက်လိုက်ကြတာ အများကြီးပါ၊ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီးက ရပ်ရမယ်ဆိုရင် လိုရာအရပ်ကို
 ဘယ်ရောက်တော့မှာလဲဗျာ၊ သူတို့က၀ိုင်းပြီး သရော်လှောင်ပြောင် အပြစ်ပြောတိုင်းသာ ကျွန်တော်
သွားရမယ့်ခရီး၊လုပ်ရမယ့်အလုပ်ကို ရပ်ရမယ်ဆိုရင်လည်း ပန်းတိုင်ကိုဘယ်ရောက်တော့မှာလဲ၊
လှည်းကြီးကတော့ သွားမြဲပင် -- ဆိုတာလို ကျွန်တော်လည်းသွားရမယ့် ပန်းတိုင်ဆီကို သွားမြဲပါပဲ ---
          သူ့စကားသံက မာကျောပါသည်။ပြတ်သားပါသည်။သူမှာ အားမာန်အပြည့် ရှိနေပါသည်။
          အထက်ပါပုဂ္ဂိုလ်နှစ်ဦးကို ကျွန်တော်က ကျေးဇူးအထူးတင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ထိုသူတို့နှင့်စာလျှင် ဘာမှမပြောပလောက်သည့်အလုပ်၊ မကြီးကျယ်သည့် အခက်အခဲ အနှောင့်
အယှက်ဖြင့် တွေဝေရပ်တန့်နေသော ကျွန်တော့်ကို ထိုနေ့ကတည်းကစ၍ ရှေ့သို့ ဆက်သွားဖို့ - သွားမြဲသွားနေဖို့ ထိုသူနှစ်ဦး၏စကားများက လှုံ့ဆော်တိုက်တွန်းလိုက်ရာ ရောက်ခဲ့သောကြောင့်ပါတည်း။
                                                                                                နန္ဒာသိန်းစံ

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *