Subscribe:

Monday 22 October 2012

အဆိုအမိန့် ဒဿနစကားများ (၃)


*ကြောက်ပါ*
သူတပါးက ကိုယ့်ကိုစော်ကားခံရမှာမကြောက်ပါနဲ့ ၊
ကိုယ်ကသူတပါးကိုစော်ကားလိုက်မိမှာကိုပဲကြောက်ပါ...။
Don't be afraid of an insult of others.
Be afraid of insult on others.
*~~~~~~~~~~~~~~~~~~*
*မငြင်းနဲ့ *
ငါကသာတယ် ၊ သူကညံ့တယ်လို့ ဇွတ်မငြင်းပါနဲ့ ၊
ကမ္ဘာကျော်ကဗျာဆရာ၊ သိပ္ပံပညာရှင်နဲ့ 
စစ်ဗိုလ်ချုပ်ကြီးတို့ ဟာ ယောင်္ကျားတွေဖြစ်ကြသလို
ထောင်ထဲကရာဇ၀တ်သားအများစုဟာလည်း
ယောင်္ကျားတွေပဲဆိုတာမမေ့ပါနဲ့ ...။
Don't refuse that you are better than him.
As the famous poets, scientists and generals are males;
the prisoners in the prisons are also the males. Don't forget it.
*~~~~~~~~~~~~~~~~~~*
*မှတ်ကျောက်*
ကြမ်းတမ်းတဲ့တောင်ကမ်းပါးယံတွေက
ပတ္တမြားကိုလှအောင်သွေးပေးသလို
ခါးသီးတဲ့လောကဓံတွေကလည်း
လူတွေကိုမှတ်ကျောက်တင်ပေးလိုက်ကြတယ်...။
Like the rough rocky bank shine the ruby,
the bitter vocabularies shine the human beings.
*~~~~~~~~~~~~~~~~~~*
*အလုပ်နဲ့ အရှုပ်*
အလုပ်တွေရှုပ်နေကြတာလား?
အရှုပ်တွေလုပ်နေကြတာလား?
(သတိထားပြန်စဉ်းစား)
အလုပ်တွေပဲရှုပ်နေပါစေ၊
အရှုပ်တွေတော့မလုပ်မိကြပါစေနဲ့ ...။
Are you busy? Are you doing the problems?
Take care and think of it.
You can be busy but, do not find the problems.
*~~~~~~~~~~~~~~~~~~*
*သေချာတယ်*
သေချာတာကတော့ သေရမယ်ဆိုတာတခုပဲသေချာတယ်...။
It is sure that you must die, is only one true.
*~~~~~~~~~~~~~~~~~~*
 *ကြောက်စရာ*
သေရမှာကကြောက်စရာမဟုတ်ပါဘူး...။
မသေခင် အကုသိုလ်တွေလုပ်မိမှာကမှကြောက်စရာပါ...။
Death is not fearful.
But, the act of SIN BEFORE DEATH is really fearful.
*~~~~~~~~~~~~~~~~~~*
*ရိုးတာနဲ့  ရှင်းတာ*
ရိုးမှရှင်းတယ်၊ မရိုးရင်မရှင်းဘူး၊
ရိုးမှဖြောင့်တယ်၊ မရိုးရင်မဖြောင့်ဘူး၊
ဒါ့ကြောင့်... ဘ၀မှာ ရှင်းလင်းပြီးဖြောင့်မတ်စေချင်ရင် ရိုးသားပါ...။
 (poem type)
Honesty is plain:
Dishonesty is bushy;
Honesty is straight change,
Dishonest is twisty.
Be honest again and again,
as your hobby.
*~~~~~~~~~~~~~~~~~~*

*မမွေးနဲ့ *
သူများဘ၀ နစ်နာမှ ကိုယ်ကောင်းစားမယ်ဆိုတဲ့
အောက်တန်းစားစိတ်ဓါတ်မျိုး ဘယ်တော့မှ မမွေးမိပါစေနဲ့ ...။
Do not keep the miserable mind of lower class
that you will get profit after the destruction of others.

*~~~~~~~~~~~~~~~~~~*

*ကိုယ်ချင်းစာပါ*
အကောင်းဆုံးလူ့ ကျင့်ဝတ်ဆိုတာ
ကိုချင်းစာတရားပဲ...။
The best ethic is to empathize the others.

*~~~~~~~~~~~~~~~~~~*

*မလဲပါနဲ့ *
ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေအတွက်
ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့  မလဲမိပါစေနဲ့ ...။

For the useless things like Rank and Wealth   
do not change the merit with Sin.

*~~~~~~~~~~~~~~~~~~*

 *ပီတိ*
သူများဆီကရလို့  ပျော်တဲ့ လောဘရမ္မက်ထက်
သူများကိုပေးခွှင့်ရလို့ ပျော်ရတဲ့ပီတိကမှပိုကောင်းပါတယ်...။

Feeling of happiness is better to gives others than
the feeling of wishing from others.

*~~~~~~~~~~~~~~~~~~* 
 
 *အရှင်းငါးချက်*
အတွေးရှင်းမှအမြင်ရှင်းမယ်၊
အမြင်ရှင်းမှစိတ်ရှင်းမယ်၊
စိတ်ရှင်းမှ အလုပ်ရှင်းမယ်၊
အလုပ်ရှင်းမှ ဘ၀ရှင်းမယ်...။
Clear thought gives clear vision.
Clear vision gives clear mind.
Clear mind gives clear works.
Clear works give clear life.
*~~~~~~~~~~~~~~~~~~*
 *ခံနိုင်မှ တည်*
မဟုတ်လည်းခံ၊ ဟုတ်လည်းခံ၊ ခံနိုင်ပါမှ ခန္တီပါ...။
ခန္တီပါမှ၊ နိဗ္ဗာန၊ မုချရောက်နိုင်မှာ...။
(poem type)
Tolerate the true or false:
Tolerant attitude will obtain;
Those are going without pause.
Surely NiBBANA is the main.
*~~~~~~~~~~~~~~~~~~*
*ရယ်ပြီးတော့မော*
လောကမှာ ပျော်စရာ ရယ်စရာတွေလို့ 
ထင်မှတ်ခဲ့ကြတာတွေက မကြာခင်မှာ
မောစရာတွေဖြစ်လာတတ်တယ်နော်၊ သတိထား...။
You think life is full of joy and smile.
But, these can be change to troubles soon;
Be aware of it.
*~~~~~~~~~~~~~~~~~~*

*လူဆိုးနဲ့ လူကောင်း*
စိတ်ကောက်ရင်လူကောက်ဖြစ်တယ်၊
စိတ်ဆိုးရင်လူဆိုးဖြစ်တယ်၊
စိတ်ကောင်းတော့လူကောင်းဖြစ်တယ်။
If you sulk, you will be sulky man.
If you are bad-minded, you will be bad man.
If you are good-minded, you will be good man.
*~~~~~~~~~~~~~~~~~~*       
  
 
ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ (စစ်ကိုင်း ရွှေဟင်္သာ) ၏
အဆိုအမိန့် ဒဿနများအား ကောက်နှုတ်၍ မျှဝေပါသည်...။
.

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *