တစ်ခါတုန်းက အရှင်အနုဒ္ဓါက ဘုရားရှင်ကို လျှောက်ထားတယ်။
အရှင်ဘုရား! တပည့်တော်
ဒိဗ္ဗစက္ခုနဲ့ ကြည်ရှုတဲ့အခါ ငရဲပြည်မှာ များသောအားဖြင့်
အမျိုးသမီး(မာတုဂါမ)တွေကိုတွေ့ရပါတယ်ဘုရား၊ ဘယ်လိုအရာတွေနဲ့ပြည့်စုံတဲ့
အမျိုးသမီး(မာတုဂါမ)တွေ ငရဲပြည်ရောက်ရပါသလဲဘုရားလို့ လျှောက်ထားပါတယ်။
(၂)နေ့လယ်ပိုင်းအချိန်မှာ သူတစ်ပါးပစ္စည်းဥစ္စာကို ငြူစူမှူလွန်ကဲတဲ့စိတ်နဲ့နေတယ်၊(မစ္ဆရိယ)
(၃)ညနေပိုင်းအချိန်မှာတော့ ကာမဂုဏ်တပ်မက်မှူလွန်ကတဲ့စိတ်နဲ့နေကြတယ်။ (ရာဂ)
အဲဒီတရားသုံးပါးနှင့်ပြည့်စုံတဲ့အမျိုးသမီး(မာတုဂါမ)တွေ အပါယ်ငရဲသို့ရောက်ရတာပဲ လို့ မြတ်ဗုဒ္ဓက ဖြေကြားလိုက်ပါတယ်။
ရှေးဆရာတော်ဘုရားကြီးများကတော့”
နံနက်ဣဿာ၊ နေ့လယ်မစ္ဆေ၊ ညနေရာဂ၊ ဤသုံးဝကြောင၊့် မာတုဂါမ အပါယ်ကျ၏။”
လို့လင်္ကာလေးဖြင့်အကျဉ်းချုပ်သတ်မှတ်ထားတာကိုမှတ်သားဖူးပါတယ်။
အထူးအားဖြင့်
အမျိုးသမီးများအတွက်ရည်ရွယ်ကြီးတင်ပြလိုက်ရခြင်းဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်
မိမိက ဒီလိုစိတ်ထားတွေရှိနေရင်
ပြုပြင်ပြောင်းလဲနိုင်အောင်ရည်ရွယ်ပြီးရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ မိမိက
ပုထုဇဉ်ပဲ အကုန်လုံးတော့ ချက်ချင်းဘယ်ပယ်နိုင်မလဲ၊ မိမိက ကြိုးစားပြီးတော့
တားမြစ်နိုင်ဖို့ပါပဲ၊ ပယ်ဆိုတာက အရိယာသူတော်ကောင်းတွေသုံးတာများပါတယ်၊
တားမြစ်တယ်လို့ ပြောတာပိုအဆင်ပြေလိမ့်မယ်။
လပြည့်ဝန်း(သာစည်) ဆိုက်မှ မျှဝေခံစားပါအုံ့ ...
No comments:
Post a Comment
မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။