Subscribe:

Sunday 21 October 2012

ထေရ၀ါဒ မှတ်တမ်း




(ယခု ဖော်ပြပါ ဆောင်းပါသည် ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) သို့ ဘီအေ-ဓမ္မာစရိယ၊ဘွဲ့အတွက် မိမိတင်သွင်းခဲ့သော ကျမ်းစာမှ စာဖတ်သူများအား ဘာသာရေးအကြားအမြင် ဗဟုသုတ ရရှိနိုင် စေရန်စိတ်ရည်သန်ကာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။) ဗုဒ္ဓမြတ်စွာဟောကြားလမ်းညွှန်တော်မူခဲ့သည့်တရာတော်များအတိုင်းလိုက်နာကျင့်သုံးကုန်သောသူတို့အား ဝေါဟာရအမည်နာမအားဖြင့် `ဗုဒ္ဓဘာသာဝင်များ´ဟုခေါ်ဆိုကြပါသည်။ ထိုဗုဒ္ဓဘာသာသသည်လည်း သရုပ်အားဖြင့် `ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ´ ဟူ၍ အဓိက ဂိုဏ်ကြီးနှစ်ဂိုဏ်ရှိပါသည်။ ထိုဂိုဏ်ကြီးနှစ်ဂိုဏ်သည် ဗုဒ္ဓမြတ်စွာ မဟာပရိနိဗ္ဗာန်စံဝင်တော်မူပြီးမှသာလျှင် ကွဲပြားသွားကြခြင်းဖြစ်ပါသည်။ ထေရ၀ါဒဟူသည် `ထေရာနံ ၀ါဒေါ ထေရ၀ါဒေါ´ သီလ၊ သမာဓိ၊ ပညာ၊ သို့မဟုတ် ပရိယတ္တိ၊ပဋိပတ္တိ၊ ပဋိဝေဓ အစရှိသော
ဂုဏ်အရည်အချင်းတို့နှင့် ပြည့်စုံတော်မူကြကုန်သော မထေရ် အ ရှင် မြတ် တို့ သည် ဗုဒ္ဓမြတ်စွာ၏ဓမ္မ၊၀ိနယ တရားတော်တို့ကို ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြောင်း လွှဲခြင်းမရှိပဲ ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်ကအတိုင်း လိုက်နာကျင့်သုံးကြသော မူဝါဒကို ထေရ၀ါဒ ဟုခေါ်ဆိုပါသည်။ ကျမ်းမှာတွေ့ရ ထေရ၀ါဒ ဝေါဟာရ ထိုထေရ၀ါဒ ဟုသော အသုံးဝေါဟာရနှင့် ပါတ်သက်၍ ပါဠိတော်၊ အဋ္ဌာကထာ၊ဋီကာ အစရှိသော ကျမ်းစာတို့တွင်အောက်ပါအတိုင်းတွေ့ရှိရပါသည်။ (၁) သမာပတ်ကိုသိမူ၍ မတုန်မလှုပ်မြဲမြံသောဝါဒကို `ထေရ၀ါဒ´ဟူ၍ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်သုံးတော်မူခဲ့ပါသည်။ မ၊၁၊၂၂၀၊ မ၊၂၊၂၈၀(ဘီစီ-၅၀၀-စုခန့်) (၂) တတိယ သင်္ဂါယနာခေတ် (ဘီစီ-၂၃၉)၌ အရှင်မဟာမေဂ္ဂလိပုတ္တတိဿ မထေရ် သည် ပဋိကတ်တော်များးကို သင်ကြားရာတွင် `သဗ္ဗံ ထေရ၀ါဒံ ´ ဟုတွေ့ရှိရပါသည်။ ၀ိဋ္ဌ၊၁၊၃၉။ (ဘီစီ-၂၀၀-စု) (၃)သင်္ဂါယနာ နှစ်ကြိမ်တင်အပ်သော ပါဠိတော်စကားအစဉ် (သာရတ္တ ၊၁၊၁၃၅) အေဒီ-၄၀၀-၅၀၀)စုခန့် မဟာသင်္ဃိက ဂိုဏ် အစရှိသော ဂိုဏ်တို့၏ အယူတို့မှ ကွဲပြားခြားနားစေရန်အလို့ငှာ ထေရ၀ါဒ ဟုသုံးစွဲခဲ့ခြင်းဖြစ်သည်။ (၄) ၀ိဘဇ္ဇ၀ါဒ ကိုလည်း ထေရ၀ါဒ ဟုခေါ်ဆိုကြပါသည်။ (၀ိမတိ၊၁၊၃၀)အေဒီ-၄၀၀-၅၀၀ စုခန့် (၅)ထေရ၀ါဒသည် မြတ်ဗုဒ္ဓ၏ တရားတော်မူရင်းအတိုင်းပင် မကွဲမပြား တစ်သား တည်းကျန်ရစ်ခဲ့သော ၀ါဒဖြစ်သည်။ ထို့ကြောင့် အဘိန္န လဒ္ဓိက ဟုသုံးသည်။ အေဒီ ၄၀၀-၅၀၀ မဟာသင်္ဃိက စသည့်ဝါဒကွဲများကို ဘိန္နလဒ္ဓိက ဟု အပြန်အားဖြင့် အသုံးပြုခေါ်ဝေါ်ကြပါသည်။ အထက်ပါ အဋ္ဌကထာ၊ဋီကာကျမ်းများကိုထောက်ရှု၍ ဒုတိယသင်္ဂါယနာအထိ ထေ ရ၀ါဒ ၊ မဟာင်္ဃိကစသည်ဖြင့်မကြွဲ ပားသေးကြောင်းတွေ့ရှိရပေသည်။ `ဓမ္မ၊၀ိနယ´ ဟူ၍သာ ခေါ်ဆိုသုံးစွဲကြပါသည်။ ထိုကဲ့သို့ ဓမ္မ ၊၀ိနယ ဟူ၍ ခေါ်ဆိုသုံးစွဲပုံကို အောက်ပါ အတိုင်းလေ့လာ တွေ့ရှိ နိုင် ပါသည်။ ယော ခေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယောစ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။ (ဒီ၊၂၊ ၁၂၆) ယန္နူနာ မယံ အာဝုတော ဓမ္မဉ္စ ၀ိနယဉ္စ သင်္ဂါယေယျာမ အာဝုတော ကိံပဌမံ သင်္ဂါယာမ ဓမ္မံဝါ ၀ိနယံဝါ။ (၀ိ၊ဋ္ဌ၊ ၂၊၁၃၊-၁၁) ပထမဆုံး ထေရ၀ါဒကိုအသုံးပြုခြင်း ထေရ၀ါဒဟူသော အသုံးကို အစဆုံးစတင်၍ သုံးစွဲခဲ့သည်မှာ မြတ်ဗုဒ္ဓကိုယ် တော် တိုင် ပင်ဖြစ်ပါသည်။မဇ္ဈိမနိကယ်၌ တွေ့ရှိရပါသည်။သို့သော် ထိုစဉ်က ဗုဒ္ဓရှင်တော် သုံးစွဲခဲ့ သောဝေါဟာရမှာ ယနေ့သဘောပေါက်ထားသည့် အဓိပ္ပါယ်မျိုးမဟုတ်ပေ။ ထေရ၀ါဒ နှင့် မဟာယာန ဗုဒ္ဓဘာသာသည် စတင်ပေါ်ပေါက်ရာ မဇ္ဈိမဒေသ အိန္ဒိယပြည်မှ အခြားသော အရပ် ဒေသများသို့ပြန့်ပွားရောက်ရှိသွားကြသည်။ယင်းသို့ပြန့်ပွားရာတွင်နိုင်ငံ၏တောင်ဘက်မှ ပြန့် ပွားသောဝါဒ(သာသာနာ)ကို တောင်ပိုင်းဗုဒ္ဓဘာသာ ဟူ၍လည်းကောင်း၊ ထေရ၀ါဒ ဟူ၍ လည်းကောင်းခေါ်ဝေါ်ကြပါသည်။ မြောက်ဘက်ပိုင်းမှ ပြန့်ပွားသွားသည့်ဗုဒ္ဓဘာသာကို မြောက်ပိုင်းဗုဒ္ဓဘာသာ (သို့မဟုတ်) မဟာယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုကြပါသည်။ အထက် ပါအကြောင်းအရာများသည်ယေဘုယျသဘောအားဖြင့်ခေါ်ဆိုသောအမည်နာမများသာဖြစ်ကြပါသည်။ ထေရ၀ါဒ မဟာယာန ကွဲပြားခြင်းအကြောင်းအရာမဟုတ်ပေ။ ထေရ၀ါဒ မှ မဟာယာန သို့ မြတ်စွာဗုဒ္ဓပွင့်တော်မူသည်မှစ၍ မရိနိဗ္ဗာန်ဝင်စံတော်မူသည့်အထိ လေးဆယ့်ငါးဝါ ကာလပါတ်လုံး ဟောကြားတော်မူခဲ့သော တရားတော်မှန်သမျှ ဓမ္မအစဉ်ကို ဗုဒ္ဓ၀ါဒဟု ခေါ်ဆို ပါသည်။ ဒီနေရာတွင်´၀ါဒ´၏ အနက်အဓိပ္ပါယ်မှာ ဗုဒ္ဓ၏ တရားတော်အစဉ် ဟုဖြစ် သည်။ အယူအဆ၀ါဒတရပ်မဟုတ်ပေ။ သဿတ၀ါဒ၊ ဥစ္ဆေဒ၀ါဒ၊စသောဝါဒများနှင့် မရောထွေး စေ ရန်အတွက် ဗုဒ္ဓ၀ါဒ ဟု သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ပထမသင်္ဂါယနာ တင်ပွဲအပြီးတွင် ဗုဒ္ဓ၀ါဒ မှ ထေရ၀ါဒ ဟူ၍ ခေါ်တွင်လာခဲ့ခြင်းဖြစ်ပါသည်။ ယင်းအမည်နှစ်မျိုးမှာ ဝေါဟာရ အားဖြင့် မတူညီပါသော်လည်း အဓိပ္ပါယ်ကတော့ အတူတူပင်ဖြစ်ပါသည်။ ကမ္ဘာ့ပညာရှင်းများ ဖွင့်ဆိုသည့် ထေရ၀ါဒ အဓိပ္ပါယ် 1. Analytical School (Dr.A.C.Bouquent) 2. Conservative Buddhism (J.B. Noss) 3. Doctrine of the Elder (Christmas Hamphrey) 4. Doctrine of the Theras (M.Spiro,P.T.S) 5. Early Buddhism (Phra Medhidha-mma) 6. Early Doctrine (D.G.E.Hall) 7. Older Buddhist Community (Germany Buddhism) 8. Older of Buddhist (G.P. Malalasekera) 9. Orthodox School (J.B.Noss) 10. Older of the Bhikkhus (P.T.S) 11. Southern School (Many Schoolars) 12. Southern Buddhism (Many Scholars) 13. The Lesser Vehicle (Andrew Skiiton) 14. The Smaller Vehicle (Marie.B>Byles) 15. The School of Elder (Dr.W.Rahuha) 16. Teaching of the Elder (S.K.Datt) 17. The Original Buddhist Doctrine (P.T.S) 18. The Original Orthodox Buddhism (Dr.W.Rahuha) 19. The Way ot the Elders (Was the Orginal Tradition from the earliest.)only (Ashin Setthila) 20. Tharavada Buddhism (Canons&Commentaries) ထေရ၀ါဒနိဒါန်း သဗ္ဗညုတရွှေဥာဏ်တော်ရှင် ဗုဒ္ဓဘုရားသည်ခရစ်တော်မပေါ်မီB.C,6-ရာစုတွင် ဒေ၀ရဟနှင့်ကပိလ၀တ်နှစ်ပြည်ထောင်အကြားရှိမင်္ဂလာလုဗ္ဗိနီအင်ကြင်းဥယျဉ်တော်မြတ်တွင်ဖွားမြင်တော်မူ၍ B.c,588. သက်တော် (၃၅)နှစ်တွင်ဘုရားစင်စစ်ဖြစ် လွန်တော် မူသည် မှစ လို့မဟာပရိနိဗ္ဗာန်စံဝင်တော်မူသသည့်အထိ(၄၅)၀ါကကာလတိုင်အောင်(B.C,588-543) နေ့ ရောညပါဟောတော်မူခဲ့သော တရားတော်အားလုံးကိုတတိယသင်္ဂါယနာမတိုင်ခင် အထိ၊ ထေရ၀ါဒ၊မဟာယာနဟူ၍မမခေါ်ဆိုကြသေးပဲ`ဗုဒ္ဓ၀စန´`ဗုဒ္ဓဒေသနာ´ဟုသာဆိုသုံးစွဲကြပါသည်။ သာသနာတော်နှစ်(၁၀၀)ပြည့်နှစ်B.C,378.တွင်ဝေသာလီပြည်၊၀ဇ္ဇီတိုင်းသားရဟန်းတို့သည်သာသတာတော်၌ ၀ိနယဓမ္မနှင့်မလျှော်မညီညွှတ်သောအဓမ္မ၀တ္ထု-၁၀-ပါး(ဒသ ၀တ္ထု က)တို့ ကို ဘုရားရှင်၏ဓမ္မ၀ိနယထဲသို့ထည့်သွင်းကာ ပြုပြင်ခြင်း၊ပြည့်စွက် ခြင်း၊များကို ပြုလု ပ်လာကြလေ၏။ အရှင်မဟာယသမထေရ်ကြီးသည်ထိုသတင်းကိုကြားရသဖြင့်ဝေသာလီပြည်ဝေသာလီပြည်၊မဟာဝုန်ကျောင်းတိုက်သို့ကြွရောက်တော်မူလာ၏။ထိုအချိန်တွင်ဝဇ္ဇီတိုင်းသားရဟန်းတို့သည်သံဃအလည်၌ သံဃာ့အလည်တွင် ရေပြည့်သောရွှေဖလားကိုချထား၍ ဥပုသ်ပြု တရား နာလာရောက်ကြ ကုန်သော ဒါယကာ၊ ဒါယိကာမတို့ကိုပရိက္ခ ရာဖိုးအလှု ငွေ ထည့် ကြရ န် ဟောပြောလေ၏။ လူတို့သည်လည်း တတ်စွမ်းသမျှလှုဒါန်းကြ၏၊ ထိုအခါ အရှင်မဟာကဿပမ ထေရ် မြတ်ကြီးက ၀ိနည်း တော်နှင့်မ ညီသောကြောင့် မလှုကြရန် ဟော ပြောတော်မူပါသည်၊ သို့ရာ တွင်ဓလေ့ထုံးစံဖြစ် နေသောကြော င့်လှုမြဲလှုနေ၏။ ဥပါသ်နေ့ တစ် နေ့လုံး ရသှမျှသော အလှု ငွေတို့အားခွဲဝေယူကြ၍အရှင်မဟာယသမထေရ်အားလည်းဝေစုတစ်ပုံပေးရာဝိနည်းတော်နှင့်မလျှော်ညီသောကြောင့်လက်မခံနိုင်ဟုငြင်းပယ်တော်မူလိုက်ပါသည်။ ထိုအခါဝဇ္ဇီတိုင်းသားအဓမ္မ၀ါဒီရဟန်းဆိုးတို့သည်အရှင်မဟာယသမထေရ်သည်ဒါယကာတို့၏သဒ္ဒါတရားကိုတားဆီးပိတ်ပင်သည်ဟုဆိုကာ၊ဝေသာလီပြည်ရှိဒါယကာတို့အားအရှင်မဟာယသမှမှားယွင်းစွာပြောဟောမိပါကြောင်းဝန်ခံဝေ၍နောက်ဆုံးတွင်အရှင်မဟာသယသမထေရ်အားသံဃ့ဘောင်မှကြဉ်ထားသော`ဥက္ခေပနိယကံ´ကိုပြုကြလေ၏။ အရှင်မဟာယသမထေရ်မြတ်သည်လည်းဝေသာလီမြို့အတွင်းသို့ကြွရောက်၍`ငါသည်သင်ဒါယကာတို့ကိုအဓမ္မကိုအဓမ္မဟုဆိုသဖြင့်လည်းကောင်း၊ဓမ္မကိုဓမ္မဟုဆိုသဖြင့်လည်းကောင်းအကြည်အညိုပျက်အောင်လုပ်မိလေ၏´။ အို...ဒါယကာတို့အခါတပါး၌ဘုရားရှင်သည်၊သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတွင်သီတင်းသုံးတော်မူနေစဉ်၊ဤသို့ဟောကြားတော်မူပါတယ်။``ရဟန်းတို့ဆီး၊နှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုးတို့သည်လ,နေတို့၏အညစ်အကြေးဖြစ်သကဲ့သို့၊သေရည်သေရက်သောက်စားမှု၊မေထုန်မှီဝဲမှု၊ရွှေ- ငွေအလှုခံမှုမှားယွင်းသောအသက်မွေးမှုတို့သည် ရဟန်းတို့အတွက် အညစ်အကြေး ဖြစ်၏´´ဟုဟောကြားတော်မူခဲ့ပါသည်။ ထို့အပြင်၊ မြတ်စွာဘုရားရှင်သည်ရာဇဂြိုလ်ပြည်တွင်၊အရှင်ဥပနန္ဒာကိုအကြောင်းပြု ၍ရွှေ-ငွေများအားအလှုခံခြင်းကိုသိက္ခာပုဒ်တော်ဖြင့်တားမြစ်တော်မူခဲ့၏။ ဤသို့တရာတော်ကို ရှင်း လင်းဟော ကြားတော်မူရာ၊ဝေသာ လီပြည်သူပြည်သားတို့သည် အရှင်မဟာယသမ ထေရ် သည်သာ ဘုရားအ လိုကျတရားအလိုတော်ကျရဟန်းစစ်၊ရ ဟန်းမှန်ဖြစ်ဟု အမြင် မှန် ရကြကာ ဥပသကာအဖြစ်ခံယူကြပါသည်။ အရှင်မဟာယသမထေရ်မြတ်ကြီးသည် အဓမ္မ၀ါဒီတို့အားဆုံမရန်နှင့် ဓမ္မ၀ါဒီကို ပိုမို ကျစ်လစ်ခိုင်မာစေရန်အတွက် ဓမ္မ၀ါဒီရဟန်းကောင်းတို့နှင့် စုရုံးတိုင်ပင်၍ ဘုရားရှင်၏ ဒေသ နာတော်မြတ်တို့ကို ဗုဒ္ဓဒေသနာတော်မူရင်းအတိုင်းသသင်္ဂါယနာတင်တော်မူကြကုန်၏။ ထိုအ ခါဝဇ္ဇီတိုင်းအဓမ္မ၀ါဒီတို့သည်လည်း မိမိတို့နှင့်သဘောတူရာ အဓမ္မ၀ါဒီတို့နှင့် စင်ပြိုင် သင်္ဂါ ယ နာတင်ကြပါသည်။ထိုအဓမ္မ၀ါဒီတို့တင်သည့်သင်္ဂါယနာကို`မဟာသံဃိက´ဟုခေါ်ဆို၍ ထို ညဓမ္မ၀ါဒီဂိုဏ်သားများကိုလည်း`မဟာသံဃိကဂိုဏ်း´ဟုခေါ်ဆိုပါသည်၊နောင်အချိန်တွင် မ ဟာသံဃိကမှ`မဟာယာန´ဟုပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ထိုအချိန်မှစ၍ ထေရ၀ါဒ၊မ ယာယာနတို့၏ ကွဲပြားခြားနားခြင်းနိဒါန်သည်ဖြစ်ပေါ်လာခြင်းဖြစ်ပါတော့သည်။ ၀ဇ္ဇီတိုင်းသား အဓမ္မ၀ါဒီရဟန်းဆိုးတို့သည် မိမိတို့ မလိုက်နာမကျင့်သုံးနိုင်သော သုတ်တော၊်ဝိနည်းတော်တို့ကို ပယ်နှုတ်၍ မိမိတို့၏ ဓလေ့အကျင့်စရိုက်နှင့် ကိုက်ညီသော သုတ်၊၀ိနည်းတို့ကို အသစ်တီထွင်ထည့်သွင်းကြကုန်၏။ ၀ိနယပိဋတော်ငါးကျမ်းမှ ပရိဝါပါဠိတော်ကို ဖြုတ်ပယ်ကြပြီး အဘိဓမ္မာပိဋကတော် ခုနှစ်ကျမ်းလုံးကိုလည်း လုံးဝပယ်ဖြုတ်ပစ်ကြပါတယ်။ဘုရားဟော အဘိဓမ္မပိဋကတော်ကို ထုတ်ပယ်ပြီး မိမိတို့၏စိတ်ကြိုက်အဘိဓမ္မာကျမ်းသစ်များကို မိမိတို့ရဲ့ သဘောဆန္ဒအတိုင်း ရေးသားစီရင်၍၊ `ပဋိသမ္ဘိဒါမဂ္ဂ၊မဟာနိဒ္ဒေသပါဠိတော်တို့ကိုလည်း ဖယ်ထုတ်ကြပါတယ်။ဇာတ ကပါဠိတော်မှ ဇာတ်တော်အချို့ကို ပယ်ထုတ်၍ မိမိတို့စိတ်ကြိုက် ဇာတ်တော်အသစ်များကို ရေးသားထည့်သွင်းကြပါသည်။ သာသနာတော်နှင့် မအပ်စပ်သော``မဉ္ဇူသီရိ နိကာယ´´စသော ဂိုဏ်ဆန်းတို့ကို တီထွင်သုံးစွဲကြပြီး၊ပရိက္ခာရှစ်ပါးစသည့် သံဃအသုံးအတောင်တို့ကိုလည်း စိတ်ကြိုက် ပြုပြင်စီရင်ကြလေ၏။သင်္ကန်းချုပ်ဝတ်ပုံများကိုလည်း လူများကဲ့သို့ပြုပြင်၍ ၀တ်ရုံကြပါသည်။ ထို၊ဤ မှသည် ဂိုဏ်းကွဲများဆီ ထိုအဓမ္မ၀ါဒီရဟန်းဆိုးများ စတင်ခွဲထွက်သွားသော မဟာသံဃိက (ခေါ်) မဟာ သင်္ဂီတဂိုဏ်းမှစ၍ တခြားသော ရဟန်းတို့သည်လည်း မိမိတို့မလိုက်နာ မကျင့် သုံး နိုင်သော အခါများတွင် မိမိတို့အကြိုက်ပြုပြင်ပြောင်းလဲ စီမံကာ ဂိုဏ်းအသစ်များကို တည်ထောင် ကြလေ၏။ ဒုတိယသင်္ဂါယနာတင်ပြီနောက် တတိယသင်္ဂါယနာ မတင်မီ နှစ်ပေါင်းတစ်ရာကျော် ကာလအတွင်း၌ ``မဟာသံဃိက=မဟာသင်္ဂီတိဂိုဏ်မှ အောက်ပါဂိုဏ်များ ဂိုဏ်းကွဲများအ ဖြစ် ထပ်မံခွဲထွက်သွားကြပါသည်၊ ၎င်းဂိုဏ်းကွဲများမှာ- (၁) ဂေါကုလိကဂိုဏ်း (၂) ဧက ဗျောဟာရိက ဂိုဏ်း တဖန် ဂေါကုလိဂိုဏ်းမှ- (၁) ပဏ္ဏတ္ထိဝါဒဂိုဏ်း (၂) ဗဟုဿုတိကဂိုဏ် ဟူ၍ ခွဲထွက်သွားပါသည်။ ထို ဗဟုဿုတဂိုဏ်းမှလည်း ထပ်မံ၍ (၁) စေတီယဂိုဏ်း ဟူ၍ ခွဲထွက်သွားပြန်ပါသည်။ ထို့ကြောင့်`မဟာသံဃိကဂိုဏ်း´မှနောက်ထပ်ဂိုဏ်းကွဲပေါင်း ၅-ဂိုဏ်းခွဲထွက်သွားလေ၏။ ထို့အတူပင် ထေရ၀ါဒ ပင်မဂိုဏ်းမှလည်း ဂိုဏ်းကွဲများကို ထပ်မံ၍ ခွဲထွက်သွားပြန် ပါသည်။၎င်းဂိုဏ်းကွဲများမှာ- (၁) မဟိသာသကဂိုဏ်း (၂) ၀ဇ္ဇီပုတ္တကဂိုဏ် တဖန်ထို`၀ဇ္ဇီပုတ္တဂိုဏ်းမှလည်း။ (၁)ဇမ္မုတ္တရိယဂိုဏ်း (၂) ဘဒြာယာနိကဂိုဏ်း (၃) ဆန္ဒာဂါရိကဂိုဏ်း (၄) သမ္ပိတိယဂိုဏ်း ဟူ၍ ဂိုဏ်းကွဲပေါင်း(၄)ဂိုဏ်းထပ်မံခွဲထွက်သွားပြန်၍ ထို `မဟိသာသကဂိုဏ်းမှလည်း (၁) သဗ္ဗတ္ထိဝါဒဂိုဏ်း (၂) ဓမ္မဂုတ္တိကဂိုဏ်းဟူ၍ (၂)ဂိုဏ်းခွဲထွက်သွားပြန်လေ၏။ ထိုသဗ္ဗတ္ထိဝါဒဂိုဏ်းမှလည်း- (၁) ကဿပိကဂိုဏ်းဟူ ထပ်မံကာခွဲထွက်သွားပြီး ထို ကဿပိကဂိုဏ်းမှ- (၁) သုတ္တ၀ါဒဂိုဏ်းဟူ၍ ခွဲထွက်သွား၏။ ထို့ကြောင့် မူလထေရ၀ါဒမှ ခွဲထွက်သွားသော ဂိုဏ်းကွဲပေါင်း(၁၁)ဂိုဏ်းဖြစ်သွားပြီး၊ ထေရ၀ါ ဒဂိုဏ်းနှင့် မဟာ သံဃိကဟူသောပင်မဂိုဏ်းကြီးနှစ်ဂိုဏ်မှ စုစုပေါင်းပင်မဂိုဏ်းများအပါအ၀င် ဂိုဏ်းပေါင်း(၁၈)ဂိုဏ်းအထိကွဲထွက်သွားပါသည်။ထိုဂိုဏ်းကြီး(၁၁)ဂိုဏ်း ကွဲသွားကြပုံကို `ဒီပ ၀ံသကျမ်း´၌ ပြဆိုထားပါသည်။ ၎င်းဖော်ပြပါ (၁၈)ဂိုဏ်းအပြင်- (၁) ပုဗ္ဗသေလိဂိုဏ်း (၂) အပရသေလိဂိုဏ်း (၃) ရာဇဂိလိကဂိုဏ်း (၄) သိဒ္ဓတ္ထိကဂိုဏ်းဟူသော အန္ဓကဂိုဏ်း(၄)ဂိုဏ်းနှင့် (၁) ဟေမ၀တိဂိုဏ်း (၂) ၀ါဇိရိယဂိုဏ်း (၃) ဥတ္တရာပထဂိုဏ်း (၄) ဝေဟုလ္လဂိုဏ်း စသည်ဖြင့် ထပ်ပံကာ ခွဲထွက်သွားကြောင်းကို `ကထာ ၀တ္ထု´ကျမ်းတွင် ဖော်ပြထားပါသည်။ သက္ကတဘာသာဖြင့် ရေးသားထားသော `၀သုမိတြ´၏မှတ်တမ်း၌ တတိယ သင်္ဂါ ယနာခေတ်တွင် ထေရ၀ါဒ၊မဟာယာန၊ပစ္ဆာ၊နာဂ၊ဗသဟုသုတ သံဃာတို့သည်၊ ၀ါဒညင်း ခုန်ကြရာမှနေ၍ ထေရ၀ါဒနှင့်၊ မဟာယာန ကွဲပြားသွားကြောင်းကို ရေးသားထားပါ၏။ ၀သုမိတြ၏မှတ်တမ်းတွင် ထေရ၀ါဒကို `သဗ္ဗတ္ထိဝါဒ´ဟုမှား ယွင်းစွာဖော်ပြ ထား သ ည်ကို ထောက်ရှု၍ ၀သုမိတြ မှတ်တမ်းရေးချိန်တွင် အိန္ဒိယပြည်ကြီးတွင် ထေရ၀ါဒ မူရင်း စစ် စစ်မရှိတော့ကြောင်းကို သိရှိနိုင်ပေ၏။ သက္ကတစာရေးဆရာကြီး`ဘဗျ´၏မှတ်တမ်းတွင် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းဟူ သောအမည်ကို တွေ့ရှိရပြီး ၎င်းဝိဘဇ္ဇ၀ါဒီဂိုဏ်းအမည်ကို အထက်တွင်ဖော်ပြခဲ့သော ဂိုဏ်း(၁၈)ဂိုဏ်း၌ မပါ ရှိပေ၊ ထိုဝိဘဇ္ဇ၀ါဒီဂိုဏ်းသည် ထေရ၀ါဒပင်မဂိုဏ်အတွက် လွန်စွာအရေးပါသော ဂိုဏ်း ကြီးဖြစ်သည်။ ထေရ၀ါဒ နှင့် မဟာယာန ထေရ၀ါဒဟူသည် ဗုဒ္ဓမြတ်စွာ (၄၅)၀ါတိုင်တိုင်ဟောကြားတော်မူခဲ့သော သုတ်၊၀ိနည်း၊အဘိဓမ္မာ တည်းဟူသောတရားတော်မြတ်တို့ကို ပြုပြင်ခြင်း၊ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း လုံးဝမပြုဘဲ မြတ်စွာဘုရားဟောတော်မူခဲ့သည့်အတိုင်း မူရင်း ကျကျကျင့်သုံးလိုက်နာကြသော သူတို့၏ ၀ါဒကိုခေါ်ဆိုခြင်းဖြစ်၏။ မဟာယာနဟူသည်ကား ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည့် သုတ်၊၀ိနည်းအဘိဓမ္မာ တရားတော် ပိဋကတော်အား မိမိတို့စိတ်ကြိုက်မိမိတို့လိုရာဆွဲသွင်းကာ ပြုပြင်ပြင်ဆင် စီရင် ထာသောဝါဒဖြစ်သည်ဟု အကျဉ်းအားဖြင့်မှတ်သားထားရပါမည်။ မဟာယာနနှင့်ပတ်သက်၍ ဆရာတော်ကြီးတပါးက အောက်ပါအတိုင်း မှတ်ချက် ပေး ဘူး၏ ``ဖုဆိုးအဟောင်းအနွမ်းတကွင်းသည် အပေါက်များ ဟိုမှဒီမှ ပေါက်လာသောကြောင့် ထိုအပေါက်တို့အား အခြားသောဖုဆိုးစဖြင့် ဖာရင်းဖာရင်ဖြင့် အကြိမ်အရေအတွက်များလာ သောအခါ ထိုမူရင်းပုဆိုးသားသည် မရှိတော့ပဲ ဖာအထေးတို့ဖြင့်သာဖြစ်သွားသလိုပဲ´´ ထို့အ တူမဟာယာနသည်လည်း မိမိတို့စိတ်ကြိုက်စိတ်ပြင်လိုက်၊မိမိတို့မလိုက်နာနိုင်သော တရား တော်တို့ကို ထုတ်လိုက်၊ မိမိတို့သဘောကျရာများကို ထည့်လိုက်ဖြင့် ဗုဒ္ဓမြတ်စွာ၏ မူရင်း တ ရားတော်များမှာ မကျန်ရှိသလောက်ဖြစ်သွားပြီး မိမိတို့စိတ်ကြိုက် ပြုပြင်ထားသော တရားအ သစ်ချည်သာကျန်တော့ကြောင့် ´´မိန့်ကြားဖူးလေ၏။ မဟာသံဃိက မှ မဟာယာနသို့ A.D.40,အစောပိုင်းခန့်တွင်အိန္ဒိယပြည်၊မာဂဓတိုင်းတွင် သုင်္ဂမင်းဆက် ချုပ်ငြိမ်းပြီးနော က် `ကုသျှန်´လူမျိုးတို့သည်အိန္ဒိယပြည် အနောက်မြောက်ရှိ ဒေသကြီးတစ်ခုလုံးကို သိမ်းပိုက် ပြီး A.D-40,ရာစုမှစ၍ ကကုသျှန်မင်ဆက် အင်ပါရာကိုတည်ထောင်၏၊၎င်း ကုသျှန်မင်း ဆ က်တို့တွင် A.D-120,မှ A.D-162,အထိ နန်တက်သွားသော `ကနိသျှက´ဘုရင်သည် တန်ဘိုး အထွားဆုံးသောမင်းဖြစ်သည်။ ထိုကနိသျှကမင်းသည် မူလက ပါရှန်းဘာသာဝင်မင်းတပါးဖြစ်၍ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာပြီး ဗုဒ္ဓသာသနာတော်ကိုလည်း အကြီးအကျယ်အား ပေး ချီမြှောက် ထောက်ပန့်ခဲ့လေ၏။ ထို့ကြောင့် ပြည်သူတို့က ထို ကနိသျှကမင်အား `ဒုတိယ အာသောကမင်း´ဟုတင်စားခေါ်ဆိုကြလေ၏။ ကနိသျှကမင်းသည် ပင်မထေရ၀ါဒ၏ ဂိုဏ်ဒကွဲဖြစ်သော သဗ္ဗတ္ထိဝါဒီ ဂိုဏ်းအား ကိုး ကွယ်သည့်အလျှောက် ထေရ၀ါဒသဗ္ဗတ္ထိဝါဒဂိုဏ်းသည် တန်ခိုးထွားလာပါသည်။ ကနိသျှကမင်း၏လက်ထက်တွင် အိန္ဒိယပြည်တွင် ဂိုဏ်းအချင်းချင်း ညီညွတ်ခြင်း မရှိဘဲ အမျိုမျိုးကွဲပြားနေသောကြောင့် ပြန်လည်စည်းလုံးညီညွတ်စေရန် ဂိုဏ်းပေါင်းစုံမှ သံဃာတော်အပါး(၅၀၀)တို့အား ပင့်ဖိတ်၍စည်းဝေးတော်မူကြရာ ထိုစည်းဝေးပွဲ၏ ဆုံး ဖြတ် ချက်အရာ ဗုဒ္ဓမြတ်စွာ၏ ပိဋကတော်များအား သန့်ရှင်းစင်ကြယ်စေရန်အတွက် သဗ္ဗတ္ထိ ၀ါဒီ ဂိုဏ်းမှ မထေရ်ကြီး အရှင်ဝသုမိတြ ဦးဆောင်တော်မူပြီး သင်္ဂါယနာတင်တော်မူရန် ဆုံးဖြတ် တော်မူကာ သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။ သို့ရာတွင် ၎င်းသင်္ဂါယနာကို ထေရ၀ါဒ သင်္ဂါယနာ(၆)တန်၌ ထည့်သွင်းရေတွက်ထားခြင်းမရှိပေ။ ကနိသျှကမင်းသည် အိန္ဒိယပြည်၌သာမကဘဲ ပြည်ပရှိနိုင်ငံများသို့လည်း ဗုဒ္ဓသာသ နာတော်ပြန့်ပွားအောင် သာသာနာပြုတော်မူခဲ့သည်။၎င်း၏လက်ထက်တွင် အိမ်နီးချင်း အိမ်နီး ချင်းနိုင်ငံတို့တွင် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားခဲ့လေ၏။ ထိုကနိသျှကဘုရင် သင်္ဂါယနာတင်စဉ်က မဟာယာနဟူသောအမည်ကိုမသုံးစွဲ သေးပေ၊A.D-2,ရာစုမှ A.D-4,ရာစုအတွင်း၌ မဟာသံဃိကဂိုဏ်းဝင်ရဟန်းတို့သည် မိမိတို့ ၏ဂိုဏ်၏နာမည်ကို အပေါ်စီးမှနေ၍ `မဟာယာန´မဟာ-ကြီးကျယ်သော၊ယာန-ယျာဉ်ဟု အထက်စီကနေနာမည်ပေးပြီး၊မိမိတို့နှင့် သဘောထားမတိုက်ဆိုင်သည့် ဘုရားဟောတော်မူ သည့်တရားတော်မူရင်းအတိုင်းလက်ခံကျင့်သုံးတော်မူသည့်`ထေရ၀ါဒ´ဂိုဏ်ဝင်သံဃာတော်အရှင်မြတ်တို့အား နှိပ့်ချသောအနေဖြင့် `ဟိနယာန´ဟုခေါ်ဆို၏။ ထိုအချိန်မှစ၍ မဟာယာနဂိုဏ်းသည် တိဗက်၊ဆစ်ကင်း၊ဘူတန်၊နီပေါ၊မွန်ဂိုလီးယား၊ တရုတ်၊ကိုရီးယား၊ဗီယက်နာမ်၊ဂျပန်နိုင်ငံတွင် ထွန်းကားပြန့်ပွား၍၊ထေရ၀ါဒဂိုဏ်သည်လည်း အိန္ဒိယပြည်မှတဖြည်းဖြည်းအားနည်း၍ သီဟိုဠ်(သီရိလင်္ကာ)၊မြန်မာ၊ ထိုင်း၊လာအို၊ ကမ္ဗောဒီး ယား၊စသောနိုင်ငံများတွင်ရောက်ရှိပြန့်ပွားသွားလေသည်။ သုတေသီအချို့က ပင်မထေရ၀ါဒထွန်းကာရာနိုင်ငံ တောင်ပိုင်းအရပ်တွင် တည်ရှိ ကြသဖြင့်`တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်းကောင်း´မဟာယာနထွန်းကားရာအရပ်သည် မြောက်ပိုင်းအရပ်တွင်တည်ရှိသဖြင့် `မြောက်ပိုင်းဗုဒ္ဓဘာသာ´ဟုလည်းကောင်းခေါ်ဆိုကြပါသည်။ (မိမိအကျိုး၊ သူတပါး၏အကျိုး၊ ထိုနှစ်မျိုးအား၊ သည်ပိုးရွက်ဆောင်နိုင်သူများဖြစ်နိုင်ကြပါစေ) ဓမ္မ၀ီရ အရှင်တေဇနိယ (ခေတ္တ-သီရိလင်္ကာနိုင်ငံ) ဆိုက်မ မျှဝေလိုက်ပါတယ် ခင်ဗျာ...

3 comments:

  1. ယောက်ဖ22 October 2012 at 11:44

    အခုလို ဘာသာရေး စာပေတွေ ဖတ်ရတဲ့ တွက် ကျေးဇူးတင်ပါတယ် ၊နိုင်ငံခြားမှာ နေရတော့ ဘာသာရေတောင် မေ့နေပြီ . အခုမှပဲ ပြန်အသက်ဝင်လာသလိုပဲ .. ထွန်းမင်းနိုင်း ဘူးသီးတောင်

    ReplyDelete
  2. ကိုမင်း22 October 2012 at 11:48

    ဝေဖန်အကြံတော့မပြုတတ်ဘူး ဖတ်တော့ဖတ်တယ် ဘာကိုဝေဖန်ရမှာလဲ မသိတော့ဘူး ဆရာရေ..

    ReplyDelete
  3. နေမင်း23 October 2012 at 00:42

    ထေရ၀ါဒ မှတ်တမ်း လေးဖတ်ရလို့ မျှဝေပေးတဲ့ သူကို ကျေးဇူးတင်ပါတယ် .. နည်းပညာနဲ့ ပတ်သတ်လို့ တင်ပေးလား လေ့လာရတာပေါ့

    ReplyDelete

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *