Subscribe:

Friday 19 October 2012

မင်းအတွက် ကွဲအက်ကြေခဲ့သော.

မသိချင်ယောင်ဆောင်ထားတာ
တော်တော်တောင်ကြာပါပြီနော်...
ခံစားချက်တွေရယ်...
ငါ့ရဲ့စိတ္တဇဆန်ဆန်နေ့ ရက်တွေ အတွက်...
ခံနိုင်ရည်မရှိလို့ ပါ...

အဖြစ်အပျက်တွေက
မြန်ဆန်လွန်းပေမဲ့...
ထင်ကျန်ခဲ့တာက
အမာရွတ်ပေါ် အက်စစ် ပက်ခဲ့သလိုပဲ...

မာနတွေကို ခ၀ါချပြီး
မင်း သုံးဆောင်ဖို့ အတွက်...
ငါ့နှလုံးသားကို အရှင်လတ်လတ် ခွဲပြီး
အပ်နှင်းခဲ့တာပဲ...

အခုဆိုရင် ခံစားတတ်တဲ့ နှလုံးသားကလည်း
မင်းဆီမှာ...
နာကျင်တတ်တဲ့ နှလုံးသားကလည်း
မင်းဆီမှာ...
မင်းဘာလုပ်လုပ် ငြိမ်ကုတ်ပြီး တိတ်တိတ်လေးငိုတတ်တဲ့ နှလုံးသားက
မင်းဆီမှာ...
မင်းအတွက် အမြဲပေးဆပ်ဖို့  သတိပေးတတ်တဲ့ နှလုံးသားက
မင်းဆီမှာ...
ဘယ်တော့မှ မသေဆုံးနိုင်တဲ့ ချစ်ခြင်းတွေ ရှင်သန်နေတဲ့ နှလုံးသားက
မင်းဆီမှာ...
မင်းအတွက် ဘာများလိုအပ်သေးလို့ လဲ?
မိန့် တော်မူလိုက်ပါဦး ချစ်သူရယ်........

No comments:

Post a Comment

မှတ်ချက်ဤဘလော့လေးထဲကကဗျာ၊ဒဿနလေးတွေကို ကျနသေချာ
ဖတ်ပြီးသောအခါ၊ရင်ထဲတွင်ပြောချင်စရာများ စကားလုံးလေးတွေရှိလာ
ငြားအံ ဆွေးနွေးရေးသားဝေဖန်အကြံ ပြုပါရန် မေတ္တာရပ်ခံပါသည်။

" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *