Subscribe:
Sunday 3 March 2013
```` ဘ၀အတွက် ထမင်းစားလက်မှတ် "
 တိုင်းပြည်တစ်ပြည် တိုးတက်ရန် နိုင်ငံရေး ။ စီပွားရေး ၊ ပညာရေးတို့သည်  အဓိက အရေးကြီင်္း
 သော အခြေခံ အကြောင်းတရားများဖြစ်သည်။ 
မိဘဘိုးဘွားဘီဘင် လက်ထက်မှစ၍ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်းခဲ့သော  ဘာသာရေး၊ လူမှုရေးနှင့် ဆက်နွယ်သည့် နီတိဆိုင်ရာ  ယဉ်ကျေးမှုဆိုင်ရာ  အသိအလိမ္မာတို့သည်  မိမိထံ
သို့ အလိုအလျောက်စိမ့်ဝင်ရရှိအပ်သော မိရိုဖလာ အသိညဏ် ပညာရေးဖြစ်ပါသည်။  ကျောင်း
သွား၍  သင်ကြားနေရန်မလိုပဲ ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကြားမှာပင် ရနိုင်ပါသည်။ 
ထိုမှတဆင့်  လူမှန်းသိလာသည့်အရွယ်မှ စတင်၍ ကျောင်းအတန်းသင်ပညာကို  သင်အံလေ့ကျင့် ဆည်းပူးရပြန်ပါသည်။ ကျောင်းသင်ပညာရေးသည် ဘ၀၀မ်းကျောင်းမှုအတွက် အလွန့်အလွန် အရေး
ကြီင်္းပါသည်။ 
မူလတန်းပညာရေးသည် အခြေခံအုတ်မြစ်ချခြင်းဖြစ်၍ ၊ အလယ်အတန်းပညာရေးသည် အဆောက်အ
ဦးခိုင်မာအောင်  ကိုယ်ထည်ဆောက်ခြင်းဖြစ်ကာ  အထက်တန်းအဆင့်သည် အရေးကြီးသည့် အမိုးအ
ကာ အချိုးအစားလှပပြေဖြစ်အောင်တည်ဆောက်ခြင်းဖြစ်သည်။ တက္ကသိုလ်ပညာများ သင်ကြား တတ်
မြောက်ခြင်းသည်  အိမ်ကို မှန်ကာ ၊ ဆေးသုတ်၊ တယ်လီဖုန်းတပ်၊ တီဗွီဆင် ၊ စလောင်းတပ်ခြင်းဖြစ်
ပါသည်။  တကယ်တက္ကသိုလ် ပညာကောင်းကိုရရှိခဲ့ပါက  တစ်သက်စာတည်ငြိမ်ခိုင်ခန့်သော  ပြည့်စုံ
ကုံလုံ စိတ်ချမ်းသာမှုများကို  ပေးစွမ်းသော  လိုတရ အဆောက်အဦးကြီးကို တည်ဆောက်ပြီး ဖြစ်ပါ
လိမ့်မည်။ 
Monday 28 January 2013
သေချာစဉ်းစာကြည့်ပါ ၊ ဒါချစ်မဟုတ်တယ် ၊ဒါမှ အချစ်လေ.
`ငါ မင်းကို ချစ်တယ်´ ဆိုတဲ့ စကားလေးအတွက်ပါ`
ငါ မင်းကို ချစ်တယ်´ ဆိုတဲ့စကားလေးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
Monday 31 December 2012
Happy New Year 2013
၂၀၁၂ ကုန်ဆုံးသို့လို့ ၂၀၁၃ ကို မျှော်လင့်ပြီင်္း လေစိမ်းတွေထဲမှာ ခေါင်းလေးကို အပေါ်ကိုမော့ထား ၊
ပြီးလက်နှစ်ဘက်ကိုဆံ့ကာ  အနာဂတ်အတွက်  လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ဆိုတဲ့သူတွေရှိသလို ၊
ကျွန်တော်အပါအ၀င် အနာဂတ်ဆိုတာ ၊  ဒဏ်ရာမှာကပ်ထားတဲ့ ( PLASTAR ) များလား ၊ ဘာလား ၊
ညာလား ၊ မေးရမဲ့သူတွေလည်း ရှိနေလျှက်ပါလား ၊ အနာဂတ်ကြီးကိုရေ ..
ကျွန်တော် ၂၀၁၃ အတွက်အမှတ်တရ ရေးချင်စရာဆိုလို့ မင်မင်ရရ ဘာမှမရှိဘူးဗျာ. ပြောရင်တော့ 
ယုံစရာတောင်ရှိမှာမဟုတ်ဘူး ၊  ကျွန်တော်ဘ၀မှာ ရေးစရာ ၊ ပြောစရာ ၊ သတိရစရာ ၊ အမှတ်ရစရာ
 ဆိုလို့်ုပြည်ပရောက်ပြီးမှ Mother ကြီးရေ  Father ကြီးရေ မိသားစုရေ၊ အိမ်ကိုလွမ်းတာရေ ဒါလေးတွေ
ဘဲရှိတယ်ဆိုရင် မှားလိမ့်မည်မထင်ပါရဲ့ဘောင် ၊ ချစ်ရစွာသော မိသားစုအတွက် နှစ်သစ်မှာသတိရေ
ပါင်းများစွာနဲ့စာတစောင် ရေးထားလိုက်မိတယ်
( သို့  )
              မိဘနှစ်ပါး ဘုရားနဲ့တစ်ဂိုဏ်းတည်းထားရှိအပ်သော  ကျေးဇူးရှင် မိဘနှစ်ပါးကို  လက်ဆယ်ဖြာ 
ထိပ်ဦးမှာထား၍ ကျန်းမာနိုင်ပါစေလို့ အိပ်ရာဝင်တိုင်း ပူဇော်အထူးကို ခံတော်မှုထိုက်သော '' ဂေါတမ မြ
တ်စွာဘုရားထံဝင် ''  နှစ်သစ်ကူး မင်္ဂလာရက်မြတ်မှာ ဆုတောင်းဦးချလျှက်ရှိနေဆဲပါ ။ဖေဖေနဲ့ မေမေ ..
             ကျွန်တော်ကို  အသက်နဲ့ ရင်း၍ မွေးထုတ်ပေးခဲ့သော မိခင်နဲ့ ဘ၀နဲ့ရင်းပြီး လုပ်ကျွေးပြုစုခဲ့သော
ဖခင်နဲ့ အတောင်အလက်မစုံသေသော နုနယ်သည့်သားငယ်ဘ၀၌ ပြုစုစောင့်ရှောက်ကျွေးပေးခဲ့သော မိ
ခင်ပမာ အဘောင်မ မရင်နုနဲ့ အဘိုးတို့ နဲ့အတူ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းထိန်းကျောင်းပေးခဲ့သော မိသားစု
ကိုလည်း နှစ်သစ်ဦးမှာ ဦးဦးဖျားဖျား ကျန်းကျန်းမာမာနဲ့ ချမ်းချမ်းသာသာ ပျော်ရွင်နိုင်ကြပါစေလို့ ဆုမွန်း
ကောင်းတောင်းလျှက်ပါ ....
                ယခု မျက်မှောက်ဘ၀ မျက်မှောက်ကာလ၌ မိဘနှစ်ပါးနဲ့အတူ မိသားစုဝင်များကို  ၂၀၁၃ မှာ 
တတ်နိုင်တဲ့ဘက်က  ကိုယ်တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးသွားမည်ဟု စိတ်ကူးထားမိသည် ၊
နှစ်သစ်မှာ မိသားစုဝင်နဲ့ အတူသူငယ်ချင်းမိတ်ဆွေတွေအားလုံး ပျော်ပျော်ရွင်နဲ့ ဖြူးဖြူးဖြောင့်ဖြောင့် ကိုယ့်လိုအင်ဆန္ဒပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ...
                               အားလုံးကိုသတိရစွာဖြင့် ...     ဇော်ဝင်းသိန်း 
              .
Friday 23 November 2012
" ဘာလုပ်သင့်လဲ .'
ငါ့လက်ထဲကဘတ်(စ)ကတ်ဘောလုံးဟာတန်ဖိုးသိပ်မရှိဘူး
မိုက်ကယ်ဂျော်ဒန်ရဲ့လက်ထဲကဘတ်(စ)ကတ်ဘောလုံးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကဘေ့(စ)ဘောလုံးလေးဟာတန်ဖိုးသိပ်မရှိဘူး
မက်(ခ)မစ်ဂေးရီရဲ့လက်ထဲကဘေ့(စ)ဘောလုံးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကဂေါ့(ဖ)ဘောလုံးလေးဟာတန်ဖိုးသိပ်မရှိဘူး
တိုက်ဂါးဝုဒ်ရဲ့လက်ထဲကဂေါ့(ဖ)ဘောလုံးလေးဟာဒေါ်လာသန်းချီတန်နေတယ်
ဒါဟာပစ္စည်းကိုင်ထားတဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကကြိမ်လုံးဟာတိရစ္ဆာန်ငယ်လေးတွေကိုပဲမောင်းထုတ်နိုင်တယ်
မော့ဆက်ရဲ့လက်ထဲကကြိမ်လုံးဟာခွန်အားကြီးမားတဲ့ပင်လယ်ကိုပိုင်းဖြတ်လိုက်နိုင်တယ်
ဒါဟာကိုင်တွယ်တဲ့သူအပေါ်ပဲမူတည်ပါတယ်။
ငါ့လက်ထဲကအစားအစာတစ်ခုဟာအများကြီးဖြစ်အောင်မလုပ်နိုင်ပေမယ့်
မြတ်စွာဘုရားရဲ့လက်ထဲမှာတော့သိန်းသန်းချီမကရှိနိုင်ပါတယ်
ဒါဟာလည်းကိုင်တဲ့သူရဲ့လက်အပေါ်မှာပဲမူတည်ပါတယ်။
ဒါတွေအားလုံးဟာကိုင်တွယ်တဲ့သူအပေါ်မှာပဲမူတည်နေတယ်ဆိုတာသင်မြင်တွေ့သွားပြီ
အဲဒီတွေဟာဘာကြောင့်ကွာခြားနေတာလဲ ?
ဒါကြောင့်သင့်ရဲ့လုပ်ငန်းကိစ္စတွေ၊ စိုးရိမ်စိတ်တွေ၊ ကြောက်ရွှံမှုတွေ၊ မျှော်လင့်ချက်တွေ၊
အိပ်မက်တွေ၊ သင့်ရဲ့မိသားစုတွေနဲ့ သင်နဲ့သက်ဆိုင်မှုအားလုံး…အားလုံးဟာ
သင့်ရဲ့လက်ထဲမှာမှာရှိတယ်။
ဒါဟာလည်းသင့်အပေါ်(၀ါ) ကိုင်တွယ်တဲ့သူ အပေါ်မှာပဲမူတည်ပါတယ်။
အခုဒီမက်ဆေ့(message) လေးကိုသင်ရသွားပြီ
သင်ဘာလုပ်မလဲ ?
                              သင်ဘာလုပ်မှာလဲ မေးနေတယ်  ၊ ဖြေလေ .. ဖြေလေ.
Wednesday 7 November 2012
ချစ်သူ
ကျွန်တော် သူမကိုချစ်တယ် ကျွန်တော်သူမကိုခိုင်းနှိုင်းချင်မိတယ် တစ်ခုခုနဲ့ပေါ့
ဥပမာ. ပန်း နဲ့ပေါ့ ပန်းဆိုတာမျိုးက ကြွေကျတတ်တဲ့ သဘောရှိလို့ကျွန်တော်မခိုင်းနှိုင်းချင်
နောက်တစ်ခုက ကြယ်တစ်လုံး .. သို့သော် ကြယ်လဲကြွေတတ်၏ ..
ဒါမှမဟုတ် ကျွန်တော့်ရဲ့ နံရိုးတစ်ချောင်း.. မဖြစ်သေး.. နံရိုးကိုသူမလဲကြိုက်မယ့်ပုံမပေါ်…. ဒါကြောင့်
ကျွန်တော်သူမကိုခိုင်းနှိုင်းပါတယ် … အချစ်နတ်သမီး… ဗီးနပ်စ်နဲ့လေ….
သူမပြောတဲ့စကားတိုင်းကို ကျွန်တော် မှတ်ထားပါတယ်….
သူမပြောတဲ့စကားတွေက စစ်ဘုရင်နပိုလီယံပြောတဲ့စကားထက်လဲ
Friday 2 November 2012
မိန်းမယူတော့မယ်ဆိုရင် သိထားသင့်တယ်
ဘ၀ကြင်ဖော်ရွေးတဲ့အခါမှာ … အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်။ ပထမအချက်က အသိညဏ်ပညာရှိမရှိ
ဆန်းစစ်ရမယ်။ အတန်းပညာက အစိကမဟုတ်ဘူးနော်။ သူဘယ်လောက်စဉ်းစားတွေးခေါ် မြော်မြင်တတ်
တယ်။ ဘ၀ကိုဘယ်လောက်နားလည်ဘဘောပေါက်တယ်။ အဲဒီအခြေခံအချက်ပေါ်မှာမူတယ်ပြီင်္း အကဲ
ဖြတ်အမှတ်ပေးရမယ်။ ဒုတိယအချက်က  စိတ်စေနာကောင်းပြီး စာနာနားလည်မှူရှိမရှိ။ လူအချင်းချင်းရိုင်း
ပင်းကူညီတတ်မှုတန်းဖိုးထားလေးစားတတ်မှု မှန်မှန်ကန်ကန်မျှမျှတတဆောင်ရွက်တတ်မှု စတဲ့အခြေခံအ
ချက်တွေအပေါ်မှာ မူတည်ပြီး ဆန်းစစ်လေ့လာအကဲဖြတ်ရမယ်။ ကျန်တဲ့အရည်အချင်းတွေကိုတော့
သမိးကြိုက်သလိုပေါင်းထည့်နိုင်ပါတယ်။  မှန်ကန်သင့်တော်တဲ့ ဘ၀ကြင်ဖော် ရွေးချယ်နိုင်ပါစေ.
ဒီနေ့ရက် ချစ်သူရလဒ်များ
သူ့ ကိုလွမ်းတယ်။ တကယ်လည်းလွမ်းတယ်၊ အလွမ်းဆိုတာ တစ်ခုခုကို လိုချင်လို့ ရည်စူးသွန်ထုထားတဲ့ 
အရာမှမဟုတ်တာ ။ ဘာရမှာမို့ လိုလဲလို့ မပြောပါနဲ့….  အိပ်မရတဲ့  ညတစ်ညလုံးသတိရတာနင့် 
သူဆီကိုဖုန်းဆက်လိုက်တယ်…ဖုန်းကိုင်ချင်လည်းကိုင်မင်ဆိုပြီးတော့ ဖုန်းဆက်လိုက်တယ် ၄ကြိမ်တိတိ
တစ်ကြိမ်မှမကိုင်ဘူး…စိတ်ထဲမှာ အရမ်းခံစားရတယ်..ဒါပေမဲ့ ရင်ခုန်သံတိုင်းမှာ သူရှိနေတော့လည်း         
အလွမ်းနဲ့ပဲနစ်သိမ့်နေရတာပေါ့… ဝေတနာ ပျောက်ကင်းသက်သာဖို့ အခွင့်မရှိရင်တောင်  ညှီးထွား 
အော်ဟစ်ညည်းညူလိုက်ရရင် အလုံးစုံ မပျောက်ကင်းပေမယ့် စိတ်ထဲမှာတော့နည်းနည်းလောက်သက်
သာသွားတတ်ပါတယ်ဆိုပြီတော့ သူ့ဆီကိုဖုန်းဆက်နေတာ ၃, ၄ , နာရီကြာနေပြီ ဖုန်းလည်း မကိုင်ဘူး ။ 
ကိုယ့်ဝေဒနာ သက်သာဖို့အတွက် သူ့ ကိုအရမ်းချစ်တယ်ချစ်တယ်လို့ အော်ဟစ်ညည်းညူလိုက်မယ်လိုပဲ 
ကြံသေးတယ် နစ်ယောက်ကောင်းစားဖို့အတွက် မေ့လိုက်ပါတော့တဲ့.. ….အဲဒါနဲ့ပဲ ဆက်ပြောဖို့ ခွန်းအား  
မရှိတော့လို့ ရင်ထဲကအချစ်ဆိုတဲ့စကား ရင်ထဲကကြားနာပြီး ဖွဖွလေးပိုက်ထွေး သိမ်းထားရင်းနင့်  
ပြေသိမ့်လိမ့်ရတာပေါ့..(တကယ်ပြောတာပါ  အလွမ်းဆိုတာ အသည်းနှလုံးရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုပါ
မမရယ် မောင်ဆီကို ပြန်လာခဲ့ပါနော် . စောင့်မျှော်အသက်ရှင်လျှက် ...ဇော်ဝင်းသိန်း 
Friday 26 October 2012
်facebook ဒီနေ့ရလိုက်တဲ့ ဗဟုသုတများ
 ကျွန်တော် တစ်ခါမှ အချိန်ကုန်မခံတတ်ပါဘူး facebook မှာ နေကောင်းလား ဆိုရင် လုံလောက်ခဲ့ပါတယ်
 ဒီနေ့က အချိန်တော်တော်လည်းကိုကုန်သွားတယ် စိတ်မကောင်းပါဘူး ။ အရေးကြီးလှတဲ့ ရခိုင်ပဋိပက္ခ ပြဿနာ ဖတ်ဖို့အချိန်မရလိုက်ဘူး ။ ဒီပြဿနာကိုလည်း  မဟုတ်ရင်ရင် မတင်ပါဘူး ကုန်ဆုံးသွားတဲ့အချိန်တွေကို အမှတ်တရဖြစ်စေချင်လို့ပါ၊  ဒီနေ့ရရှိလိုက်တဲ့ ဗဟုသုတကတော့ ဒါပါပဲလို့
 ပြောချင်လို့ တင်ပြလိုက်တာပါ။
 (အမည် မဖော်သူ )
   အစ်မက နေပြည်တော်မာ
    ရုံးမှာထိုင်နေတာ
    16:39
    Zaw Winthein
    ကောင်းပြီလေ
    ဒါဆိုရင် တော့ စမ်းကြည့်ရအောင်ပေါ့
    ခင်ဗျာ ဘယ်သူလဲ
    ဘယ်ဝါလဲ
Monday 22 October 2012
မေ့ လိုက်ပါတော့တဲ့
ကျွန်တော် မမကို လွမ်းတယ်၊ လွမ်းမယ်၊ အလွမ်းဆိုတာ  တစ်ခုခုကို
လိုချင်လို့   ရည်စူးသွန်းထုထားတဲ့ အရာမှ မဟုတ်တာ ၊ ဘာရမှာမို့ 
လို့လဲလို့  မမေးပါနဲ့  မမ"
     အလွမ်း၏ သွင်ပြင်လက္ခဏါ အရာအားလုံးတော့တို့သည် လွမ်းသူ
ရင်၌တည်ပြီး  လွမ်းသူကသာ မြင်ရ၏  အလွမ်းဆိုတာ လွတ်လွပ်မှုရဲ့
သင်္ကေတ။ မမ တားလို့ ရပါဘူး၊ မေ့ လိုက်တော့လို့ ပြောလို့ရပေမယ့်
မပြောပါနဲ့  မမရယ် ။  (တကယ်ပြောတာပါ  အလွမ်းဆိုတာ  အသည်း
နှလုံးရဲ့  ကိုယ်ပိုင်ပစ္စည်း )      မမ"    ကို လွမ်းတယ်။
Sunday 21 October 2012
ငါ့ရဲ့ ဘ၀ ဘယ်လိုရှေ့ဆက်
အလုပ်အကိုင်ကလည်းအဆင်မပြေ .. စားဝတ်နေရေးကလည်း အဆင်မပြေ သူငယ်ချင်းတွေနဲ့လည်းဝေး..
ပျော်ပျော်ပါးပါးဆိုတာ မူးလို့ရူစရာတောင်မရှိ  တစ်နစ်ဆိုတဲ့ အချိန်ကဘယ်လို့ကုန်သွားမှန်းတောင်မသိဘူး
အဲ့ဒီကုန်ဆုံးသွားတဲ့ အချိန်အတွင်းမှာ ကိုယ့်အတွက် တမှတ်တရ ကျန်ခဲ့တာမရှိဘူး ..ဘာမှမကျန်၊
ဘာမှလည်းမရလိုက်တဲ့ နိုင်ငံခြားရဲ့ အလုပ်အကိုင်နင့် ဘ၀ကိုဘယ်လိုရပ်တည်နိုင်မှာလဲ…ဘ၀….ဘ၀''
“အတိုအထွာဟာသ“
? ...“အဘက မိန်းမ နှစ်ယောက်ယူထားတာဆိုတော့
 မယားကြီးနဲ့မယားငယ် ဘယ်သူကိုပိုချစ်လဲ ဗျ”
=....“မယားကြီးကို ပိုချစ်တာပေါ့ကွ”
?.... “ဒါနဲ့များ အဘရယ်ဘာလို့မယားငယ်ထပ်ယူရတာလဲ”
=....“ဟကောင်ရ မသိရင်မှက်ထား.မယားငယ်ဆိုတာ အသက်အရွယ်ငယ်တုံးက
ယူတဲ့သူကမယားငယ်....အသက်ကြီးမှ ယူတော့ မယားကြီးပေါ့ကွ”။။.........
<===================================================================>
Friday 19 October 2012
မမ
အချစ်ဆိုတာ ဒုက္ခတွေအားလုံးရဲ့အပေါ်မှာ
 ပါးပါးလှပ်လှပ် အတောင်ပံလေးနဲ့  ခိုင်ခိုင်
ခန့် ခန့်  ပျံဝဲနေတဲ့   နှလုံးသားအားလုံးရဲ့
လိပ်ပြာပါ  မမ"
အချစ်ဆုံး မမဆီသို့ 
ချစ်တယ်ဆိုတဲ့ စကားလုံးလေးက  တကယ်ချစ်ရသူအဖို့    ဘာသာပြန်ဖို့ခက်တယ်၊  ဘာသာပြန်တတ်ခဲ့ရင်တောင်
တကယ်ပြည့်စုံဖို့ စကားလုံးတွေ တင်ပြပုံတွေ အများကြီးလိုတယ် မမ ......
            အချစ်ဆိုတာ  ပုံသေနည်းမရှိဘူး ။ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ပုံသဏ္ဍန်မတူဘူး၊ အချစ်ဆို
မမကို ချစ်တယ်
      စိတ်မဆိုးပါနဲ့   မမရယ်။ မမကို ကျွန်တော် သိပ်ချစ်တယ်၊
      မှောင်မိုက်တော့မယ့် ကျွန်တော်ရဲ့ ဘ၀အတွက် မမသာ
      အလင်းရောင်ပါ၊ 
    စိတ်မဆိုးရင် မမကြိုက်သလို အဖြစ်ပေးပါ၊  မုန်းတယ်လို့ 
မပြောနဲ့ မမရယ်၊    မမ  ဆိုတဲ့ လမင်းအလင်းရောင်နဲ့  ကျွန်တော်
ဘ၀ရှေ့ဆက်ပါရစေ၊  မမ ရဲ့  ချစ်ခြင်းအလင်းရောင်နဲ့  ကျွန်တော်ဘ၀ရဲ့
ညအမှောင်ကို   ထွန်းလင်းပေးပါ မမရယ်
                                 မျှော်လင့်ရင်မောစွာဖြင့် မောင်းP
မေ့ လိုက်ပါတော့တဲ့
ကျွန်တော် မမကို လွမ်းတယ်၊ လွမ်းမယ်၊ အလွမ်းဆိုတာ  တစ်ခုခုကို
လိုချင်လို့   ရည်စူးသွန်းထုထားတဲ့ အရာမှ မဟုတ်တာ ၊ ဘာရမှာမို့ 
လို့လဲလို့  မမေးပါနဲ့  မမ"
     အလွမ်း၏ သွင်ပြင်လက္ခဏါ အရာအားလုံးတော့တို့သည် လွမ်းသူ
ရင်၌တည်ပြီး  လွမ်းသူကသာ မြင်ရ၏  အလွမ်းဆိုတာ လွတ်လွပ်မှုရဲ့
သင်္ကေတ။ မမ တားလို့ ရပါဘူး၊ မေ့ လိုက်တော့လို့ ပြောလို့ရပေမယ့်
မပြောပါနဲ့  မမရယ် ။  (တကယ်ပြောတာပါ  အလွမ်းဆိုတာ  အသည်း
နှလုံးရဲ့  ကိုယ်ပိုင်ပစ္စည်း )      မမ"    ကို လွမ်းတယ်။
အွန်းလိုင်း ချစ်သူ
ခုတလောလူငယ်တွေချစ်သူထားကြတာအွန်လိုင်းပေါ်မှာပဲအွန်လိုင်းချစ်သူတွေပလူပျံအောင်တွေ့နေရတယ်
အွန်လိုင်းပေါ်မှာချစ်ပြီး ..... ခဏလေးနဲ့ကွဲ နောက်တစ်ယောက်နဲ့ထပ်ကြိုက် ... ဒါမျိုးတွေလည်း အများကြီးပါ .ဒါပေမယ့်အွန်လိုင်းမှာချစ်ခဲ့ကြပြီးလက်ထပ်တဲ့အထိဖြစ်သွားတဲ့သူတွေလည်းဒီခေတ်မှာတကယ်ရှိနေကြပြီနော် ..ဒါကို သူငယ်ချင်းတို့ ဘယ်လိုငြင်းမလဲ လူတစ်ယောက်ကပြောဖူးတယ် တစ်ယောက်ကိုမမြင်ရမတွေ့ရနဲ့ ဒီအွန်လိုင်းပေါ်မှာစာလေးရိုက်နေရတာကို “ အချစ် ” လို့ထင်နေလားတဲ့သူကအဲဒီအချစ်ကို မယုံဘူးတဲ့
လွမ်း
အလုပ်လုပ်နေရင်း ပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်မိ၏။ အပြင်လောကရှိ စိမ်းစိုနေသော သစ်တောအုပ်ကို တွေ့ရသည်။ သစ်တောအုပ်အလွန်မှာ စေတီတစ်ဆူကို လှမ်းမြင်ရ၏။ အရာဝတ္တုတွေက မျက်ဝန်းမှာ လာပေါ်ပေမယ့် စိတ်က သူမဆီ ရောက်နေသည်။ လွမ်းလို့ တွေ့မြင်ချင်လှပြီ။
ကွန်ပျူတာ သုံးနေရင်း ပျင်းပျင်းနှင့် ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် လုပ်နေမိသည်။ Photo Folder လေး တွေ့မိတော့ ဖွင့်ကြည့်မိ၏။ မိမိအတွက် ချစ်စရာ မျက်နှာလေးနဲ့ သူမပုံများစွာကို တွေ့မြင်ရသည်။ ဟန်ပန်အမှုအရာ အမျိုးမျိုးနဲ့ ရိုက်ထားသော ဓာတ်ပုံများ။ လွမ်းတဲ့စိတ်ကို ထိန်းချုပ်ရင်း အလုပ်ဆက်လုပ်မိသည်။
နေ့လည်စာ ချက်စားဖို့ မိတ်ဆွေတစ်ယောက်ကို ဈေးမှာလိုက်မိသည်။ အရင်ဆို ကြက်ဥသာ မှာတတ်ပြီး ဒီတစ်ခါတော့ အသားဟင်း မှာလိုက်မိသည်။ ဦးဆုံးအကြိမ်ပေါ့။ အသားရလာတော့ ချက်ပြုတ်နေရင်းနှင့် သူမ မျက်နှာကို ပြေးမြင်မိသည်။ သူမ ချက်ကျွေးမှုတွေကို တမ်းတမိ၏။ လွမ်းရပါသည်။
ည အိပ်ရာဝင်ခဲ့သည်။ အိပ်မပျော်သေးပဲ နဖူးပေါ် လက်တင်ထားမိသည်။ သူမ ရယ်သံလေးတွေ၊ လှုပ်ရှားမှုလေးတွေ စိတ်ကူးပုံရိပ်တွေ အစီအရီ ပေါ်လာ၏။ စိတ်ကူးတွေ ပျောက်ပျယ်မှာစိုး၍ အမိအရ စိတ်ကူးယဉ်နေမိသည်။ လွမ်းလို့ မျှော်နေမိသည်။    
အက်ဆေး
အေးမြတဲ့ ဆောင်းညမှာ တစ်ယောက်တည်း လမ်းလျှောက်ရင် သူမကို တွေးမိသည်။ ချစ်တယ် ဆိုတဲ့ စကားတွေ စိတ်ထဲက အကြိမ်တစ်ရာမက ရေရွတ်နေမိတယ်။ သူမကို တွေးလိုက်မိရင် ရင်ထဲ နွေးထွေးသွားတယ်။ မိမိအပေါ် ဒီလောက်ထိ စိုးမိုးသူ။
အလုပ်တွေ လုပ်နေရင်းနဲ့ အာရုံပျံ့လွင့်ပြီး ဆိုရင် သူမ မျက်နှာလေးက ပြေးဝင်လာ၏။ ၀င်လာသော အာရုံကို မောင်းထုတ်ဖို့ တစ်ကြိမ်တစ်ခါမှ မကြိုးစားမိ။ ကျေနပ်ကြည်နူးစွာ လက်ခံခဲ့၏။ တစ်ခဏ ခွဲခွါရပေမယ့် လွမ်းစိတ်ကတော့ အတူတူပင်။ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့် ခွဲရမှာပင် ကြောက်ရွံ့လာမိသည်။
အလွန်အေးတဲ့ ဆောင်းညမျိုးမှာတောင် မိမိခန္ဓာကိုယ်သည် သူမကို ချစ်နေတဲ့ ချစ်စိတ်များ စီးဝင်နေ၍ နွေးထွေးနေသည်။ မင်းလက်ကလေး ကိုင်ချင်လို့ သီချင်းကို သတိရမိသည်။ သူမ၏ လက်ကလေးကို နွေးထွေးစွာ ဆုပ်ကိုင်ချင်မိသည်။ 
မောင်လှမျိုး ၀တ္ထုမှ အကောင်းဆုံး ရသများ                            
Thursday 18 October 2012
အမေ့လုပ်ငန်းတွေ သားကို
အမေကခဏ လွဲထားတာလေ သားကိုယ်ပိုင် သားကိုယ်တိုင် ဦးစီးပြီးလုပ်မယ် အားကိုးရမယ်
ထင်ခဲ့လိုပေါ့နော် ခုတော့အရာရာ ငါအပြစ်တွေလား မင်း အမေတယောက်ရဲ့ ယုံကြည်မှု့ကို
အလွှဲသုန်းစားလုပ်တယ် သားက အမေအားကိုးလောက်တဲ့ သားဖြစ်မလာခဲ့ ဘူးပေါ့နော်
အလုပ်လုပ်ရတာ အဆင်မပြေလို့ ဆက်မလုပ်ချင်ဘူးဟုတ်လားသား ဘယ်အလုပ်မဆို အခက်အခဲ
ရှိတတ်ကြ တာကြည့် ပဲလေနော် အလုပ်တခုလုပ်ပါတယ်ဆိုနေမှ သားရယ်
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "
" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪
အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်
###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *