Subscribe:

Tuesday, 13 November 2012

“ အမေသို့ ”


အမေ ...
စာမလာ သတင်းမကြား
အဝေးဆီမှာ ရောက်နေရတဲ့
သားတေလေကို ခွင့်လွှတ်ပါနော် ...။

အမေ...
လွမ်းရေးထက် ဝမ်းရေးခက်မို့
အမေ့ရင်ခွင် အေးရိမ်မြုံအောက်က
ပြေးထွက်ခဲ့တဲ့ ကျွန်တော့်ရဲ့
အဖြစ်အပျက်ကို မကြည့်ရက်မှန်း
သားသိပါတယ် အမေရယ် ...။

အမေ ...
သားမရှိတဲ့ နေရပ်ရွာမှာ
တိုင်းတပါးက သားအတွက်
ရတက်မအေး ပူးဆွေးသောကနဲ့
နေ့စဉ်ရက်ဆက် လွမ်းလျက်နေတာ
သားသိပါတယ် အမေရယ် ...။

Sunday, 11 November 2012

Antivirus အလုပ်လုပ်/မလုပ် ဘယ်လိုစစ်မလဲ?

 
ကျွန်တော်တို့ ရဲ့ ကွန်ပျူတာကို Virus တွေ ၀င်ေ၇ာက်နေခြင်းကနေပြီး
အကာအကွယ်ပေးနိုင်ဖို့အတွက် အမျိုးမျိုးသော Antivirus တွေကို အသုံးပြုနေကြပါတယ်။
ကျွန်တော်တို့ အသုံးပြုနေတဲ့ Antivirus လေးကတကယ်ေ၇ာအလုပ်လုပ်၇ဲ့လားဆိုတာ
သိချင်သူများအတွက် အခုပြောတဲ့နည်းလမ်းလေးအတိုင်း စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။

ရင်ထဲမှပဲ ချစ်နေပါရစေ.......



ဂျူတီကုတ်အဖြူရောင်လေးကို ၀တ်ဆင်ပြီး ကျွန်တော်မှန်ရှေ့တွင် ရပ်လိုက်သည်။  ကျွန်တော့်ရဲ့ ဖြူဝင်းသော အသားဟာ ဒီကုတ်လေးနဲ့ အလွန်လိုက်ဖက်နေပြီး နားကြပ်ကလေးနှင့် ကျွန်တော်ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ပြီ။ ကျွန်တော် အတက်ချီကေ့စ်လေးကို ဆွဲပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည်။ ကျွန်တော့်ရဲ့ ကားပြာလေးကို ဖြေးညင်းစွာ မောင်းနှင်ရင်း ကျွန်တော်တာဝန်စကျမည့် ဆေးရုံသို့ ထွက်ခွာလာခဲ့သည်။ ကားကို ကမ်းရိုးတန်းလမ်းအတိုင်းမောင်းနှင်လာရင်း ပင်လယ်လေကို တ၀ရှူမိသည်။ ကြည်လင်ပြာနှမ်းနေသော ပင်လယ်ပြင်ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ ဆို့နှစ်မိသည်။ အလွမ်းတွေက နှလုံးသားဆီသို့ ဦးတည်လာပြန်ပြီလား...။

ကျွန်တော့်အာရုံမှာ မျက်ရည်စတွေနဲ့ နွယ့်ကို ပြန်မြင်ယောင်လာသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မြန်မာနိုင်ငံရဲ့ နယ်မြို့လေးတစ်မြို့မှာပေါ့.....။

Saturday, 10 November 2012

အချစ်ဆိုသော.



ဖျတ်ကနဲ စိမ်းလာသော သူ့နစ်လေးကို မြင်လိုက်တော့ ခိုင်မဲ့ကနဲ ပြုံးလိုက်သည်။  

`မင်္ဂလာပါရှင်။ ရှင်ဒီနေ့လာတာ စောသားပဲ..။ ကျွန်မလည်း စောစောပြန်ရောက်တာနဲ့ ရှင့်ကိုစောင့်နေတာ`

`အဟား..။ ခင်ဗျားက ကျွန်တော့်ကို တိတ်တိတ်လေးမျှော်နေပုံပဲ..။  ကျွန်တော်လည်း ဒီနေ့ သွားစရာလေးတွေ ရှိနေတာနဲ့ ကြာသွားတယ်..။ ဒီအချိန်လောက်ဆို ခင်ဗျားညစာစားပြီးလောက်ရောပေါ့...။  ကျွန်တော်တစ်ယောက်တည်း စားရတော့မယ့်ပုံပဲ... ။ `

Wednesday, 7 November 2012

"' ဆိတ်ကွယ်ရာ အရပ်မရှိသော...""

ကျွန်တော်ဟာ တကယ်ပဲ တဘ၀လုံးပျက်သုဉ်းသွားပြီလား ဆိုတာကို ဘယ်လိုမှ စဉ်းစားလို့ မရတော့ပါ။ သေချာတာကတော့ အရှက်တွေနဲ့ ခေါင်းမဖော်နိုင်အောင် ခံစားနေရတာပါပဲ... 

ဝသန်



ဝသန်ဆိုတဲ့ ကျွန်တော့်မှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်။ `သီဟ` လို့ခေါ်တဲ့ သူနဲ့ ၀သန်ဆိုတဲ့ ကျွန်တော်တို့ဟာ ဟိုးငယ်ငယ်လေးကတည်းက ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းတွေပေါ့..။ အိမ်နီးနားချင်း တဖြစ်လည်း မိသားစုချင်းရင်းနှီးကာ သူငယ်တန်းမှ ဆယ်တန်းအထိလည်း အတူတူကျောင်းတက်ဖက် ဖြစ်ခဲ့သည်။  ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ဦးတည်းသော သားများဖြစ်နေခြင်းက ကျွန်တော်တို့ကြားက ချစ်ခြင်းကိုပိုပြီး ခိုင်မာစေခဲ့လေသလား...။ ညီအစ်ကိုအရင်းလို ချစ်ခင်ရင်းနှီးခဲ့ကြလေသည်..။

'''အလိုချင်ဆုံးဖြစ်ခဲ့သော မလိုချင်မှု '''


`ကလင်..ကလင်...ကလင်....`


ဆူညံစွာ ထွက်ပေါ်လာတဲ့ နှိုးစက်ကြောင့် ကျွန်တော်စိတ်တိုသွားသည်။  မျက်လုံးကို မဖွင့်သေးပဲ နှိုးစက်ကို ပိတ်လိုက်ရင်း စောင်ကို ခေါင်းမြီးခြုံကာ ပြန်အိပ်မည်အလုပ် ခြေသံများက အခန်းတံခါးကို ဖွင့်လာဝင်ရောက် လာကြသည်..။


`မင်္ဂလာနံနက်ခင်းပါ။ အခု နံနက် ၆ နာရီထိုးပြီဖြစ်လို့ အိပ်ရာထပါတော့..။ မျက်နှာသစ် အိမ်သာတက်၊ ရေချိုးချိန် ၄၅ မိနစ်ကွက်တိရပါတယ်။ ၇ နာရီထိုးခါနီး ၅ မိနစ်အလိုမှာ နံနက်စာကို သုံးဆောင်ပြီး ၇ နာရီခွဲမှာ စတူဒီယိုကို ထွက်ခွာရပါမယ်...။ ..... ..... .... ..`

'' ချစ်သူရဲ့ တံတိုင်း ''

ရက်တွေ လတွေ အလီလီပြောင်းလာခဲ့ပေမယ့် သူမကို ကျွန်တော်ချစ်နေဆဲ ဖြစ်ပါသည်။ သူမကလည်း ကျွန်တော့်ကို ချစ်နေဆဲ ဖြစ်သည်။ ကျွန်တော်တို့သည် သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ပါသည်။


(၁)

သူမကို ကျွန်တော်ခဏခဏ မေးဖြစ်ခဲ့တဲ့ စကားလေး ရှိပါသည်။

`ငယ်.. မောင့်ကို ဘယ်တုန်းက ချစ်ခဲ့တာလဲ` လို့ပါ။ အဲဒီအခါ သူမက မျက်စောင်းလှလှလေးထိုးလို့...

`မောင်.. ငယ့်ကို သတိမထားခင်ကတည်းက ချစ်ခဲ့တာပါ` လို့ ဂုဏ်ယူစွာဖြေပေမယ့် ကျွန်တော်ကလည်း

`ဟားဟား... လူညာမလေး... ငယ်သာ မောင့်ကို မသိခင်ကတည်းက မောင်က ချစ်နေရသူပါကွယ်... ` လို့ အနိုင်မခံအရှုံးမပေး ပြန်ပြောတတ်ပါသည်။
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

" ♪ မိမိတို့အမြင်လေးကို{ Here }ပို့ပေးခဲ့နိုင်သလို၊ စာပေ ၊ နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♪


အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန် နေရာ
ဖုန်းနံပါတ်

###
-
###
-
####
အကြံပြု/ဝေဖန်ချက်/တောင်းဆိုချက် *